မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့် ပွဲစဉ်မှာတော့ မန်ချက်စတာစီးတီးက ဝုဗ်ကို ၄-ဝ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ ဒီနွေရာသီမှာ မန်ချက်စတာကို ပြောင်းရွှေ့လာခဲ့တဲ့ တီဂျန်နီ ရီအင်ဒါက အသင်း အတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး ချီးကျူးမှုတွေလည်း ခံနေရပါတယ်။ ဒီထဲမှာ ပပ် ဂွါဒီယိုလာလည်း အပါအဝင် ဖြစ်ပြီး မန်ချက်စတာစီးတီး နည်းပြက သူ့ရဲ့ ကစားသမားသစ်ဟာ မယုံနိုင်လောက်စရာ ခေါ်ယူမှုကြီး ဖြစ်ကြောင်း ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
ဒီနွေမှာ အေစီမီလန် ကနေ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့လာတဲ့ နယ်သာလန်သားဟာ မနေ့က ပွဲစဉ်မှာ ပွဲဦးထွက် အဖြစ် ပါဝင်ကစားခွင့် ရရှိခဲ့ပေမယ့် ၁ ဂိုး သွင်း၊ ၁ ဂိုး ဖန်တီးပြီး အသင်းနဲ့ ခပ်မြန်မြန် အသားကျခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ ရီအင်ဒါက မိနစ် ၉၀ ပြည့် ပါဝင်ကစားသွားခဲ့ပြီး ဂိုးပေါက် ကန်ချက် ၃ ကြိမ်မှာ သွင်းဂိုး ၁ ဂိုး ရခဲ့သလို ဟာလန်းရဲ့ တတိယမြောက် သွင်းဂိုး အတွက်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ ရီအင်ဒါနဲ့ ပတ်သတ်လို့ ပွဲအပြီး BBC Sport နဲ့ အင်တာဗျူးမှာ ပပ် ဂွါဒီယိုလာက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ဒီနေ့ တစ်ပွဲထဲတင် မဟုတ်ပါဘူး။ ပါလာမိုနဲ့ (ရာသီကြို ခြေစမ်းပွဲ) ပွဲတုန်း ကလည်း သူ တကယ် ကောင်းခဲ့ပါတယ်။ သူက ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ လိုအပ်နေတဲ့ ကစားသမား ပုံစံမျိုးပါပဲ။ ကျွန်တော်တို့ အတွက် မယုံနိုင်လောက်စရာ ခေါ်ယူမှုကြီး တစ်ခုပါ။” လို့ ဆိုပါတယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှု၊ ကွင်းလယ် ခံစစ်နေရာ ကနေ နေရာ အများကြီးကို လွှမ်းခြုံနိုင်မှု ပြီးတော့ ဘောလုံးနဲ့ အတူ ထိန်းချုပ် ကစားပုံနဲ့ လှုပ်ရှားမှုတွေက အရမ်း ကောင်းပါတယ်။ နောက်ပြီး ဂိုးရဖို့ နောက်ကနေ ပြေးဝင်ဖို့ ကြိုးစားတတ်သေးတယ်။ သူ့အတွက် တကယ်ကို ဝမ်းသာပါတယ်။”လို့ ဂွါဒီယိုလာက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ ဝုဗ်ကို အနိုင်ရခဲ့တဲ့ ပွဲမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်း အနေနဲ့ ၂ ဂိုး သွင်းခဲ့သလို ကစားသမားသစ်တွေ ဖြစ်တဲ့ ရီအင်ဒါနဲ့ ချာကီ တို့ကလည်း တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါတောင် မန်စီးတီးက အီဒါဆင်၊ ဖိုဒန်၊ ရိုဒရီ၊ ဂဗာဒီယိုလ်၊ ကိုဗာချစ်၊ ဆာဗင်ဟို တို့လို ကစားသမားတွေ မပါဝင်ခဲ့သလို မားသီးယက်စ် နူနက်စ်၊ အိုမာ မာမွတ်ရှ် တို့လို ကစားသမားတွေ ကလည်း အရံခုံမှာသာ ရှိခဲ့ပါတယ်။ လက်ရှိ မန်စီးတီးရဲ့ ပြီးပြည့်စုံတဲ့ နိုင်ပွဲနဲ့ အတူ ပြီးပြည့်စုံနေတဲ့ ခြေစွမ်းကြောင့် ဘောလုံး ပရိသတ် တော်တော်များများက စီးတီးတို့ ဒီရာသီမှာ ပြန်လာပြီလို့ သုံးသပ်နေကြပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီက ပပ် ဂွါဒီယိုလာ လက်ထက် အဆိုးရွားဆုံး ရာသီတွေ ထဲက တစ်ခုကို ဖြတ်သန်းခဲ့ရပြီးနောက် အခုနှစ် ဘောလုံးရာသီကို ကစားသမားသစ် များစွာနဲ့ အသင်းကို ပြန်လည် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လက်ရှိ အချိန် မှာတော့ နယ်သာလန် လက်ရွေးစင် ရီအင်ဒါ ကတော့ ပြီးခဲ့တဲ့ ရာသီက မန်စီးတီးတို့ အားနည်းခဲ့တဲ့ ကွင်းလယ်ပိုင်း အတွက် အကောင်းဆုံး ခေါ်ယူမှု တစ်ခုလို့ပဲ ဆိုရပါမယ်။ မန်စီးတီးက ဒီလို Clean Sheet နိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို စတင် ဦးဆောင်လိုက်ပြီး လာမယ့် တစ်ပတ် မှာတော့ စပါးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂွါဒီယိုလာနဲ့ ရီအင်ဒါ တို့က သူတို့ရဲ့ ရာသီအစ ခြေစွမ်းကောင်းတွေကို လာမယ့် စနေနေ့မှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီက အက်တီဟတ်ကွင်းမှာ စပါးကို ၄-၀ ရလဒ်နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.