နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကတိဖောက်ဖျက်တဲ့ နယူးကာဆယ် အပေါ် ယုံကြည်မှု ပျောက်ဆုံးနေတဲ့ အလက်ဇန္တား အိဆက်ခ် | ပရီးမီးယားလိဂ်

အလက်ဇန္တား အိဆက်ခ် ကတော့ သူ့ကို အသင်း ပြောင်းခွင့်မပေးတဲ့ နယူးကာဆယ်ယူနိုက်တက်ကို တော်တော်လေး မကျေမနပ် ဖြစ်နေပါတယ်။ အိဆက်ခ်က ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီးတော့ အခုဆိုရင် နယူးကာဆယ်က ‘ကတိဖောက်ဖျက်တယ်’ လို့ပါ ပြောဆိုလာခဲ့ပြီ ဖြစ်ပါတယ်။

အလက်ဇန္တား အိဆက်ခ်ဟာ မနေ့က ကျင်းပခဲ့တဲ့ PFA ဆုချီးမြှင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ခြင်း မရှိပဲ သူ့ရဲ့ လက်ရှိ ကလပ် နယူးကာဆယ်ရဲ့ လုပ်ရပ် အပေါ် ကြေညာချက် တစ်ခု ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။ အိဆက်ခ်ဟာ သူ့ရဲ့ လူမှုကွန်ယက် အကောင့် ကနေ တဆင့် PFA အကောင်းဆုံး အသင်းမှာ ရွေးချယ်ခံရတဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောကြားပြီးနောက် နယူးကာဆယ်က ကတိဖော်ဖျက်ခဲ့ကြောင်း ထုတ်ပြန်ချက် တစ်ခုကို တင်ခဲ့တာပါ။ အိဆက်ခ်ရဲ့ အင်စတာဂရမ် စာမျက်နှာက ထုတ်ပြန်ချက်ထဲ မှာတော့ “၂၀၂၄-၂၀၂၅ PFA ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ကစားသမားတွေရဲ့ အသိအမှတ်ပြုခြင်းခံရတဲ့ အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ပထမဆုံး အနေနဲ့ ကျွန်တော့်ကို အမြဲအားပေးခဲ့တဲ့ အသင်းဖော်တွေနဲ့ နယူးကာဆယ်က လူအားလုံးကို ကျေးဇူးတင်ပါတယ်။”

“ဒီည ဆုပေးပွဲကို ကျွန်တော် တက်ရောက်မှာ မဟုတ်ပါဘူး။ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် အဲ့ဒီနေရာမှာ ရှိနေတာ မမှန်ကန်ဘူးလို့ ခံစားရလို့ ဖြစ်ပါတယ်။ တခြားသူတွေက စကားပြောဆိုနေကြချိန်မှာ ကျွန်တော် အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့ရပါတယ်။ အဲ့ဒီလို တိတ်ဆိတ်နေခဲ့တာက တံခါးပိတ် ဆွေးနွေးမှုတွေမှာ တကယ်တမ်း သဘောတူ ပြောဆိုခဲ့တာတွေ ရှိပေမယ့် သူတို့ကို ကိုယ်ပိုင် ဇာတ်လမ်း ရေးဖို့ တွန်းအားပေးသလို ဖြစ်ခဲ့ပါတယ်။ အဖြစ်မှန် ကတော့ ကတိတွေ ပေးခဲ့ပြီးမှ ကလပ်က ကျွန်တော့်ရဲ့ ရပ်တည်ချက်ကို အချိန်အကြာကြီး ဆွဲထားပါတယ်။ အခုမှ ဒီကိစ္စတွေက ပေါ်ပေါက်လာသလိုမျိုး ပြုမူနေတာက အထင်အမြင်တွေကို လွဲမှားစေပါလိမ့်မယ်။ ကတိတွေ ပျက်ပြီး ယုံကြည်မှုတွေ ပျောက်ဆုံးသွားတဲ့ အခါမှာ ဆက်ဆံရေးက ရှေ့ဆက်လို့ မလွယ်တော့ပါဘူး။ ဒါက လက်ရှိ ကျွန်တော့်ရဲ့ အခြေအနေပါပဲ။ ဒါကြောင့် အပြောင်းအလဲ လုပ်ဖို့က ကျွန်တော့် အတွက်တင် မဟုတ်ဘဲ အားလုံးအတွက် အကောင်းဆုံး အကျိုးစီးပွား ဖြစ်စေမှာပါ။” လို့ အီဆက်ခ်က ရေးသားခဲ့တာ ဖြစ်ပါတယ်။

အိဆက်ခ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အက်စတွန်ဗီလာနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီအဖွင့် ပွဲစဉ် အတွက် ပွဲထွက်လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရပါတယ်။
အိဆက်ခ် အတွက် ပေါင် သန်း ၁၅၀ အလို ရှိနေတဲ့ နယူးကာဆယ်

အိဆက်ခ်ဟာ လက်ရှိ နွေရာသီ အပြောင်းအရှေ့ ကာလ တလျှောက်လုံး နယူးကာဆယ် စိန့်ဂျိမ်းပါ့ခ် ကနေ ထွက်ခွာဖို့ သတင်းကြီးနေသူ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံတွေဆီ ပြောင်းရွှေ့ ကစားခွင့်ရဖို့ အခက်အခဲတွေ ရှိနေပြီး ငှက်ကြားတွေ ဘက်ကလည်း လုံးဝ အလျှော့မပေးတာ တွေ့ရပါတယ်။ အသက် ၂၅ နှစ် အရွယ် တိုက်စစ်မှူးဟာ လက်ရှိမှာ အက်ဒီဟောင်းဝ်ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ ကနေ ဖယ်ရှားခံထားရပြီး တစ်ဦးတည်း လေ့ကျင့်နေရပါတယ်။ အိဆက်ခ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အက်စတွန်ဗီလာနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီအဖွင့် ပွဲစဉ် အတွက် ပွဲထွက်လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရပါတယ်။ 

နယူးကာဆယ် ဘက်ကတော့ အိဆက်ခ်ရဲ့ ထုတ်ပြန်ချက်ကို စိတ်ပျက်မိကြောင်း ပြန်လည် တုန့်ပြန်ထားတာလည်း မြင်တွေ့ရပါတယ်။ အိဆက်ခ်ရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ နည်းပြ ဖြစ်သူ အက်ဒီဟောင်းဝ် ကတော့ ပါးနပ်စွာ ဖြေကြားမှုတွေ ပြုလုပ်ထားပါတယ်။ လစ်ဗာပူးလ် ဘက်ကတော့ အိဆက်ခ်ရဲ့ အပြောင်းအရွှေ့ အတွက် တစ်ပတ်လောက်ပဲ ဆက်ပြီး အချိန်ယူတော့မယ့် အခြေအနေမျိုး မြင်တွေ့နေရပါတယ်။ ဒါကြောင့် အိဆက်ခ် အနေနဲ့ သူ့ရဲ့ အိမ်မက် ကလပ် ဖြစ်တဲ့ လစ်ဗာပူးလ်ကို ပြောင်းရွှေ့သွားနိုင်မလား။ ဒါမှမဟုတ် ခံစားချက်တွေကို မြိုသိပ်ရင်း စိန့်ဂျိမ်းစ်ပါ့ခ် မှာပဲ ဆက်ရှိနေရတော့မလား ဆိုတာ မကြာခင်မှာ အဖြေပေါ်တော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်