နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာတေးတား အနေနဲ့ ဒီရာသီမှ ဆုဖလား မယူနိုင်ရင် နောက်ဘယ်တော့မှ ယူနိုင်မှာ မဟုတ်ကြောင်း သုံးသပ်လိုက်တဲ့ ဝိန်းရွန်နီ | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ၀ိန်း ရွန်နီက အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား အနေနဲ့ ဒီရာသီမှ ဆုဖလား မရယူနိုင်ရင် ဘယ်တော့မှ မရနိုင်တော့ဘူးလို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ နှစ်ပေါင်း ၂၁ နှစ်ကျော် ဝေးကွာနေသလို ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလ အတွင်းမှာလည်း အဓိက ဆုဖလားတွေ ရယူထားနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒီအခြေအနေနဲ့ ပတ်သတ်လို့ ရွန်နီက သူ့ရဲ့ Podcast အစီအစဉ် တစ်ခု ဖြစ်တဲ့ The Wayne Rooney Show မှာ အာဆင်နယ် အနေနဲ့ ဒီရာသီမှာမှ ဆုဖလား မရရင် ဘယ်တော့မှ ရမှာ မဟုတ်ဘူးလို့ ထင်မြင်သလား ဆိုပြီး မေးမြန်းတာကို ရွန်နီက အခုလိုပဲ ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဝိန်းရွန်နီက “အာဆင်နယ် အတွက်တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အာတေးတား အတွက်တော့ ဖြစ်နိုင်တယ်လို ထင်ပါတယ်။ သူတို့က သူ့ကို ကစားသမားတွေ အများကြီး ခေါ်ယူခွင့် ပေးပြီး ငွေကြေးတွေ အများကြီး သုံးစွဲခဲ့ပါတယ်။ အသင်း ဘုတ်အဖွဲနဲ့ ပရိသတ်တွေက ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူပေးဖို မျှော်လင့်နေပါတယ်။ ဒါကြောင့် ဒီနှစ်က သူ့အတွက် ကြီးမားတဲ့ နှစ်တစ်နှစ် ဖြစ်နိုင်ပါတယ်။” လို့ ပြောကြားခဲ့တာပါ။

အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်

ဒါပေမယ့်လည်း အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုးဟောင်းက လစ်ဗာပူးလ်သာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ချန်ပီယံ ထပ်ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်ကြောင်း ထင်ကြေးပေးခဲ့ပါတယ်။ ဒါ့အပြင် ရွန်နီက လစ်ဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ အာဆင်နယ် အနေနဲ့ ပိုပြီး ရဲရဲတင်းတင်း ကစားခဲ့သင့်ကြောင်း၊ မရှုံးနိမ့်ရေးကို ဦးမတည်ဘဲ နိုင်ပွဲကို ဦးတည်ပြီး ကစားသင့်တယ်လို ထင်ကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။ “လစ်ဗာပူးလ်က အရမ်းကောင်းတဲ့ အသင်းပါ။ ပြီးခဲ့တဲ့နှစ် အနည်းငယ် အတွင်းမှာ လိဂ်ဖလားကို နှစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ အသိပညာနဲ့ ဗဟုသုတတွေ သူတို့မှာ ရှိပါတယ်။ ပွဲတွေကို အနိုင်ရတာက အသင်းကောင်း တစ်သင်းရဲ့ လက္ခဏာ တစ်ခုပါပဲ။ အာဆင်နယ် အနေနဲ့ နည်းနည်းလေး ရဲရင့်ခဲ့ရင် လစ်ဗာပူးလ်ကို ဖိအားပိုပေးနိုင်ခဲ့ရင်၊ သူတို့ နိုင်သွားနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီနေ့ အာဆင်နယ် အတွက် တကယ့်ကို အခွင့်အရေးကောင်းတွေ လက်လွှတ် ဆုံးရှုံးသွားတယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

စပိန်လူမျိုး နည်းပြ မီခဲလ် အာတေးတား ကတော့ အာဆင်နယ်ကို ပရီးမီးယားလိဂ်မှာ ၃ ရာသီ ဆက်တိုက် ဒုတိယ ရအောင် စွမ်းဆောင်ပေးထားပေမယ့် လက်ရှိ ရာသီမှာ ဆုဖလား မရရင်တော့ အသင်းနဲ့ လမ်းခွဲရလိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် မြောက်လန်ဒန် ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးဟာ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့တာကြောင့် အာဆင်နယ် ပရိသတ်တွေ အနေနဲ့ ဥရောပ အောင်မြင်မှု ရရှိရေး အတွက်လည်း မျှော်လင့်နေကြပါတယ်။

ဒီနွေရာသီမှာ အာဆင်နယ်က ကီပါ အရစ်ဇာဘာလာဂါ၊ မာတင် ဇူဘီမန်ဒီ၊ ခရစ္စရှန် နော့ဂတ်၊ ခရစ္စသီယန် မော့စ်ကီယာ၊ နိုနီ မာဒူခေး၊ ဗစ်တာ ယိုကီးရက်စ်၊ အီဘာရီချီ အီးဇီး တို့ကို ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် ဂန်းနားတွေက အပြောင်းအရွှေ့ နောက်ဆုံး ရက်မှာတော့ လေဗာကူဆင်ရဲ့ နောက်ခံလူ ပီရို ဟင်ကပ်ပီကို ထပ်မံ ခေါ်ယူနိုင်ခဲ့ပါသေးတယ်။ အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ချန်ပီယံလိဂ် မှာတော့ အာဆင်နယ်က လိဂ်အဆင့်မှာ ဘေယန်မြူးနစ် (အိမ်)၊ အင်တာမီလန် (အဝေး)၊ အက်တလက်တီကိုမက်ဒရစ် (အိမ်)၊ ကလပ် ဘရုဂေး (အဝေး)၊ အိုလံပီယာကော့စ် (အိမ်)၊ ဆလားဗီးယား ပရာဟာ (အဝေး)၊ ကိုင်ရတ် အဲလ်မာတီ (အိမ်)၊ ဘီလ်ဘာအို (အဝေး) တို့နဲ့ တွေ့ဆုံရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်