လိုက်ပ်ဇစ် ကြယ်ပွင့် ဇာဗီ ဆိုင်မွန်စ် ကတော့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ သတင်းတွေ အကျယ်လောင်ဆုံး ထွက်ပေါ်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ ဇာဗီ ဆိုင်မွန်စ်က အပြောင်းအရွှေ့ ကိစ္စတွေကို အပြီးသတ်ဖို့ အတွက် လန်ဒန်မြို့ကို ရောက်ရှိနေပေမယ့် ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ကတော့ တော့တင်ဟမ်ဟော့စပါးနဲ့ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။
အသက် ၂၂ နှစ် အရွယ်သာ ရှိနေသးတဲ့ နယ်သာလန် ကွင်းလယ် တိုက်စစ် ကစားသမားလေးဟာ လိုက်ပ်ဇစ်ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို လွဲချော်ခဲ့ပြီး စပါးနဲ့ အပြီးသတ် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လိုက်ပ်ဇစ် ဘက်ကလည်း သူတို့ရဲ့ ကစားသမား အနာဂတ် အတွက် ပရီးမီးယားလိဂ် ကလပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ခွင့်ပြုထားကြောင်း ဂျာမန် သတင်းဌာ BILDက အတည်ပြု ဖော်ပြခဲ့ပါတယ်။
လိုက်ပ်ဇစ်ဟာ ပြီးခဲ့တဲ့ ရာသီက ရလဒ်တွေ ဆိုးရွားခဲ့ပြီး ဥရောပ ဝင်ခွင့်လည်း မရရှိခဲ့တာကြောင့် ဘဏ္ဍာရေး ဆိုင်ရာ ထိခိုက်မှုတွေ ရှိနေပြီး အဓိက ကစားသမားတွေကို ရောင်းထုတ်နေရတာ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ ဇာဗီ ဆိုင်မွန်စ် အတွက် အပိုဆုကြေးတွေ အပါအဝင် ယူရို သန်း ၇၀ ဝန်းကျင် ရရှိဖို့ မျှော်လင့်နေပြီး နှစ်ဖက် အသင်းကြား သဘောတူညီမှု ရရှိဖို့လည်း များနေပါတယ်။ အကယ်၍ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ရင်တော့ မန်ချက်စတာယူနိုက်တက်ထံ ယူရို သန်း ၈၀ နဲ့ ရောင်းထုတ်ခဲ့တဲ့ ဆက်စ်ကို ပြီးနောက် လိုက်ပ်ဇစ် အတွက် ဒုတိယမြောက် တန်ဖိုး အကြီးဆုံး ရောင်းချမှု ဖြစ်လာတာ့မှာပါ။

တကယ်တော့ ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူဖို့ အချိန်အတော်ကြာ ရေပန်းစားခဲ့တဲ့ အသင်းက ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီး ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမား ကိုယ်တိုင် ကလည်း ချဲလ်ဆီးကို ပြောင်းရွှေ့ချင်ခဲ့သလို ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုလည်း ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးက ဘာစီလိုနာ ကစားသမား ဖာမင်း လိုပက်ဇ်ကို ပြောင်းလဲ ပစ်မှတ်ထားလိုက်ပြီး ယူရို သန်း ၅၀ နဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီအခြေအနေကြောင့် ဆိုင်မွန်စ်ရဲ့ လားရာ ကလည်း ပြောင်းလဲသွားခဲ့ပြီး စပါး ဘက်က ကမ်းလှမ်းလာချိန်မှာတော့ အခါအခွင့်သင့်သွားခဲ့တာ ဖြစ်ပါတယ်။ စပါး အနေနဲ့ အပြောင်းအရွှေ့ နောက်ဆုံးရက် ဖြစ်တဲ့ တနင်္လာနေ့ မတိုင်ခင် ဇာဗီ ဆိုင်မွန်စ်ကို အရ ခေါ်ယူသွားဖွယ် ရှိပြီး မကြာခင် တရားဝင် ကြေညာသွားနိုင်ခြေ ရှိပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားသလို အဓိက ပြိုင်ဘက်တွေနဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်ဖို့ အတွက် အရည်အသွေးမြင့် ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦး လိုအပ်နေတာပါ။ ဒါ့အပြင် စပါးက အသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ဂျိမ်းစ် မက်ဒီဆင်ကို ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာကြောင့် ကာလရှည်ကြာ လက်လွှတ်ထားရဖို့ ရှိနေတာကြောင့် ဇာဗီ ဆိုင်မွန်စ်ကို အသေအချာလိုက်ခဲ့ခြင်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ဆိုရပါမယ်။
စပါးဟာ အခုလ အစောပိုင်းမှာ အဓိက ပစ်မှတ် ဖြစ်တဲ့ အီဘာရီချီ အီးဇီးကို ခေါ်ယူဖို့ အနီးစပ်ဆုံး အခြေအနေထိ ရောက်ပြီးမှ ခါးသီး မြို့ခံပြိုင်ဘက် အာဆင်နယ်ရဲ့ Hijack လုပ်ခြင်းခံခဲ့ရပါတယ်။ အီးဇီး မတိုင်ခင် ကလည်း စပါးက အင်္ဂလန် ကွင်းလယ် တိုက်စစ် ကစားသမား မော်ဂန် ဂစ်ဘ်-ဝှိုက် ကို ခေါ်ယူဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့ပါသေးတယ်။ ဂစ်ဘ်ဝှိုက်ဟာ ဆိုရင် စပါးဆီကို လာရောက် ဆေးစစ်မှု ခံယူပြီးမှ ဖောရက်စ် ဘက်က မကျေနပ်မှုတွေကြောင့် အပြောင်းအရွှေ့ ပျက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက် ဂစ်ဘ်-ဝှိုက် ကလည်း ဖောရက်စ်နဲ့ပဲ စာချုပ်သက်တမ်း တိုးမြှင့်သွားခဲ့ပါတယ်။စပါး ကတော့ လက်ရှိမှာ နည်းပြသစ် သောမက်စ် ဖရန့်ခ်နဲ့ အတူ ပုံစံကောင်းတွေ ပြသနေပြီး ရာသီ အဖွင့် ၂ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၆ မှတ်၊ ရဂိုး ၅ ဂိုးနဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ စပါးဟာ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.