မန်ချက်စတာစီးတီး – တော့တင်ဟမ်ဟော့စပါး
ဒီပွဲ ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂ ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက် တွေ့ဆုံမှု ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ဂိုးပြတ် နိုင်ပွဲ ကိုယ်စီနဲ့ ရာသီ အဖွင့်လှပခဲ့တဲ့ ဒီနှစ်သင်းမှာ ဘယ်အသင်းက ရလဒ်ကောင်း တစ်ခု ဆက်လက် ရှာဖွေသွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ ဝုဗ်ကို မိုလီနက်စ်မှာ ၀-၄ ဆိုတဲ့ အားရစရာ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ ရလဒ်ပိုင်းပဲ အားရစရာ ကောင်းခဲ့တာ မဟုတ်ပါဘူး။ ခြေစွမ်းပိုင်း ကလည်း အားရစရာ ကောင်းလွန်းခဲ့ပါတယ်။ ဟာလန်း ၂ ဂိုး ရသလို၊ ရီအင်ဒါနဲ့ ချာကီ တို့လို ကစားသမားသစ်တွေရဲ့ ကစားပုံက သိပ်ပြီး အရသာရှိခဲ့သလို ဂိုးတွေလည်း ကိုယ်စီ ရရှိခဲ့လို့ ပပ် ဂွါဒီယိုလာ အနေနဲ့ တော်တော်လေး ကျေနပ်နေပါလိမ့်မယ်။ မနှစ်က မထင်မှတ်ပဲ ယိုင်နဲ့ခဲ့ရတဲ့ မန်စီးတီးတို့ ဒီရာသီမှာတော့ ချန်ပီယံဆု အတွက် ပြန်လာပြီလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။ မန်စီးတီးကို ရာသီသစ် အတွက် သူတို့ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး ဘာမှပြောစရာ မရှိပါဘူး။ မနှစ်က အက်တီဟတ် အရှက်တကွဲ ရှုံးကြွေးကို မန်စီးတီးတို့ ပြန်ဆပ်ဖို့ ကြိုးစားပါလိမ့်မယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ နည်းပြ သောမက်စ် ဖရန့်ခ် လက်အောက်မှာ ပါးပါးနပ်နပ် ကစားနိုင်လာတာ တွေ့ရပါတယ်။ ဘန်လေကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ် အဖွင့်လှခဲ့တဲ့ စပါးတို့ အခုပွဲမှာလည်း အက်တီဟတ်မှာ အနိမ့်ဆုံး သရေ ၁ မှတ်နဲ့ အိမ်ပြန်ဖို့ ကြိုးစားပါလိမ့်မယ်။ စပါးရဲ့ တိုက်စစ်က ရစ်ချာလီဆင် ဂိုးမြူးနေပြီး မိုဟာမက် ကူဒု့စ် ကလည်း တောင်ပံမှာ တော်တော်လေး အလုပ်လုပ်နေပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ရစ်ချာလီဆင် သွင်းဂိုး ၂ ဂိုး ရခဲ့သလို ကူဒု့စ် ကလည်း ဘရာဇီးလ်သား အတွက် သွင်းဂိုး ၂ ဂိုးစလုံးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီး အနေနဲ့ စပါးရဲ့ တိုက်စစ် အတွဲအဖက် ကိုတော့ သတိထားဖို့ လိုအပ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲ ကိုတော့ နှစ်ဖက်အသင်း ကစားသမား တော်တော်များများ လွဲချော်ဖို့ ရှိနေပါတယ်။ မန်စီးတီး ဘက်မှာတော့ အက်ချီဗာရီ၊ အီဒါဆင်၊ ဂဗာဒီယိုလ်၊ ဘက်တင်နယ်လီ၊ ဖီးလ် ဖိုဒန်၊ ရိုဒရီ၊ ဆာဗင်ဟို တို့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။
စပါး မှာတော့ ဘရိုင်ယန် ဂီးလ်၊ ကူလူဆက်ဗ်စကီး၊ ဂျိမ်းစ် မက်ဒီဆင်၊ တာကာအီ၊ ဆော်လမွန်၊ ဒရာဂူဆင်တို့ လွဲချော်မှာ ဖြစ်ပြီး အူဒိုဂီနဲ့ ဘစ်ဆူးမား တို့ကတော့ ပါဝင်ကစားဖို့ မသေချာ ဖြစ်နေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း

မန်ချက်စတာစီးတီး – ထရက်ဖို့ဒ်၊ အစ်နျူရီ၊ ဒီးရာ့စ်၊ စတုန်းစ်၊ လီဝစ်၊ ဘာနာဒို၊ ဂွန်ဇာလက်ဇ်၊ ရီအင်ဒါ၊ ဒိုကု၊ ချာကီ၊ ဟာလန်း
တော့တင်ဟမ်ဟော့စပါး – ဗစ်ကာရီယို၊ စပန့်စ်၊ ဗန်ဒီဗန်၊ ရိုမီယို၊ ပေါ်ရို၊ ဆား၊ ပါလ်ဟင်ဟာ၊ ဘက်ဂျ်ဗဲလ်၊ ဂျွန်ဆင်၊ ကူဒု့စ်၊ ရစ်ချာလီဆင်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၃၆ ကြိမ် တွေ့ဆုံခဲ့ရာမှာ မန်စီးတီးက အကြိမ် ၂၀၊ စပါးက ၁၂ ကြိမ် အနိုင်ရထားပြီး ၄ ကြိမ်သာ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ ၂ ကြိမ်စီ အနိုင်ရထားပြီး ၁ ကြိမ် သရေကျထားပါတယ်။ မန်စီးတီး အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲလည်း ၂ ကြိမ်စီ အနိုင်ရထားပြီး ၁ ကြိမ် သရေကျထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ မန်စီးတီး နိုင်ရင် ၁.၄၅ ဆ၊ တော့တင်ဟမ်ဟော့စပါး နိုင်ရင် ၅.၄၀ ဆနဲ့ သရေ ဆိုရင်တော့ ၄.၃၈ ဆ ပေးထားပါတယ်။ ဟန်းဒီးကပ် ကြေးဖွင့်မှု မှာတော့ မန်စီးတီးက တစ်လုံး အရှုံးလောက်ထိ ပေးထားပြီး ဂိုးပေါင်း ကြေးကလည်း ပြင်းနေတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရရော၊ အစဉ်အလာအရပါ စပါးက မန်စီးတီးကို ဒုက္ခပေးနိုင်စွမ်း ရှိနေပေမယ့် ဒီလို ကြေးမျိုး ပေးထားတာက နည်းနည်းတော့ အန္တရာယ်များတယ်လို့ ထင်မိပါတယ်။ ကျွန်တော် ကတော့ မန်စီးတီး ဘက်မှာပဲ ရပ်တည်ထားချင်ပြီး အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
မန်ချက်စတာစီးတီး ၃-၂ တော့တင်ဟမ်ဟော့စပါး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.