နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘောလုံးကို ထပ်ပြီး ပျော်ရွှင်စွာ ကစားချင်ကြောင်း ဖွင့်ဟလာတဲ့ ဂျက် ဂရီးလစ်ရှ် | ပရီးမီးယားလိဂ်

အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမား ဂျက် ဂရီးလစ်ရှ် ကတော့ ဒီနွေရာသီမှာ မန်စီးတီး ကနေ ပရီးမီးယားလိဂ် ပြိုင်ဘက် အဲဗာတန်ကို အငှားနဲ့ ပြောင်းရွှေ့ ကစားနေသူ ဖြစ်ပါတယ်။ ဂရီးလစ်ရှ်ဟာ အဲဗာတန်နဲ့ ပွဲဦးထွက်မှာတင် ခြေစွမ်းပြနိုင်ခဲ့ပြီး သူ့အနေနဲ့ ဘောလုံးကို ပျော်ရွှင်စွာ ပြန်လည် ကစားခွင့်ရလိုကြောင်း ပြောကြားလာခဲ့ပါတယ်။

ဒါ့အပြင် ဂျက် ဂရီးလစ်ရှ်က အဲဗာတန်ရဲ့ ကွင်းသစ်မှာ အံ့မခန်း ခြေစွမ်းပြသခဲ့တဲ့ ပွဲဦးထွက် ပွဲစဉ် အပြီးမှာ သူ့ရဲ့ ဘောလုံး အပေါ် ချစ်မြတ်နိုးမှုကို ပြန်လည် ရှာဖွေတွေ့ရှိအောင် ကူညီပေးခဲ့တဲ့ အတွက် အဲဗာတန် ကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆိုသွားခဲ့ပါသေးတယ်။ ဂရီးလစ်ရှ်ဟာ လိဒ်စ်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီ အဖွင့်ပွဲမှာ လူစားဝင် ကစားသမား အဖြစ်သာ ပါဝင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘရိုက်တန်ကို အနိုင်ရတဲ့ ပွဲမှာတော့ ပွဲထွက် ကစားသမား အဖြစ် ကစားခွင့်ရခဲ့ပြီး အသင်း အတွက် အနိုင်ဂိုး နှစ်ဂိုး စလုံးကို ဖန်တီးပေးခဲ့ပါတယ်။

ဒါကြောင့် ဂရီးလစ်ရှ်က အဲဒီပွဲရဲ့ MOTM ဖြစ်ခဲ့သလို၊ ချီးကျူးမှု များစွာလည်း ရရှိခဲ့ပါတယ်။ ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီး အတွက် ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၇၁၅ မိနစ်သာ ကစားခွင့် ရခဲ့ပါတယ်။ သူ့ရဲ့ ဆရာ ပပ် ဂွါဒီယိုလာ ကိုယ်တိုင်က ဂရီးလစ်ရှ်ကို အသင်း ပြောင်းဖို့ တိုက်တွန်းထားခဲ့တာ ဖြစ်ပြီး ဒီရာသီ မှာတော့ နေရာမပေးလိုတော့တာကြောင့် အခုလို အဲဗာတန်ဆီ အငှားချခံခဲ့ရတာ ဖြစ်ပါတယ်။

ဘရိုက်တန်နဲ့ ပွဲအပြီးမှာတော့ ဂရီးလစ်ရှ်က “မန်စီးတီးလို ကမ္ဘာ့အကောင်းဆုံး အသင်း တစ်သင်း ကနေ ထွက်ခွာရတာ ခက်ခဲပါတယ်။ ကျွန်တော် အဲဒီက အချိန်ကာလတွေ ကိုလည်း တကယ် ချစ်မြတ်နိုးပါတယ်။ ဒါပေမယ့် ဒီနွေမှာတော့ ကျွန်တော် အပြောင်းအလဲ လုပ်ချင်ခဲ့ပါတယ်။ အဲဗာတန် ကလည်း အသင်းကြီး တစ်သင်းပါ။ အဓိက ကတော့ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင် ကစားခွင့်ရချင်လို့ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီး အတွက် ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၇၁၅ မိနစ်သာ ကစားခွင့် ရခဲ့ပါတယ်။
အဲဗာတန်မှာ အရင်လို ခြေစွမ်းမျိုး ပြန်ရဖို့ မျှော်လင့်ထားတဲ့ ဂရီးလစ်ရှ်

ဂရီးလစ်ရှ်ဟာ အဲဗာတန်ရဲ့ ကွင်းသစ်မှာ ပထမဦးဆုံး သမိုင်းဝင် ဂိုးကို အီလီမန် အန်ဒီယေး သွင်းယူနိုင်အောင် ဖန်တီးပေးနိုင်ခဲ့သလို၊ ဂျိမ်းစ် ဂါနာရဲ့ အဝေးကန်ချက် သွင်းဂိုး အတွက်လည်း ထပ်မံ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် ကစားသမားက မန်စီးတီးမှာ ဆုဖလားများစွာ ရရှိခဲ့ပေမယ့် ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပြီးနောက် အဲဗာတန် မှာတော့ ဟိုးအရင်လို အခိုက်အတန့်တွေ ပြန်လည် ရရှိဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဂရီးလစ်ရှ်က“ကျွန်တော့် အတွက် အဓိကက ဒီကို ရောက်လာပြီး ဘောလုံး ကစားရတာကို ပျော်ရွှင်ဖို့ပါပဲ။ ပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်းမှာ ကျွန်တော် ဘောလုံး အပေါ် အချစ်တွေ ပျောက်ဆုံးသွားတယ်တော့ မဟုတ်ပေမယ့် ကစားရတာ သိပ်မပျော်တော့ဘူး။ အိမ်မှာ ရှိနေတဲ့ အချိန်တွေမှာ ကျွန်တော့်ရဲ့ မိသားစု ကတောင် ဒီအကြောင်းကို ပြောဖူးတယ်။ ဒါက တခြားသူတွေကြောင့် မဟုတ်ပဲ ကျွန်တော့်ကြောင့်ပါပဲ။ ဒါပေမယ့် ကျွန်တော် ဘောလုံးကို အရမ်းချစ်တယ်။ ပွဲကစားရမယ့် နေ့မှာ နိုးထလာပြီး ကွင်းထဲ ဆင်းဖို မစောင့်နိုင်တော့တဲ့ ခံစားချက်မျိုးကို ပြန်လိုချင်ခဲ့တယ်။ ဒီနေ့ပွဲမှာ အဲ့ဒီလို ခံစားခဲ့ရပါတယ်။” လို့ ဂရီးလစ်ရှ်က beIN Sports ကို ပြောကြားခဲ့ပါတယ်။

နောက်ဆုံး မှာတော့ တစ်ချိန်က ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ပေါင် သန်း ၁၀၀ တန် ကစားသမားဟောင်းက မာဆေးဆိုဒ်မှာ သူ့ကို ကြိုဆိုခဲ့ကြတဲ့ ပုံစံကြောင့် လန်းဆန်း တက်ကြွမှုကို ချက်ချင်း ခံစားခဲ့ရကြောင်းလည်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဒီကိုရောက်တာ ၁၀ ရက်လောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် မိနစ်တိုင်းကို ကျွန်တော် သဘောကျတယ်။ လူတိုင်းက ကျွန်တော့်ကို အရမ်းကို နွေးထွေးစွာ ကြိုဆိုကြပါတယ်။ နည်းပြ (ဒေးဗစ် မွိုက်စ်) ကလည်း ကျွန်တော်နဲ့ အမြဲတမ်း စကားပြောပေးပြီး အသင်းက ကျွန်တော့်ကို တကယ် လိုအပ်ကြောင်း ချစ်ခင်ကြောင်း ခံစားချက်တွေကို ပေးပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဂျက် ဂရီးလစ်ရှ်ရဲ့ အဲဗာတန်က ပရီးမီးယားလိဂ်မှာ ၁ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၃ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။ အဲဗာတန်က လာမယ့် တစ်ပတ် မှာတော့ ဝုဗ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်