ဘေယန်မြူးနစ် ကတော့ မနေ့ညက ဂျာမန် စူပါဖလား ပြိုင်ပွဲမှာ စတုဂတ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ချန်ပီယံ တို့ဟာ တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ တောင်ပံ ကစားသမားသစ် လူးဝစ္စ ဒီးယက်ဇ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ဂျာမန် စူပါဖလားမှာ စံချိန်တင် ဗိုလ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။
နှစ်သင်းစလုံးက ၄-၂-၃-၁ အခင်းအကျင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီးတော့ စတုဂတ် ဘက်မှာ ချာဘော့တ်၊ မစ်တဲလ်စတတ်ဒ်၊ လီဝဲလ်လင်း၊ အန်ဒက်ဗ်၊ ဖူးလ်ရစ်ချ်နဲ့ ဝေါလ်တီမိတ်ဒ် တို့ ပါဝင်ခဲ့ပါတယ်။ ဘေယန်မြူးနစ် ဘက်မှာတော့ ဟယ်ရီကိန်း ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ လူးဝစ္စ ဒီးယက်ဇ်၊ ဂနာဘရီ၊ အိုလစ်ဆီ၊ ဂိုရက်ဇ်ကာ၊ ကင်မစ်ချ်၊ စတန်နီဆစ်၊ တာ့ရ်၊ အူပါမီကာနို၊ လိုင်မာ၊ နော်အာ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။
ပွဲစကတည်းက ဘေယန်မြူးနစ်က ပြိုင်ဘက် ခံစစ်ကို စနစ်တကျ ထိုးဖောက်ဖို့ ကြိုးစားခဲ့ပြီး ထိရောက်တဲ့ တိုက်စစ်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ပွဲချိန် ၁၈ မိနစ် မှာတင်ပဲ စတုဂတ် နောက်ခံလူ ဂျာကွက်ဇ်ရဲ့ အမှားကနေ ဟယ်ရီကိန်းက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် စတုတ်ဂတ်က Long Ball တွေကို အားကိုးပြီး တိုက်စစ်ဆီ တိုက်ရိုက် ပံ့ပိုးဖို့ ကြိုးစားခဲ့ပေမယ့် အဆုံးသတ် အားနည်းမှုတွေကြောင့်တော့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်း ပွဲပြန်စချိန် မှာတော့ စတုဂတ် တို့ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဦးဆောင်ဂိုး ထပ်ရခဲ့တာ ကတော့ ဘေယန်မြူးနစ်ပဲ ဖြစ်ပြီး ပွဲချိန် ၇၇ မိနစ်မှာ ဂနာဘရီရဲ့ ကန်တင်ပေးပို့မှု ကနေ လူးဝစ္စ ဒီးယက်ဇ်က ခေါင်းတိုက် အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။

စတုဂတ် အတွက် တစ်လုံးတည်းသော ချေပဂိုးကို လီဝဲလ်လင်းက ၉၀+၃ မိနစ်မှာ သွင်းယူပေးခဲ့ပေမယ့် ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ဘေယန်မြူးနစ်တို့ အနိုင်ရသွားခဲ့ပါတယ်။ လူးဝစ္စ ဒီးယက်ဇ် ကတော့ လစ်ဗာပူးလ် ကနေ ပြောင်းရွှေ့ကြေး ပေါင် ၆၅.၅ သန်း၊ ၄ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဂျာမန်မြေမှာ ဆုဖလား အောင်ပွဲနဲ့ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လူးဝစ္စ ဒီးယက်ဇ် အနေနဲ့ ဂိုးသွင်းပြီးနောက် ကွယ်လွန်သူ လစ်ဗာပူးလ် အသင်းဖော်ဟောင်း ဒီယိုဂို ဂျိုတာရဲ့ အောင်ပွဲခံဟန် အတိုင်း အောင်ပွဲခံကာ ဂုဏ်ပြုခဲ့ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်ရဲ့ ဂိုးသွင်းစက် ဖြစ်တဲ့ ဟယ်ရီကိန်း ကလည်း ရာသီသစ်ကို သွင်းဂိုးနဲ့ စတင် ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ် ကတော့ ၂ နှစ်ကြာ ဝေးကွာနေတဲ့ ဂျာမန် စူပါဖလားကို ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပြီးတော့ စံချိန်တင် ၁၁ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ စတုဂတ် အတွက် ကတော့ နှစ်ပေါင်း များစွာ ဝေးကွာနေတဲ့ ဂျာမန် စူပါဖလားနဲ့ အနီးစပ်ဆုံး အခြေအနေထိ ရောက်ခဲ့ပေမယ့် ခံစစ်ပိုင်း အားနည်းချက်တွေကြောင့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။နှစ်သင်းစလုံး ကတော့ လာမယ့် တစ်ပတ်မှာ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁ ကို စတင် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီးတော့ စတုဂတ်က ယူနီယံ ဘာလင်၊ ဘေယန်မြူးနစ်က လိုက်ပ်ဇစ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.