နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လန်ဒန်ကွင်းမှာ ဝက်စ်ဟမ်းကို ဂိုးပြတ်သွင်းပြီး ပေါက်ကွဲပြခဲ့တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

ဝက်စ်ဟမ်း ၁-၅ ချဲလ်ဆီး 

ဒီကနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ရဲ့ အစောဆုံး ပွဲစဉ်မှာတော့ ချဲလ်ဆီးက ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ၁-၅ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အဖွင့်ပွဲမှာ လန်ဒန် ပြိုင်ဘက်ပဲ ဖြစ်တဲ့ ပဲလေ့စ်နဲ့ သရေကျပြီး နိုင်ပွဲ ပျောက်ခဲ့တဲ့ ချဲလ်ဆီးတို့ ဒီပွဲမှာတာ့ အစွမ်းကုန် ပေါက်ကွဲပြခဲ့ပြီး သူတို့ ဘာလဲ ဆိုတာကို ပြသသွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ချဲလ်ဆီး နည်းပြဟောင်း ဂရေဟမ် ပေါ်တာရဲ့ ဝက်စ်ဟမ်းက ၃-၄-၁-၂ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး အန်ဇို မာရက်စ်ကာရဲ့ ချဲလ်ဆီး ကတော့ ၄-၂-၃-၁ အခင်းအကျင်းနဲ့ ရင်ဆိုင်သွားခဲ့ပါတယ်။ နှစ်သင်းစလုံး အဓိက ကစားသမား စုံစုံလင်လင်နဲ့ ပွဲထွက်ခဲ့ကြပြီးတော့ အဖွင့်ပွဲမှာ မရခဲ့တဲ့ အနိုင် ၃ မှတ်ကို ရှာဖွေဖို့ ကြိုးစားခဲ့ကြပါတယ်။ 

ပွဲချိန် ၆ မိနစ်မှာပဲ အိမ်ရှင်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး လူးကပ်စ် ပါကေးတားက ချဲလ်ဆီး နောက်ခံလူတွေကို ကျော်ဖြတ်ကာ ဧရိယာ ပြင်ပ ကနေ အဝေးကန်ချက်နဲ့ လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ကန်ချက်က တော်တော်လေး ကောင်းမွန် တိကျတာကြောင့် ချဲလ်ဆီး ဂိုးသမား ရောဘတ် ဆန်းချက်ဇ်လည်း ဘယ်လိုမှ မတတ်နိုင်ပဲ ဂိုးပေးခဲ့ရပါတယ်။ အဲဒီနောက် မှာတော့ ချဲလ်ဆီးက တောက်လျောက် တင်ကစားလာခဲ့ပြီး ပွဲချိန် ၁၅ မိနစ်မှာ ယာအို ပက်ဒရိုရဲ့ ခေါင်းတိုက်ဂိုးနဲ့ ပြန်လည် ချေပနိုင်ခဲ့ပါတယ်။ တစ်မိနစ် အကြာမှာ ဝက်စ်ဟမ်းက ဦးဆောင်ဂိုး ထပ်ရခဲ့ပေမယ့် VAR ပြန်ကြည့်တဲ့ အခါမှာ လူကျွံနေတာကြောင့် ဖူးလ်ခရက်ချ်ရဲ့ သွင်းဂိုးက ပယ်ဖျက်ခံခဲ့ရပါတယ်။

ဝက်စ်ဟမ်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာတော့ ဝုဗ်နဲ့ ကစားရမှာ ဖြစ်ပြီး ချဲလ်ဆီး ကတော့ လန်ဒန် ပြိုင်ဘက်ပဲ ဖြစ်တဲ့ ဖူလ်ဟမ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းမှာ နည်းပြ ထိုင်ခုံလှုပ်စပြုလာတဲ့ ဂရေဟမ် ပေါ်တာ

အဲဒီနောက်ပိုင်း မှာတော့ ဝက်စ်ဟမ်းရဲ့ ခံစစ်က တဖြည်းဖြည်း ပြိုဆင်းသွားခဲ့ပြီး ပထမပိုင်း ပြီးခါနီးမှာပဲ ချဲလ်ဆီးတို့ ၂ ဂိုး ထပ်ရခဲ့ပါတယ်။ ဝက်စ်ဟမ်းတို့ ပေးလိုက်ရတဲ့ ဂိုးတွေက ပုံစံတူပဲ ဖြစ်ပြီး ပက်ဒရို နီတိုနဲ့ အန်ဇို ဖာနန်ဒက်ဇ် တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပွဲပြန်စချိန် မှာလည်း ချဲလ်ဆီး ကပဲ ပွဲကို ထိန်းချုပ်ထားပြီး ဂိုးတွေလည်း ထပ်ရခဲ့ပါတယ်။ ချဲလ်ဆီး အတွက် စတုတ္ထဂိုး ကိုတော့ မွိုက်စ် ကိုင်စီဒိုနဲ့ ပဉ္စမဂိုး ကိုတော့ ချာလိုဘာ့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဂိုးပြတ် အသာရနေတဲ့ နောက်မှာတော့ ချဲလ်ဆီးက ကစားအားကို လျှော့ချလိုက်တာကြောင့် ၅-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

အဖွင့်ပွဲမှာ တန်းတက် ကလပ် ဆန်းဒါးလန်းကို ၃-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဟမ်း အတွက် ကတော့ နောက်ထပ် ဂိုးပြတ် ရှုံးပွဲနဲ့ ဇယားအောက်မှာ ဆက်ရှိသွားခဲ့လို့ စိတ်ပျက်စရာပါပဲ။ လက်စတာစီးတီး ကနေ ပြောင်းလဲတာ ဂိုးသမားသစ်လေး ဟာမန်ဆန် အနေနဲ့လည်း နှစ်ပွဲ ကစားပြီး ပေးဂိုး ၈ ဂိုး အထိ ရှိလာခဲ့သလို ပေါ်တာ ကတော့ အသင်းဟောင်းရဲ့ ဆုံးမခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒီပွဲ အပြီးမှာ ဂရေဟမ် ပေါ်တာရဲ့ ဝက်စ်ဟမ်း နည်းပြ ရာထူးက ပိုပို လှုပ်ခတ်လာခဲ့ပြီ ဖြစ်တာကြောင့် လာမယ့် ပွဲတွေမှာ ရလဒ်ကောင်း ပြန်လည် ရှာဖွေနိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

ချဲလ်ဆီး ကတော့ ဒီနိုင်ပွဲနဲ့ အတူ ပွဲစဉ် ၂ ရဲ့ တခြားသော ပွဲတွေ မကစားခင်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်လိုက်ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပြီး ရာသီသစ် အတွက် ချဲလ်ဆီးတို့ ပြန်လာပြီ ဆိုတာ ပြသလိုက်ပြီ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာတော့ ဝုဗ်နဲ့ ကစားရမှာ ဖြစ်ပြီး ချဲလ်ဆီး ကတော့ လန်ဒန် ပြိုင်ဘက်ပဲ ဖြစ်တဲ့ ဖူလ်ဟမ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်