နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကမ္ဘောဒီးယား ကလပ်ကို သုဝဏ္ဏမှာ ရှုံးကြွေးဆပ်ရမယ့် ရှမ်းယူနိုက်တက် | မြန်မာနေရှင်နယ်လိဂ်

မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရှမ်းယူနိုက်တက် အသင်း ကတော့ ၂၀၂၅-၂၀၂၆ ရာသီ အာဆီယံ ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စု ပထမပွဲ အဖြစ် ဒီကနေ့မှာ ကမ္ဘောဒီးယားကလပ် ဆဗေး ရီယန် အသင်းနဲ့ ယှဥ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက် အနေနဲ့ အိမ်ကွင်း ပွဲစဉ် အဖြစ် ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယနေ့ ညနေ ၆ နာရီ ဆဗေး ရီယန်ကို ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်ဟာ ဒီပြိုင်ပွဲရဲ့ Qualifying Round မှာ လာအို ကလပ် အက်ဇ်ရာအက်ဖ်စီကို နှစ်ကျော့ပေါင်း ၃-၁ ရလဒ်နဲ့ အနိုင်ယူပြီး အုပ်စု အဆင့်ကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ 

ရှမ်းယူနိုက်တက်ဟာ ဒီရာသီ အာဆီယံ ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စု (B) မှာ ထိုင်းကလပ် ဘန်ကောက် ယူနိုက်တက်၊ မလေးရှား ကလပ် ဂျိုဟိုး ဒါရူလ်းတာ၊ ဗီယက်နမ် ကလပ် နမ်ဒင်း အက်ဖ်စီ၊ စင်ကာပူ ကလပ် လိုင်းယွန်းစီးတီး ဆေလ်လာ၊ ကမ္ဘောဒီးယား ကလပ် ဆဗေး ရီယန် တိုနဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့ပါတယ်။ ရှမ်းယူနိုက်တက်ဟာ ကမ္ဘောဒီးယား၊ ဗီယက်နမ် ကလပ်တွေနဲ့ ပွဲစဉ်တွေကို အိမ်ကွင်း ဧည့်ခံ ကစားရမှာ ဖြစ်ပြီးတော့ ထိုင်း၊ မလေးရှား၊ စင်ကာပူ ကလပ်တွေနဲ့တော့ အဝေးကွင်းမှာ သွားရောက် ယှဥ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကို အုပ်စု ပတ်လည် တစ်ကျော့သာ ကျင်းပမှာ ဖြစ်ပြီးတော့ အုပ်စု တစ်ခုချင်းစီက ထိပ်ဆုံး ၂ သင်းဟာ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနေရှင်နယ်လိဂ် ချန်ပီယံတို့ အနေနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ အတွက်တော့ တော်တော်လေး ရုန်းကန်ရဖွယ် ရှိနေပါတယ်။ ရှမ်းယူနိုက်တက် အတွက် အခု အဖွင့် ပွဲစဉ်နဲ့ ဗီယက်နမ် ကလပ် နမ်ဒင်း တို့နဲ့ ပွဲတွေက အိမ်ကွင်း အားသာချက်နဲ့ ကစားရမှာ ဖြစ်ပေမယ့် ရသလောက် အမှတ်ယူနိုင်ဖို့ လိုအပ်ပါတယ်။ 

ဒီနေ့မှာ တွေ့ဆုံရမယ့် ကမ္ဘောဒီးယား ကလပ် ဆဗေး ရီယန်ဟာ ပြီးခဲ့တဲ့ ရာသီက အာဆီယံ ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စု အဆင့်မှာ ရှမ်းယူနိုက်တက်ကို ၄-၂ ရလဒ်နဲ့ အနိုင်ယူထားတဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိ မှာတော့ မြန်မာနေရှင်နယ်လိဂ် ကလပ်က ပုံစံကောင်း ပြန်ရနေတာကြောင့် ဆဗေး ရီယန်ကို အိမ်ကွင်းမှာ ရှုံးကြွေး ပြန်ဆပ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။

ရှမ်းက ဒီပွဲ ပြီးရင်တော့ လာမယ့် ဒီဇင်ဘာ ၄ ရက်နေ့မှ ၂၀၂၃-၂၀၂၄ ဗီလိဂ် ချန်ပီယံ နမ်ဒင်းနဲ့ ကစားရမှာ ဖြစ်ပြီး လိုင်းယွန်းစီးတီး၊ ဂျိုဟိုး ဒါရူးလ် တာဇင်မ်၊ ဘန်ကောက်ယူနိုက်တက် တို့နဲ့ ဆက်လက် ကစားရမှာပါ။ ဒီပွဲ အတွက်လည်း ရှမ်းယူနိုက်တက်က ကြည့်ရှုမယ့် ပရိသတ်တွေ အတွက် အရင် ပွဲတွေလိုပဲ လက်မှတ် အခမဲ့ စီစဉ်ပေးထားပြီး လာရောက် အားပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒီပွဲနဲ့ ပတ်သတ်လို့ ရှမ်းယူနိုက်တက် နည်းပြချုပ် ဟီရိုကီ အိုနို ကတော့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ပြောကြားထားပါတယ်။ “မနက်ဖြန်ပွဲက မလွယ်ကူပါဘူး။ ပွဲကို သေချာ ချဉ်းကပ် ကစားရမှာပါ။ ပြီးခဲ့တဲ့နှစ်က အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး ဒီနှစ်မှာ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ပြိုင်ဘက် အသင်းက မနှစ်ကထက် ပိုပြီး ယှဉ်ပြိုင် ကစားရခက်ပါလိမ့်မယ်။” လို့ ဟီရိုကီ အိုနိုက ဆိုပါတယ်။ အဲဒီနောက် အသင်းခေါင်းဆောင် နန္ဒကျော် ကလည်း “ကျွန်တော် တို့က ပြီးခဲ့တဲ့နှစ်ကထက် ရလဒ်ရော၊ ကစားပုံရော အများကြီး တိုးတက်လာအောင် ပြင်ဆင်ထားတယ်။ မနှစ်ကထက် ပိုပြီးကောင်းအောင် ကစားသမားတွေရော၊ နည်းပြတွေရော သေချာ ကြိုတင် လေ့ကျင့် ပြင်ဆင်ထားပါတယ်။ ဒီနှစ်မှာ ဥက္ကဌ ကိုယ်တိုင် ကလည်း သေချာ အားထည့်ပြီး ပြင်ဆင်ထားတဲ့ အတွက် ရလဒ်ကောင်းတွေ ရဖို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်