နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်ခဲ့တဲ့ ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်သီးလိဂ်တွေရဲ့ ၂၀၂၅ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် နောက်ဆုံးနေ့

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်သီးလိဂ်တွေရဲ့ ၂၀၂၅ ခုနှစ် နွေရာသီ အတွက် အပြောင်းအရွှေ့ စျေးကွက် ကတော့ မနေ့ကပဲ တရားဝင် ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီနောက်ဆုံးနေ့ မှာတော့ ကစားသမား အပြောင်းအရွှေ့တွေ များစွာ ဖြစ်ပေါ်ခဲ့ပြီး ထိပ်တန်း အပြောင်းအရွှေ့ တချို့ကို အခုလိုပဲ စုစည်းဖော်ပြပေးလိုက်ရပါတယ်။

လစ်ဗာပူးလ် ကတော့ နယူးကာဆယ်ရဲ့ ဆွီဒင် တိုက်စစ်ကစားသမား အလက်ဇန္တား အိဆက်ခ်ကို ပရီးမီးယားလိဂ် သမိုင်းတလျှောက် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် သန်း ၁၃၀ နဲ့ ခေါ်ယူသွားနိုင်ခဲ့ပါတယ်။ တစ်ဖက် မှာလည်း နယူးကာဆယ်က တိုက်စစ် အတွက် နစ်ခ် ဝေါလ်တီမိတ်ဒ်ကို ပြန်လည် ခေါ်ယူထားပေမယ့် ဘရန့်ဖို့ဒ်က ကွန်ဂို တိုက်စစ် ကစားသမား ယိုအာနေး ဝစ်ဆာကို ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ အသက် ၂၈ နှစ် အရွယ် ကစားသမားရဲ့ပြောင်းရွှေ့ကြေး ကတော့ ကနဦး ပေါင် သန်း ၅၀ နဲ့ အပိုဆုကြေး ပေါင် ၅ သန်း ရှိမယ်လို့ သိရပါတယ်။

ဖီနာဘာချီ ကတော့ ပြိုင်ဘက် ဂါလာတာစာရေးရဲ့ အဓိက ပစ်မှတ် ဖြစ်တဲ့ မန်ချက်စတာစီးတီး ဂိုးသမား အီဒါဆန် မိုရေးစ်ကို ပြောင်းရွှေ့ကြေး ယူရို ၁၄ သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ် မန်စီးတီး ကတော့ အီဒါဆန်ကို ရောင်းချပြီးနောက် ပီအက်စ်ဂျီရဲ့ အီတလီ ဂိုးသမား ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမားကို ပြန်လည် ခေါ်ယူသွားခဲ့ပါတယ်။ အဲနောက် ဖီနာဘာချီက ပီအက်စ်ဂျီရဲ့ စပိန် ကွင်းလယ် တိုက်စစ်နဲ့ တောင်ပံ ကစားသမား မာကို အဆန်စီယိုကို ပြောင်းရွှေ့ကြေး ယူရို ၈.၅ သန်းနဲ့ တရားဝင် ခေါ်ယူနိုင်ခဲ့ပါတယ်။

အင်တာမီလန် ကတော့ မန်ချက်စတာစီးတီးရဲ့ ဆွစ်ဇာလန် နောက်ခံလူ မန်ဝဲလ် အာကန်ဂျီကို တစ်ရာသီ အငှား + ယူရို ၁၅ သန်းတန် အပြီးသတ် ဝယ်ယူခွင့်တို့နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် တန်းတက် ကလပ် ဘန်လေ ကတော့ ဘင်ဖီကာရဲ့ ပေါ်တူဂီ ကွင်းလယ် ခံစစ်ကစားသမား ဖလော်ရီယန်တီနို လူးဝစ္စကို တစ်ရာသီအငှား + အပြီးသတ် ဝယ်ယူခွင့်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဘန်လေဟာ လူးဝစ္စ အတွက် ကနဦး အငှားခေါ်ယူခ အဖြစ် ယူရို ၂ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် အဖြစ် ယူရို ၂၄ သန်း ပေးချေသွားရမှာ ဖြစ်ပါတယ်။

ရီးရဲလ်ဘက်တစ် ကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ဘရာဇီးလ် တောင်ပံ ကစားသမား အန်တိုနီကို ယူရို ၂၅ သန်း + ပြန်လည် ရောင်းချခြင်း ကနေ အကျိုးခံစားခွင့် ၅၀ ရာခိုင်နှုန်း တို့နဲ့ အပြီးသတ် ခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ယူနိုက်တက်မှာ နေရာမရ ဖြစ်နေတဲ့ နောက်ထပ် ကစားသမား တစ်ဦး ဖြစ်တဲ့ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ကလည်း နာပိုလီကို တစ်ရာသီ အငှား + အပြီးသတ် ဝယ်ယူခွင့် တို့နဲ့ ပြောင်းရွှေ့သွားပါတယ်။ နာပိုလီက ဟွိုက်ဂျ်လန်းကို ယူရို ၄၄ သန်းနဲ့ အပြီးသတ် ဝယ်ယူနိုင်မှာ ဖြစ်ပြီး ကနဦး အငှားခေါ်ယူခ အဖြစ် ယူရို ၆ သန်း ပေးချေရမှာလည်း ဖြစ်ပါတယ်။ 

အက်စတွန်ဗီလာ ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ အဆင်မပြေ ဖြစ်နေတဲ့ အင်္ဂလန် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ကနဦး အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့ အကြားမှာ ဆန်ချိုရဲ့ အပြောင်းအရွှေ့ အပြင် ဂိုးသမား မာတီနက်ဇ်ရဲ့ အပြောင်းအရွှေ့ပါ ဖြစ်ပေါ်ဖွယ် ရှိခဲ့ပေမယ့် ယူနိုက်တက်ဟာ ဘယ်လ်ဂျီယမ် ကလပ် ရွိုင်ရယ် အန့်ဝပ် ဂိုးသမား ဆန်နီ လန်းမန်းစ်ကို ပြောင်းရွှေ့ကြေး ယူရို ၂၁ သန်း + အပိုဆုကြေး တို့နဲ့ ခေါ်ယူသွားခဲ့ပါတယ်။

အဲဒီနောက် ဗီလာက ယူနိုက်တက် နောက်ခံလူဟောင်း တစ်ဦး ဖြစ်တဲ့ ဆွီဒင် နောက်ခံလူ ဗစ်တာ လင်ဒီလော့ဖ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီး ၂ နှစ် + ၁ နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် ဗီလာရဲ့ အပြောင်းအရွှေ့ နောက်ဆုံးရက် နောက်ထပ် ကစားသမား ခေါ်ယူမှု အဖြစ် လစ်ဗာပူးလ်ရဲ့ အင်္ဂလန် ကွင်းလယ် တိုက်စစ် ကစားသမားလေး ဟာဗေး အဲလီယော့တ်ကို တစ်ရာသီ အငှား + ပေါင် ၃၅ သန်းတန် အပြီးသတ် ဝယ်ယူခွင့်နဲ့ ခေါ်ယူသွားခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ် ကတော့ အသင်းခေါင်းဆောင် နောက်ခံလူ မာ့ခ် ဂူဟီကို အသင်းမှာ ဆက်ထိန်းထားခဲ့သလို ဘရိုက်တန် နောက်ခံလူ အီဂေါလ်ကို အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပဲလေ့စ်ဟာ တူးလော့စ် နောက်ခံလူ ကန်ဗော့ကို ပေါင် ၁၇.၅ သန်းနဲ့ ၄ နှစ် စာချူပ်နဲ့ ခေါ်ယူခဲ့ပြီး ဂီတာဖေး တိုက်စစ်မှူး အူချီ ကိုတော့ ပေါင် ၁၇.၅ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ပါတဲ့ တစ်ရာသီ အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။

ဒီကစားသမားဟာ ဒီနွေရာသီ ပရီးမီးယားလိဂ် ထိပ်သီးတို့ အတွက် ၈ ဦးမြောက် ခေါ်ယူမှုလည်း ဖြစ်ခဲ့ပါတယ်။
ဟင်ကပ်ပီကို တစ်ရာသီ အငှားနဲ့ အရင်ဆုံး ခေါ်ယူပြီးမှ အပြီးသတ် ခေါ်ယူမယ့် အာဆင်နယ်

ဘုန်းမောက် ကတော့ ဇဗက်ဒါ နောက်ခံလူ မီလို ဆာယီဗစ်ကို ပေါင် ၁၃ သန်း၊ အေစီမီလန် ညာနောက်ခံလူ အဲလက်စ် ဟင်မီနက်ဇ်ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။

ဆန်းဒါးလန်း ကတော့ အေဂျက်စ် တိုက်စစ်မှူး ဘရော့ဘီကို ပေါင် ၂၁.၅ သန်းနဲ့ ၄ နှစ် စာချုပ်၊ တောင်ပံကစားသမား ဘာထရန် ထရာအိုရေးကို ပေါင် ၂.၅ သန်းနဲ့ ၁ နှစ် စာချုပ်၊ လိုက်ပ်ဇစ် နောက်ခံလူ ဂီယာ ထရူဒါကို တစ်ရာသီ အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။

နော့တင်ဟမ်ဖောရက်စ် ကတော့ စထရက်ဘော့ဂ် တောင်ပံကစားသမား ဘက်ဝါကို ပေါင် ၃၅ သန်းနဲ့ ၅ နှစ် စာချုပ်၊ ဘိုတာဖိုဂို ဘယ်နောက်ခံလူ ကူယာဘာနိုကို ပေါင် ၅ သန်းနဲ့ ၄ နှစ် စာချုပ်၊ အာဆင်နယ် ဘယ်နောက်ခံလူ ဇင်ချန်ကိုကို တစ်ရာသီ အငှားစာချုပ် တို့နဲ့ ခေါ်ယူခဲ့ပါတယ်။

ကစားသမားတွေ အများကြီး ခေါ်ယူထားတဲ့ ချဲလ်ဆီး ကလည်း ဘရိုက်တန်ရဲ့ အာဂျင်တီးနား ကွင်းလယ် တိုက်စစ်နဲ့ တောင်ပံ ကစားသမား ဖာကွန်ဒို ဘူအန်နော့တီကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ တစ်ဖက် မှာလည်း ချဲလ်ဆီးက အသင်းရဲ့ ဆီနီဂေါ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန်ကို တစ်ရာသီ အငှား + ယူရို ၆၅ သန်းတန် အပြီးသတ် ခေါ်ယူခွင့် တို့နဲ့ ဘေယန်မြူးနစ်ထံ ပြောင်းရွှေ့ခွင့် ပြုလိုက်ပါတယ်။ ဘေယန်ဟာ ဂျက်ဆန်ရဲ့ ကနဦး အငှားခေါ်ယူကြေး ကိုလည်း ယူရို ၁၆.၅ သန်း အထိ ပေးချေသွားရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ကမှ နယ်သာလန် ကြယ်ပွင့် ဇာဗီ ဆိုင်မွန်စ်ကို အရ ခေါ်ယူထားနိုင်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး ကလည်း ဂျုဗင်တပ်စ်ကို ရောက်ရှိမယ်လို့ သတင်းတွေ ထွက်နေတဲ့ ပြင်သစ် တိုက်စစ် ကစားသမား ရန်းဒဲလ် ကိုလို မူအာနီကို တစ်ရာသီ အငှား (အပြီးသတ် ခေါ်ယူခွင့် မပါဝင်) နဲ့ ခေါ်ယူသွားခဲ့ပါတယ်။

အာဆင်နယ် ကတော့ လေဗာကူဆင်ရဲ့ အီကွေဒေါ နောက်ခံလူ ပီရို ဟင်ကပ်ပီကို တစ်ရာသီ အငှား + ပေါင် ၄၅ သန်းတန် အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဒီကစားသမားဟာ ဒီနွေရာသီ ပရီးမီးယားလိဂ် ထိပ်သီးတို့ အတွက် ၈ ဦးမြောက် ခေါ်ယူမှုလည်း ဖြစ်ခဲ့ပါတယ်။

ဖူလ်ဟမ် ကတော့ အေစီမီလန် တိုက်စစ် ကစားသမား ဆင်မြူရယ် ချူကွီဇီကို အငှား + အပြီးသတ် ခေါ်ယူခွင့်၊ ရှက်တာဒိုးနက်ရဲ့ ဘရာဇီးလ် တောင်ပံ ကစားသမား ကဲလ်ဗင်ကို ယူရို ၄၅ သန်းနဲ့ ခေါ်ယူသွားခဲ့ပါတယ်။ 

အေစီမီလန် ကတော့ မာဆေးလ် ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့တ်ကို ယူရို ၁၀ သန်းနဲ့ ၃ နှစ် စာချုပ်ချုပ်ကာ ခေါ်ယူခဲသလို ဝုလ်ဖ်ဘတ် နောက်ခံလူ အိုဒိုဂူ ကိုလည်း ယူရို ၁၀ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်