နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိဆက်ခ်နဲ့ သူ့ရဲ့ အကြားမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု ရှိလာလိမ့်မယ်လို့ ဆိုလိုက်တဲ့ အစ်ကီတီကီ | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီ ကတော့ အသင်းဖော်သစ် အလက်ဇန္တား အိဆက်ခ် ရောက်ရှိလာမှုကြောင့် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိလာဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဒါ့အပြင် ပြင်သစ်သားက ပရီးမီးယားလိဂ် ကလပ်မှာ နေရာ တစ်နေရာ ရဖို့ အတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေကြောင်းလည်း ပြောကြားလိုက်ပါတယ်။

 အစ်ကီတီကီဟာ ဒီနွေရာသီ အပြောင်းအရွှေ့ရဲ့ ဇူလိုင်လမှာ ပြောင်းရွှေ့ကြေး ပေါင် ၈၂ သန်းနဲ့ ဖရန့်ဖတ် ကနေ လစ်ဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဆွီဒင်သား အိဆက်ခ် ကတော့ အပြောင်းအရွှေ့ ပိတ်ခါနီးမှ နယူးကာဆယ် ကနေ ပေါင် ၁၂၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ နယူးကာဆယ် အတွက် ပြိုင်ပွဲစုံ ၁၀၉ ပွဲ ကစားပြီး ၆၂ ဂိုး သွင်းယူထားခဲ့တဲ့ အိဆက်ခ်ဟာ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင်လည်း ဖြစ်ပါတယ်။

အိဆက်ခ်ဟာ စိန့်ဂျိမ်းစ်ပါ့ခ် ကနေ ထွက်ခွာခွင့်ရဖို့ အတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ပြီး တစ်ဦးတည်း သီးသန့် လေ့ကျင့်ခန်းဆင်းကာ သပိတ်မှောက်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး မှာတော့ နယူးကာဆယ် ဘက်က အလျော့ပေးခဲ့ရပြီး အပြောင်းအရွှေ့ နောက်ဆုံးနေ့ အရောက်မှာ လစ်ဗာပူးလ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာတော့ အာဆင်နယ်ကို ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
တိုက်စစ်ပိုင်း အတွက် အိဆက်ခ်နဲ့ အစ်ကီတစ်ကီကို အလှည့်ကျ ပွဲထွက်ခွင့် ပေးသွားဖွယ် ရှိနေတဲ့ လစ်ဗာပူးလ်

အစ်ကီတီကီ ကတော့ လစ်ဗာပူးလ် ကစားသမား ဘဝကို အစပိုင်းကို အကောင်းဆုံး ပုံစံနဲ့ စတင်ထားနိုင်ပြီးတော့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ၂ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးပေးထားခဲ့ပါတယ်။ ဒါ့အပြင် အစ်ကီတီကီက ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ် မှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ တစ်ဖက် မှာတော့ အိဆက်ခ်က ရာသီသစ်မှာ ကလပ် အသင်း အတွက် ပွဲထွက် မကစားရသေးပဲ နိုင်ငံ လက်ရွေးစင် အသင်း အတွက် ကိုတော့ ကိုဆိုဗိုနဲ့ ပွဲမှာ ၁၈ မိနစ်သာ ဝင်ရောက် ကစားခွင့်ရခဲ့ပါတယ်။ ဒီပွဲမှာ ဆွီဒင်က ကိုဆိုဗိုကို ၂-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အိဆက်ခ်ဟာ လစ်ဗာပူးလ် အတွက် ဘန်လေနဲ့ ပွဲမှာ ပွဲဦးထွက် အဖြစ် ကစားရဖွယ် ရှိနေပြီး သူ့ရဲ့ ပထမဦးဆုံး အိမ်ကွင်း (အန်ဖီးလ်) ပွဲဦးထွက် ကတော့ အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီ ပွဲစဉ် ဖြစ်ဖို့ ရှိနေပါတယ်။

အစ်ကီတီကီ ကတော့ ပြီးခဲ့တဲ့ လကမှ ပြင်သစ် လက်ရွေးစင် အသင်းကြီး အတွက် ပွဲဦးထွက် ပါဝင်ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။ သူ့ အနေနဲ့ အသက်အရွယ် အားဖြင့် ၂၃ နှစ်သာ ရှိသေးတာကြောင့် အတွေ့အကြုံပိုင်း လိုအပ်ချက်တွေ ရှိနေသေးပြီး လစ်ဗာပူးလ်လို အသင်းကြီး တစ်သင်းမှာ နေရာ တစ်နေရာ အပိုင် ရရှိဖို့ အတွက်လည်း ရင်ဆိုင်ရမယ့် အခြေအနေတွေ ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း အစ်ကီတီကီ ကတော့ ပြိုင်ဆိုင်မှုတွေက မလွဲမသွေ ကြုံတွေ့ရမယ့် အရာတွေ ဖြစ်ကြောင်း လက်ခံထားပြီး အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

အစ်ကီတီကီက “ခင်ဗျားက အကောင်းဆုံး အသင်းတွေမှာ ကစားပြီဆိုရင်တော့ အကောင်းဆုံး ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရမယ် ဆိုတာကို မလွဲမသွေ မျှော်လင့်ထားရပါမယ်။ အိဆက်ခ်က ကျွန်တော် အရင်ကတည်းက မြင်တွေ့ခဲ့ရတဲ့ ကစားသမားပါ။ အခု သူရောက်လာတာကို မြင်ရတော့ ဝမ်းသာစရာပါပဲ။ ဒါက ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု တစ်ခု ဖြစ်လာမှာပါ။ ဒါပေမယ့် ကျွန်တော် ကတော့ အကောင်းဆုံး ဖြစ်ဖို့နဲ့ ခြေစွမ်းပြနိုင်ဖို ကြိုးစားသွားမှာပါ။ ဒါက နည်းပြ အတွက်ပဲ ခေါင်းခဲရမယ့် ကိစ္စ ဖြစ်လာပါလိမ့်မယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာတော့ အာဆင်နယ်ကို ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲ ရထားတဲ့ တစ်သင်းတည်းသော အသင်း အဖြစ် ကျန်ရှိနေပြီး အဓိက ပြိုင်ဘက်တွေ ကိုလည်း အမှတ်စဖြတ်ထားပါပြီ။ အာနေး ဆလော့တ်ရဲ့ အသင်းက ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ဆက်လက် ကာကွယ်နိုင်ဖို့ မျှော်လင့်ထားတဲ့ အသင်းပီပီ အားရစရာကောင်းတဲ့ အားဖြည့်မှုတွေလည်း ပြုလုပ်ထားပါတယ်။ လစ်ဗာပူးလ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၈ ဦး အတွက် ပေါင် ၄၁၅ သန်း သုံးစွဲခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်