နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ်နဲ့ ပွဲကို လွဲချော်မယ့် အိုဒီဂတ်၊ ဆာကာကို ကာလ အတန်ကြာ လက်လွှတ်ရတော့မယ့် အာဆင်နယ် | ပရီးမီးယားလိဂ်

အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်နဲ့ ဘူကာယို ဆာကာ တို့ကတော့ ပြီးခဲ့တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ကိုယ်စီ ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ လက်ရှိမှာ ဒီကစားသမား နှစ်ဦးရဲ့ ဒဏ်ရာ အခြေအနေတွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ မှာတော့ နော်ဝေသားက လာမယ့် လစ်ဗာပူးလ်နဲ့ အရေးကြီး ပွဲစဉ်မှာ ပါဝင်ကစားဖို့ မသေချာသလို အင်္ဂလန် တောင်ပံ တိုက်စစ် ကြယ်ပွင့် ဆာကာ ကတော့ ရက်သတ္တပတ် ၄ ပတ်ခန့် အနားယူရဖို့ ရှိနေကြောင်း သိရပါတယ်။

အိုဒီဂတ်ဟာ လိဒ်စ်နဲ့ ပွဲရဲ့ ပွဲကစားချိန် ၃၈ မိနစ်မှာ ပုခုံး ဒဏ်ရာကြောင့် အီသန် နွမ်နရီနဲ့ လူစားလဲခဲ့ရသလို ဆာကာ ကတော့ ဒုတိယပိုင်းမှာ သူ့ရဲ့ ဒဏ်ရာဟောင်း ဖြစ်တဲ့ တံကောက်ကြော ဒဏ်ရာ ပြန်ရသွားတာကြောင့် ထရော့ဆက်ဒ်နဲ့ လူစားလဲခဲ့ရပါတယ်။ ဆေးစစ်ချက်တွေ အရ အိုဒီဂတ်ရဲ့ ဒဏ်ရာက မပြင်းထန်ပေမယ့် ဆာကာ ကတော့ ကာလရှည်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။ ဆာကာ အနေနဲ့ လာမယ့် လမှာ အန်ဒိုရာ၊ ဆားဘီးယား တိုနဲ့ ကစားမယ့် အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ အပြင် ပရီးမီးယားလိဂ် ၄ ပွဲလောက်ကို လွဲချော်တော့မှာပါ။ ဆာကာဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း တံကောက်ကြော ဒဏ်ရာကြောင့်ပဲ ၃ လလောက် အနားယူခဲ့ရပါသေးတယ်။

တကယ်တော့ အိုဒီဂတ်နဲ့ ဆာကာဟာ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်တွေ ဖြစ်သလို အသင်း အတွက် မရှိမဖြစ် အရေးပါတဲ့ အဓိက ကစားသမားတွေ ဖြစ်ပါတယ်။ ယခင်က အခုလိုမျိုး အိုဒီဂတ်နဲ့ ဆာကာ တို့ ဒဏ်ရာရရင် အာဆင်နယ်ဟာ အသင်းလိုက် လုပ်အားနှုန်း သိသိသာသာ ကျဆင်းသွားသလို ရလဒ်ပိုင်း မှာလည်း ထိခိုက်မှုတွေ ရှိတတ်တဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနွေရာသီ မှာတော့ အာဆင်နယ်က တိုက်စစ်ပိုင်း အတွက် ဗစ်တာ ယိုကီးရက်စ်၊ နိုနီ မာဒူခေး၊ အီဘာရီချီ အီးဇီး တို့လို ကစားသမားကောင်းတွေနဲ့ ခေါ်ယူ အားဖြည့်ထားနိုင်ပါတယ်။

ဒါ့အပြင် ဟင်ကပ်ပီက အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတဲ့ အတွက် ပရီးမီးယားလိဂ် ကလပ်က လက်ရှိအချိန်မှာ လေဗာကူဆင်နဲ့ ဆွေးနွေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။
ဒီနွေရာသီမှာ ကစားသမား ၈ ဦး အထိ ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ အာဆင်နယ်

ဟာဗက်ဇ်၊ အိုဒီဂတ်နဲ့ ဆာကာတို့ ဒဏ်ရာရနေသည့် တိုင်အောင် မာတင်နယ်လီ၊ ထရော့ဆက်ဒ်၊ နွမ်နရီနဲ့ ၁၅ နှစ်သား မက်စ် ဒိုးမန်းတို့ ရှိနေတာကြောင့် အာဆင်နယ်တို့ လိုအပ်နေတဲ့ ကွက်လပ်တွေကို ခပ်မြန်မြန် ဖြည့်နိုင်ခဲ့ပြီ ဆိုရင်လည်း မမှားပါဘူး။ ဒါကို လိဒ်စ်ယူနိုက်တက်နဲ့ ပွဲစဉ်မှာ အရှင်းလင်းဆုံး မြင်တွေ့ခဲ့ရပြီး ပထမဦးစားပေး ကစားသမားနဲ့ လူစားဝင် ကစားသမားတွေရဲ့ ခြေစွမ်း ကွာဟမှု သိပ်မရှိတာ ကလည်း နည်းပြ အာတေးတား အတွက် ခေါင်းအေးစရာ ဖြစ်ခဲ့ပါတယ်။

သတင်းတွေ အရ ဆိုရင်တော့ အာဆင်နယ်က လေဗာကူဆင်ရဲ့ အီကွေဒေါ နောက်ခံလူ ဟင်ကပ်ပီကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ အသက် ၂၃ နှစ် အရွယ် ဟင်ကပ်ပီ ကိုတော့ မြောက်လန်ဒန် ပြိုင်ဘက် စပါးက ခေါ်ယူဖို လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ကြိုးပမ်းခဲ့တာပါ။ ဒါပေမယ့်လည်း ငွေပေးချေမှု ပုံစံနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်ခဲ့ပြီးနောက် အာဆင်နယ်က ကြိုးပမ်းလာခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဟင်ကပ်ပီက အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတဲ့ အတွက် ပရီးမီးယားလိဂ် ကလပ်က လက်ရှိအချိန်မှာ လေဗာကူဆင်နဲ့ ဆွေးနွေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။လေဗာကူဆင် အနေနဲ့ ကတော့ ဟင်ကပ်ပီ အတွက် ယူရို သန်း ၆၀ တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားပေမယ့် ကစားသမားရဲ့ ဆန္ဒအရတော့ ယူရို သန်း ၅၀ လောက် အထိ စျေးလျှော့ပေးသွားဖွယ် ရှိကြောင်းလည်း သိရပါတယ်။ ဟင်ကပ်ပီဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖြစ်ခဲ့ရင်တော့ မြောက်လန်ဒန် ကလပ်မှာ ပထမဦးဆုံး ကစားခွင့်ရတဲ့ အီကွေဒေါ ကစားသမား အဖြစ် မှတ်တမ်းဝင်မှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်