နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်ကို အနိုင်ယူဖို့ ပြင်ဆင်ထားတယ် ဆိုတဲ့ ရူဘင် အမော်ရင် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ကတော့ ဒီကနေ့ညမှာ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့် ပွဲစဉ် အဖြစ် အစဉ်အလာ ပြိုင်ဘက် အာဆင်နယ်ကို အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် မှာတော့ နည်းပြ ရူဘင် အမော်ရင်က သူတို့ အသင်းက ရာသီသစ် အတွက် အဆင်သင့် ဖြစ်နေပြီး အာဆင်နယ်ကို အနိုင်ယူဖို့ ပြင်ဆင်ထားတယ်လို့ ကြုံးဝါး ပြောဆိုခဲ့ပါတယ်။

အများစု က‌တော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ရေပန်းအစားဆုံး ၃ သင်းထဲမှာ ပါဝင်နေတဲ့ အာဆင်နယ်နဲ့ တွေ့ဆုံမှုမှာ ရလဒ် မကောင်းနိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမော်ရင်က ထင်ကြေးတွေနဲ့ ဆန့်ကျင်ပြီး အာဆင်နယ်ကို အနိုင်ယူဖို့ အသင့် ရှိနေကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။ အမော်ရင်က “ဘောလုံးရာသီ အတွက် ကျွန်တော်တို အဆင်သင့် ဖြစ်နေပါပြီ။ ရာသီကြိုကာလမှာ ကျွန်တော်တို့ ကောင်းကောင်း ပြင်ဆင်ထားနိုင်ခဲ့ပါတယ်။ ရာသီကြိုက ရာသီကြိုပါပဲ။ ကျွန်တော်တို့ အခုပဲ စတင်ရမှာ ဖြစ်ပြီး ရုန်းကန်ရတာလည်း ရှိလာပါမယ်။ ဒါပေမဲ့ တနင်္ဂနွေနေ့မှာ ကျွန်တော်တို ဘာတွေ မြင်ရမလဲ။ ပြီးတော့ ကျွန်တော်တို့ တိုးတက်ဖို အလုပ်လုပ်ရပါမယ်။ အဲဒီနောက် ရာသီအတွင်း တိုးတက်မှု ရဖို့ပေါ့။ ဒါပေမယ့် အာဆင်နယ်နဲ့ ပွဲမှာ အနိုင်ယူဖို့ ပြင်ဆင်ထားပါတယ်။ အဲဒါက တစ်ခုတည်းသော အကြောင်းအရာပါပဲ။” လို့ အမော်ရင်က ပြောကြားခဲ့ပါတယ်။

တစ်ဖက် မှာလည်း အမော်ရင်က ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်ဟာ ပြိုင်ဘက်တွေ အတွက် ကြောက်စရာ ကောင်းတဲ့ နေရာ တစ်ခု မဟုတ်တော့ ကြောင်း ဝန်ခံ ပြောကြားသွားခဲ့ပါသေးတယ်။ ဒါပေမယ့် အမော်ရင်က အသင်းရဲ့ ကစားပုံနဲ့ ရလဒ်တွေနဲ့ အတူ ပရိသတ်တွေ အတွက် ပျော်စရာ ကောင်းတဲ့ နေရာ တစ်ခု အဖြစ် ပြန်လည် ပြောင်းလဲပေးသွားမယ်လို့ ကတိပေးသွားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၁၈ ပွဲ အထိ ရှိခဲ့ပြီး အိုးထရက်ဒ် မှာတော့ ၉ ပွဲ အထိ ရှုံးနိမ့်ခဲ့ပါတယ်။
မနှစ်က အိုးထရက်ဖို့ဒ်မှာ အိမ်ကွင်း ရှုံးပွဲ ၉ ပွဲအထိ ရှိခဲ့တဲ့ ယူနိုက်တက်

အမော်ရင်က “ကျွန်တော်တို့ အိုးထရက်ဖို့ဒ်ကို ပရိသတ်တွေ အတွက် ပျော်စရာကောင်းတဲ့ နေရာ တစ်ခု ဖြစ်အောင် ပြန်လုပ်ရပါမယ်။ ဒါက အရမ်း အရေးကြီးတယ်။ ကျွန်တော်တို့ အာဆင်နယ်လို အသင်းကောင်း တစ်သင်းနဲ့ ရာသီကို စတင်ရမှာပါ။ အခု ဒီအခန်းထဲက လူတိုင်းက အာဆင်နယ် နိုင်မယ်လို့ ထင်နေကြတယ်။ ကျွန်တော် သိပါတယ်။ ဒါပေမယ် အဲ့ဒီအထင်ကို ပြောင်းပြန်လှန်ပစ်ဖို့ ကျွန်တော်တို့ ရှိနေမှာပါ။”လို့ ဆိုပါတယ်။ ဆက်လက်ပြီး “ဒါက ကစားသမားတွေတင်မကဘူး ပရိသတ်တွေနဲ့လည်း သက်ဆိုင်ပါတယ်။ ဖီအိုရင်တီးနားနဲ့ ခြေစမ်းပွဲမှာတောင် ပရိသတ်တွေက နည်းနည်းလေး စိတ်လှုပ်ရှားနေတာကို ခံစားမိပါတယ်။ အဲဒီ ခံစားချက်ကို တစ်ရက်တည်း တစ်ပွဲတည်းနဲ့ ပြောင်းလဲလို့ မရနိုင်ပါဘူး။ ဒါက ကျွန်တော်တို့ အားလုံး အတူတူ တိုက်ပွဲဝင်ရမယ့် ခံစားချက်မျိုးပါ။ ကစားသမား နည်းပြ ပရိသတ် အားလုံး အတူတူ အရာအားလုံးကို ပြောင်းလဲသွားမှာပါ။ အသင်းကောင်း တစ်သင်း ဖြစ်ချင်တယ် ဆိုရင် အိမ်ကွင်းမှာ နိုင်ပွဲတွေ ရဖို့ အရမ်းပဲ အရေးကြီးပါတယ်။” လို့ အမော်ရင်က ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၁၈ ပွဲ အထိ ရှိခဲ့ပြီး အိုးထရက်ဒ် မှာတော့ ၉ ပွဲ အထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီလို နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံး ရာသီ အဖြစ် ဖြတ်သန်းခဲ့ရတဲ့ ယူနိုက်တက်က ဒီရာသီမှာတော့ ပုံစံကောင်း ပြန်ရဖို့ ကြီးမားတဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ တိုက်စစ်ပိုင်း တစ်ခုထဲ အတွက် ပေါင် သန်း ၂၀၀ ကျော် သုံးစွဲထားသလို လေ့ကျင့်ရေးကွင်း၊ ကစားသမားတွေရဲ့ စိတ်နေစိတ်ထား အပါအဝင် တခြားသော နေရာစုံမှာ ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ဒီလို ပြင်ဆင်မှုတွေကြောင့် နည်းပြ ရူဘင် အမော်ရင် အနေနဲ့ ဖိအားများစွာနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပြီး ဒီကနေ့ည အာဆင်နယ်နဲ့ ကစားရမယ့် အဖွင့် ပွဲစဉ်က တော်တော်လေးကို အရေးကြီးနေပါတယ်။ ဒီပွဲမှာ ယူနိုက်တက် အနေနဲ့ ရလဒ်ကောင်း တစ်ခု ရှာတွေ့သွားနိုင်မလား ဆိုတာ ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်