နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လက်ရှိ တိုက်စစ် အင်အားက ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ လုံလောက်တယ် ဆိုတဲ့ ဆလော့တ်

လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကတော့ အလက်ဇန္တား အိဆက်ခ်ကို မခေါ်ယူနိုင်ခဲ့ရင်တောင် သူတို့ အသင်းရဲ့ လက်ရှိ တိုက်စစ် အင်အားက ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ လုံလောက်ကြောင်း ပြောကြားလိုက်ပါတယ်။ လစ်ဗာပူးလ်ဟာ ဒီနွေရာသီမှာ တိုက်စစ်ပိုင်း အတွက် လုံလောက်တဲ့ ခေါ်ယူ အားဖြည့်မှုတွေ ပြုလုပ်ထားပေမယ့် လူးဝစ္စ ဒီးယက်ဇ်နဲ့ ဒါဝင် နူညက်ဇ် တို့ရဲ့ နေရာမှာ ပြန်လည် အစားထိုးဖို့ ဆွီဒင် တိုက်စစ်မှူး အိဆက်ခ်ကို အပြောင်းအရွှေ့ မပိတ်ခင် အထိ ကြိုးပမ်းသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ နယူးကာဆယ်ရဲ့ အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်ကို သွားရောက် ရင်ဆိုင်ခဲ့ရပြီး ၂-၃ ရလဒ်နဲ့ အဖိုးတန် နိုင်ပွဲ ရရှိထားခဲ့ပါတယ်။ ဒီပွဲမှာ အပြန်အလှန် တင်းမာမှုတွေ ရှိခဲ့ပြီး ပွဲချိန် တစ်ဝက်လောက် တစ်ယောက် အသာနဲ့ ကစားခဲ့ရတဲ့ လစ်ဗာပူးလ်က လူငယ် တိုက်စစ်မှူးလေး အန်ဂူမိုဟာရဲ့ နောက်ကျ သွင်းဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာလည်း အိဆက်ခ်က အရန်လူစာရင်း မှာတောင် မပါဝင်ခဲ့ပဲ အန်တိုနီ ဂေါ်ဒွန်၊ ဟာဗီ ဘန်းစ်နဲ့ အန်သိုနီ အီလန်ဂါတို့ တိုက်စစ်မှာ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်က လစ်ဗာပူးလ် အနေနဲ့ လူငယ် တိုက်စစ်မှူးလေး အန်ဂူမိုဟာ ခြေစွမ်းပြနေတာကြောင့် လစ်ဗာပူးလ် အနေနဲ့ အိဆက်ခ်ကို ခေါ်ယူဖို့ အမှန်တကယ် လိုအပ်ရဲ့လား ဆိုတာ ပြန်စဉ်းစားဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့လက အိဆက်ခ် အတွက် နယူးကာဆယ်ထံ ပေါင် သန်း ၁၁၀ တန် ကမ်းလှမ်းမှုကို တင်သွင်းခဲ့ပေမယ့် ပယ်ချခံထားရပါတယ်။ ဒါကြောင့် ကြိုးကြာနီတွေက အပြောင်းအရွှေ့ မပိတ်ခင် ကမ်းလှမ်းမှု အသစ် ပြုလုပ်မလား ဆိုတာ ကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဆလော့တ် ကတော့ သူ့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာတွေ လုံလုံလောက်လောက် ရှိနေတယ်လို့ ယုံကြည်ထားပါတယ်။ တစ်ဖက်က ပြန်ကြည့်ရင်လည်း အန်ဂူမိုဟာ ခြေစွမ်းပြနေတယ် ဆိုပေမယ့် အတွေ့အကြုံပိုင်းမှာ လိုအပ်ချက် များစွာ ရှိနေသေးသူ ဖြစ်ပါတယ်။ ဒါကြောင့် ဟူဂို အစ်ကီတီကီ၊ မိုဟာမက် ဆာလာ၊ ကိုဒီ ဂတ်ပို တို့ထဲက တစ်ဦးဦးသာ ဒဏ်ရာရသွားမယ် ဆိုရင် လစ်ဗာပူးလ်ရဲ့ တိုက်စစ်ကို တော်တော်လေး ချိနဲ့သွားစေနိုင်ပါတယ်။ ဒါ့အပြင် မိုဟာမက် ဆာလာ ကိုယ်တိုင် ကလည်း အာဖရိကဖလား ပြိုင်ပွဲကြောင့် လစ်ဗာပူးလ်ရဲ့ ပွဲစဉ် ၇ ပွဲလောက်ကို လွဲချော်ဦးမှာ ဖြစ်ပါတယ်။

ဆလော့တ်ရဲ့ အသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲ ကစားပြီးချိန်မှာ ရဂိုး ၇ ဂိုး ရှိထားပေမယ့် တစ်ပွဲကို ၂ ဂိုးနှုန်း ပေးထားရတဲ့ ခံစစ် ကတော့ အားနည်းနေတယ် ဆိုတာ သိသာပါတယ်။
တိုက်စစ်ပိုင်းထက် ခံစစ်ပိုင်းကို အားဖြည့်ဖို့ လိုအပ်နေတဲ့ လစ်ဗာပူးလ်

ဆလော့တ် ကတော့ လက်ရှိမှာ အရာအားလုံးကို အလုပ်ဖြစ်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်နေပြီး ကစားသမားသစ် ဖလော်ရီယန် ဝစ်ဇ် ရောက်ရှိလာခြင်းက လစ်ဗာပူးလ် အတွက် အသွင်ပြောင်းပေးနိုင်လိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။ “ဝစ်ဇ်က ‘false nine’ အပါအဝင် တိုက်စစ်နေရာစုံမှာ ပါဝင်ကစားနိုင်သူ ဖြစ်ပါတယ်။ ခင်ဗျား ဘယ်လို ရှုထောင့် ကနေ ကြည့်သလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဖလော်ရီယန် ဝစ်ဇ်ကို တိုက်စစ် ကစားသမား တစ်ဦး အဖြစ် ထည့်တွက်မယ် ဆိုရင် ၅ ယောက် အထိ ရှိလာပါလိမ့်မယ်။ ဟုတ်တယ်။ ကျွန်တော်တို့ ဒါဝင် (နူညက်ဇ်) ကို ရောင်းပြီး ဟူဂို (အစ်ကီတီကီ) ကို ခေါ်ခဲ့တယ်။ လူချို (ဒီးယက်ဇ်) ထွက်သွားတဲ့ နေရာမှာ ဖလော်ရီယန် (ဝစ်ဇ်) ကို အစားထိုးတယ်လို့ မြင်နိုင်ပါတယ်။”

ဆက်လက်ပြီး ဆလော့တ်က “ဒီယိုဂို (ဂျိုတာ) ဘာဖြစ်သွားလဲ ဆိုတာ ကျွန်တော်တို့ အားလုံး သိပါတယ်။ ဒီလို ကြည့်ရင်တော့ မလုံလောက်ဘူးလို ထင်နိုင်ပေမယ့် ဂျရယ်မီ ဖရင်ပေါင်သာ ကြံ့ခိုင်နေရင် သူကလည်း တောင်ပံကစားသမား အဖြစ် ကစားနိုင်တဲ့ ရွေးချယ်စရာ တစ်ခုပါ။ ဒါဆို ကျွန်တော် တို့မှာ တိုက်စစ်မှူး ၆ ယောက် အထိ ရှိသွားပါပြီ။” လို့ ဆလော့တ်က ဆိုပါတယ်။

လက်ရှိမှာ လစ်ဗာပူးလ်ရဲ့ တိုက်စစ်ပိုင်းနဲ့ ပတ်သတ်ပြီး သုံးသပ်မှုတွေ ရှိနေကြပေမယ့် တကယ်တမ်း လိုအပ်ချက် ရှိနေတာက ခံစစ်ပိုင်းလည်း ဖြစ်နိုင်ပါတယ်။ လစ်ဗာပူးလ်ဟာ တိုက်စစ်ပိုင်းက ဂိုးတွေရနေပေမယ့် ခံစစ်ပိုင်း ကတော့ သိသိသာသာ ဂိုးတွေ ပေးနေရပါတယ်။ ဆလော့တ်ရဲ့ အသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲ ကစားပြီးချိန်မှာ ရဂိုး ၇ ဂိုး ရှိထားပေမယ့် တစ်ပွဲကို ၂ ဂိုးနှုန်း ပေးထားရတဲ့ ခံစစ် ကတော့ အားနည်းနေတယ် ဆိုတာ သိသာပါတယ်။

ဒီတော့ လစ်ဗာပူးလ် အနေနဲ့ အပြောင်းအရွှေ့ မပိတ်ခင်မှာ တိုက်စစ်ကို အားဖြည့်မလား။ ခံစစ်ကို ပြင်ဆင်မလား ဆိုတာ ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်