နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပင်နယ်တီ မကန်ခင် တိုက်မိပြီး မတောင်းပန်တဲ့ ကွင်းလယ်ဒိုင်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ပြောလာတဲ့ ဘရူနို ဖာနန်ဒက်စ် | ပရီးမီးယားလိဂ်

ဘရူနို ဖာနန်ဒက်စ် ကတော့ ဖူလ်ဟမ်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ ဒီလို ပင်နယ်တီ ကန်သွင်းချိန်မှာ ဒိုင်လူကြီး ခရစ္စ ကာဗန်နာ့ဂ်ရဲ့ လုပ်ရပ်က သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း ဘရူနို ဖာနန်ဒက်စ်က ပွဲအပြီးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မနေ့ညက ပွဲရဲ့ ပွဲချိန် ၃၈ မိနစ်မှာ ဖူလ်ဟမ် နောက်ခံလူ ကဲလ်ဗင် ဘက်ဆေးက မေဆန်မောင့်ကို ပြစ်ဒဏ် ကျူးလွန်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး မန်ချက်စတာယူနိုက်တက်ကို ပင်နယ်တီ ပေးခဲ့ပါတယ်။ ပင်နယ်တီ ကိုတော့ ထုံးစံ အတိုင်း ဘရူနို ဖာနန်ဒက်စ် ကပဲ ကန်သွင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖာနန်ဒက်စ်က ဘောလုံးကို သေချာ ဂရုစိုက်ချပြီး ကန်သွင်းဖို့ နောက်ဆုတ်လိုက်ချိန် မှာတော့ ကာဗန်နာ့ဂ်က ယူနိုက်တက် အသင်းခေါင်းဆောင်ကို မသိမသာနဲ့ ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ကွင်းလယ်ဒိုင်ရဲ့ အပြုအမူကို စူးစူးစိုက်စိုက် ကြည့်ခဲ့ပြီး မယုံနိုင်လောက်အောင် ဒေါသထွက်နေခဲ့ပုံ ရပါတယ်။ အဲ့ဒီနောက် သူက ဘောလုံးကို တည်ပြီး ကန်သွင်းခဲ့ပေမယ့် ကန်ချက်က ဂိုးဘားတန်းကို တော်တော်လေး ကျော်ထွက်သွားခဲ့လို့ ယူနိုက်တက်တို့ ဂိုးရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာ ဖာနန်ဒက်စ်က အခုလိုပဲ ပြောပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ နှစ်ကျော့စလုံး အနိုင်ရခဲ့တဲ့ ဖူလ်ဟမ်ကို ဒီနှစ် မှာတော့ အနိုင်ယူနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။
ဖူလ်ဟမ်ကို သရေသာ ကစားနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

“ကျွန်တော် စိတ်ပျက်ခဲ့ရပါတယ်။ ပင်နယ်တီ ကန်သွင်းတဲ့သူ အနေနဲ့ ကိုယ်ပိုင်လုပ်ရိုး လုပ်စဉ် ရှိပါတယ်။ ဒိုင်လူကြီးက မတောင်းပန်ခဲ့ပါဘူး။ အဲဒီ အခိုက်အတန့်က ကျွန်တော့်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် ဒါက ပင်နယ်တီ လွဲချော်မှု အတွက် အကြောင်းပြချက် တစ်ခုတော့ မဟုတ်ပါဘူး။ ကျွန်တော် ဘောလုံးကို ခပ်ပြင်းပြင်း ထိခဲ့မိပါတယ်။ ဘောလုံးအောက်ခြေကို အားပြင်းပြင်းနဲ့ ထိခဲ့တာကြောင့် ဘားတန်းပေါ် ကနေ ကျော်သွားခဲ့တာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်က ပွဲချိန် ၅၈ မိနစ်မှာ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဘရိုင်ယန် အမ်ဘူမိုရဲ့ ထောင့်ကန်ဘော ကနေ တဆင့် လီနီ ယိုရို ခေါင်းတိုက်ရာမှာ ဖူလ်ဟမ်က ရိုဒရီဂို မူနစ်ဇ်နဲ့ ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ပွဲချိန် ၇၁ မိနစ်မှာ ဂျော်ရွှာကင်း အစား လူစားဝင်လာတဲ့ စမစ် ရိုးဝ်က ၂ မိနစ် အကြာမှာပဲ ဖူလ်ဟမ် အတွက် ချေပဂိုး သွင်းပေးခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ ဖူလ်ဟမ် ကတောင် ပိုကောင်းတဲ့ ကစားဟန်နဲ့ အတူ ယူနိုက်တက်ကို ဖိအားပေးခဲ့နိုင်ပြီး ၁-၁ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ရာသီသစ် ပွဲစဉ် ၂ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ မရသေးပဲ ရမှတ် ၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ နှစ်ကျော့စလုံး အနိုင်ရခဲ့တဲ့ ဖူလ်ဟမ်ကို ဒီနှစ် မှာတော့ အနိုင်ယူနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲမှာ တိုးတက်လာတဲ့ ကစားဟန်နဲ့ မြင်တွေ့ခဲ့ရပေမယ့် အခုပွဲမှာတော့ ခြေစွမ်းပိုင်းက စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ ဒါ့အပြင် သူတို့ ပေါင်သန်း ၂၀၀ ကျော် သုံးစွဲထားခဲ့ရတဲ့ ကူညာ၊ အမ်ဘူမိုနဲ့ ဆက်စ်ကို တို့ တိုက်စစ် ကစားသမား ၃ ဦး ကလည်း ဒီပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဆက်စ်ကို ဆိုရင် ဒီပွဲမှာ ပွဲချိန် ၃၈ မိနစ် ဝင်ရောက် ကစားခွင့်ရခဲ့ပေမယ့် ဘောလုံး ပေးပို့မှု ၄ ကြိမ်သာ ရှိခဲ့ပြီး ကျန် စွမ်းဆောင်ရည်တွေ မှာတော့ ၀ ဖြစ်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်