နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကက်စ်မဲရိုးကို ခေါ်ယူချင်နေတဲ့ အဲလ်အစ်တီဟတ်၊ ရွိုင်ရယ် အန့်ဝပ် ဂိုးသမားကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ဩဂုတ် ၂၃ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အစ်တီဟတ် ကတော့ ကက်စ်မဲရိုးကို ရီးရဲလ်မက်ဒရစ် အသင်းဖော်ဟောင်း ကာရင်မ် ဘန်ဇီမာနဲ့ ပြန်လည် ပေါင်းစည်းပေးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ကက်စ်မဲရိုး ကတော့ ပရီးမီးယားလိဂ် ကလပ် ကနေ စာချုပ်သက်တမ်းကုန်ချိန်မှ ထွက်ခွာဖို့ ရည်ရွယ်ထားတာကြေင့် အဲလ်အစ်တီဟတ်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်သွားဖွယ် ရှိနေပါတယ်။ 

တော့တင်ဟမ်ဟော့စပါး ကတော့ အီဘာရီချီ အီးဇီးကို အာဆင်နယ်ဆီ ဆုံးရှုံးလိုက်ရပြီးနောက် ကိုမို ကွင်းလယ်လူ နီကို ပက်ဇ်ကို ယူရို သန်း ၈၀ (ပေါင် ၆၉.၂ သန်း)နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

တော့တင်ဟမ်ဟော့စပါးဟာ ယူနိုက်တက်က အလက်ဟန်ဒရို ဂါနာချိုကို စိတ်ဝင်စားနတယ်လို့လည်း သိရပါတယ်။ ယူနိုက်တက်ဟာ ဂါနာချိုကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ကျော်နဲ့ ရောင်းထုတ်ဖို့ ရှိနေတာကြောင့် စပါး အတွက် အဆင်ပြေတဲ့ ပစ်မှတ် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း ဂါနာချို ကတော့ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ အတွက် ဘေယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကိုတောင် ငြင်းဆန် ပယ်ချထားပါတယ်။

ဒါ့အပြင် တော့တင်ဟမ်ဟော့စပါးဟာ ဘရာဇီးလ် တောင်ပံကစားသမား ဆာဗင်ဟိုကို ခေါ်ယူဖို့ အတွက် ယူရို ၈၅ သန်း (ပေါင် ၇၃.၆ သန်း) ပေးချေဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ မန်စီးတီး ကတော့ ဆာဗင်ဟိုကို ရောင်းထုတ်မှာ မဟုတ်ကြောင်း အသိပေးထားပါတယ်။ 

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ရွိုင်ရယ် အန့်ဝပ် ဂိုးသမား ဆန်နီ လမ်မန်စ် ကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ဘယ်လ်ဂျီယံ လက်ရွေးစင်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိနေပြီ နီးစပ်နေပြီလို့ သိရပါတယ်။ 

ပီအက်စ်ဂျီ ကလည်း ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမားနဲ့ စေ့စပ် ညှိနှိုင်းမှု အဆင်မပြေ ဖြစ်ခဲ့ရပြီးနောက် လမ်မန်စ်ကို ပြောင်းလဲ စိတ်ဝင်စားလာကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ရွိုင်ရယ် အန့်ဝပ် ဂိုးသမား ဆန်နီ လမ်မန်စ် ကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
လမ်မန်စ်ကို ပီအက်စ်ဂျီနဲ့ အပြိုင်လုရဖွယ်လည်း ရှိနေတဲ့ ယူနိုက်တက်

အင်တာမီလန် ကတော့ အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံး အပတ်မှာ မန်ချက်စတာယူနိုက်တက် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း Fichajes က ဖော်ပြပါတယ်။

ဘေယန်မြူးနစ် ကတော့ ဆန်ချို အပြင် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို ခေါ်ယူဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ဒီကစားသမား နှစ်ဦးစလုံး ကိုတော့ ဘွန်ဒက်စ်လီဂါ ကလပ်က ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန်နဲ့ အတူ ပစ်မှတ်ထဲမှာ ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။ 

ချဲလ်ဆီး ကတော့ နီကိုးလက်စ် ဂျက်ဆန်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၇၀ လိုချင်နေပေမယ့် ခေါ်ယူချင်နေတဲ့ အက်စတွန်ဗီလာ အတွက်တော့ အလွန်များတဲ့ ပမာဏ ဖြစ်နေတယ်လို့ သိရပါတယ်။ အမည်မဖော်လိုတဲ့ “ကလပ် အသင်းကြီး” တစ်ခု ကလည်း ဆီနီဂေါ လက်ရွေးစင် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဘရန့်ဖို့ဒ် ကတော့ တိုက်စစ်မှူး ယိုအာနေး ဝစ်ဆာ အတွက် ပေါင် သန်း ၅၀ တောင်းဆိုဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။ ဒီပြောင်းရွှေ့ကြေး ကိုတော့ နယူးကာဆယ် ဘက်က လိုက်လျောမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

ချဲလ်ဆီး နည်းပြ မာရက်စ်ကာ ကတော့ ဝက်စ်ဟမ်းကို ၅-၁ ရလဒ်နဲ့ အနိုင်ရတဲ့ ပွဲအပြီးမှာ လူငယ် ကြယ်ပွင့် အက်စတီဗာအိုကို အလွန်ကောင်းတဲ့ ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။ အက်စတီဗာအို အနေနဲ့ ပွဲမစခင် ပြုလုပ်တဲ့ သွေးပူလေ့ကျင့်ခန်းမှာ ကိုးလ်ပါးလ်မား ဒဏ်ရာရသွားတာကြောင့် ပထမဦးဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက် အဖြစ် ကစားခွင့် ရခဲ့တာပါ။ ဝက်စ်ဟမ်းရဲ့ အဖွင့်ဂိုးက သူ့ရဲ့ အမှား ကနေ ပေးခဲ့ရပေမယ့် ဒီလူငယ်လေးက ပွဲအပြီးမှာ ပွဲစဉ် အလိုက် အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်