နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘရူနို ဖာနန်ဒက်စ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ လျှို့ဝှက် တွေ့ဆုံခဲ့တဲ့ အဲလ်အစ်တီဟတ်၊ ကလပ် ၃ သင်းရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဒီဆာဆီ | ပရီးမီးယားလိဂ်

ဩဂုတ် ၂၅ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

SunSport ရဲ့ ဖော်ပြချက်အရ ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အစ်တီဟတ် ကတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ လျှို့ဝှက်တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဖာနန်ဒက်စ် အနေနဲ့ ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာဖို့ အစီအစဉ် မရှိပေမယ့် တစ်နှစ် လုပ်ခ ပေါင် ၃၃ သန်း တောင်းဆိုနေတယ်လို့ သိရပါတယ်။

အဲလ်ဟီလာ ကတော့ ရန်းစ် ကစားသမား ဂျရယ်မီ ဂျက်ကွက်ကို အံ့အားသင့်ဖွယ် ကောင်းတဲ့ လုပ်ခလစာနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒီကစားသမားကို အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ် တိုကလည်း စိတ်ဝင်စားနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။

လစ်ဗာပူးလ်ရဲ့ ဗဟိုခံစစ်ကစားသမား မာ့ခ် ဂူဟီကို ပြိုင်ဘက် မန်စီးတီး ကလည်း စိတ်ဝင်စားနေပါတယ်။ ဒါကြောင့် လစ်ဗာပူးလ် အနေနဲ့ အပြောင်းအရွှေ့ မပိတ်မီ လက်ဦးမှု ရယူပြီး ခေါ်ယူဖို့ ကြိုးပမ်းရမှာ ဖြစ်ကြောင်း Daily Star က ဖော်ပြပါတယ်။

ချဲလ်ဆီးရဲ့ ပစ်မှတ် အလက်ဟန်ဒရို ဂါနာချို ကိုတော့ တော့တင်ဟမ်ဟော့စပါးက ချဉ်းကပ်လာကြောင်း သိရပါတယ်။ ဂါနာချို ကတော့ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပေမယ့် လက်ရှိ အချိန်ထိတော့ အပြောင်းအရွှေ့က ကြန့်ကြာနေဆဲ ဖြစ်ပါတယ်။

CaughtOffside ရဲ့ ဖော်ပြချက်အရ ဘုန်းမောက်၊ နယူးကာဆယ်နဲ့ ဝုဗ် စတဲ့ ပရီးမီးယားလိဂ် ၃ သင်းက ချဲလ်ဆီးက အက်ဆဲလ် ဒီယာဆီကို အပြိုင်အဆိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီး ကတော့ ပြင်သစ်သား အတွက် ပေါင် ၃၅ သန်း လိုချင်နေကြောင်း သိရပါတယ်။

ဆန်နီ လမ်မန်စ် ရောက်ရှိလာရင်တောင် အန်ဒေရ အိုနာနာရဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အနာဂတ်က ခိုင်မာနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် လက်ရှိမှာ ပွဲထွက်နေရတဲ့ အဲလ်တေး ဘာယင်ဒါ ကတော့ ကလပ် အသစ် ရှာဖွေရဖို့ ရှိနေကြောင်း United In Focus က ဖော်ပြပါတယ်။

CaughtOffside ရဲ့ ဖော်ပြချက်အရ ဘုန်းမောက်၊ နယူးကာဆယ်နဲ့ ဝုဗ် စတဲ့ ပရီးမီးယားလိဂ် ၃ သင်းက ချဲလ်ဆီးက အက်ဆဲလ် ဒီယာဆီကို အပြိုင်အဆိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဒီဆာဆီကို ဒီနွေရာသီမှာ ရောင်းထုတ်ချင်နေတဲ့ ချဲလ်ဆီး

မန်ဝဲလ် အာကန်ဂျီ ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ မန်စီးတီး မှာပဲ ဆက်နေလိုပြီး အသင်းဖော် အီဒါဆင်နဲ့ အိုင်ခေး ဂွန်ဒိုအန် တို့ကို ချဉ်းကပ်နေတဲ့ ဂါလာတာဆာရေးရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်နိုင်ကြောင်း Football Insider က ဖော်ပြပါတယ်။

အာဆင်နယ် ကတော့ နောက်ခံလူ ယာကုဗ် ခီဗီယောကို ပေါ်တိုသို့ အငှားနဲ့ စေလွှတ်ရန် အကြမ်းဖျင်း သဘောတူထားပေမယ့် အမြဲတမ်း အပြီးသတ် ရောင်းထုတ်ဖို့ အတွက် ဆွေးနွေးချင်နေကြောင်း သိရပါတယ်။ ခီဗီယော ကလည်း အာဆင်နယ် ကနေ ထွက်ခွာရမယ် ဆိုရင် ပရီးမီးယားလိဂ် ပြင်ပ ကလပ်တွေဆီသာ ပြောင်းရွှေ့လိုနေပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရိုဒရီဂိုကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိရန် နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ကစားသမား ကတော့ သူ့ရဲ့ လုပ်ခလစာကို အပြည့်အဝ လိုချင်ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။ လာလီဂါ ကလပ် ဘက်ကလည်း ဒီလို ကမ်းလှမ်းမှုဟာ ဒီအပြောင်းအရွှေ့ အတွက် မှန်ကန်တယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ တော့တင်ဟမ်ဟော့စပါးက လက်စတာစီးတီး ကွင်းလယ်လူ ဘီလယ် အဲလ် ခန်နော့စ်ကို ခရစ္စတယ်ပဲလေ့စ် ဆီကနေ ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ပဲလေ့စ် ကတော့ အာဆင်နယ်ဆီ လက်လွှတ်လိုက်ရတဲ့ အီဘာရီချီ အီးဇီးရဲ့ နေရာမှာ မော်ရိုကိုသားနဲ့ အစားထိုးချင်နေပြီး ဒီအခြေအနေကို စပါး ဖြတ်ခုတ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အီတီဟတ်ကွင်းမှာ မန်စီးတီးကို ၂-၀ ရလဒ်နဲ့ အနိုင်ရပြီးနောက် နည်းပြ သောမတ်စ် ဖရန့်ခ်ကို စပါး ကစားသမားတွေက ချီးကျူးခဲ့ကြပါတယ်။ အဲဒီပွဲမှာ အနိုင်ဂိုး သွင်းခဲ့ကြတဲ့ ဘရန်နန် ဂျွန်ဆင်နဲ့ ပါလ်ဟင်ဟာ တို့က ချီးကျူးခဲ့ကြတာ ဖြစ်ပါတယ်။ စပါးဟာ ဒီနွေရာသီမှာ ယူရိုပါလိဂ် ဖလား ရယူပေးခဲ့တဲ့ အန်ဂျီ ပိုစတီကိုဂလူးကို ထုတ်ပယ်ပြီး ဘရန့်ဖို့ဒ် နည်းပြ ဖရန့်ခ်နဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။ ဖရန့်ခ်ရဲ့ အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ရာသီ အဖွင့် နှစ်ပွဲစလုံး အနိုင်ရထားပြီး clean sheet လည်း ရရှိထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်