ပေါ်တူဂီ လက်ရွေးစင် အသင်း နည်းပြ ရော်ဘတ်တို မာတီနက်ဇ် ကတော့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုဟာ အကောင်းဆုံးတွေ ဖြစ်လာဖို့ ဆာလောင်နေသေးကြောင်း ပြောကြားလာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ဥရောပဇုန်) အုပ်စု F ရဲ့ အဖွင့် ပွဲစဉ်မှာ အာမေးနီးယား ဘက်ကို ၂ ဂိုး သွင်းယူခဲ့ပြီး လှပတဲ့ အဝေးကန်ချက်နဲ့ သွင်းဂိုး ၁ ဂိုးလည်း ပါဝင်ခဲ့ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုဟာ အဲဒီပွဲက သွင်းဂိုး ၂ ဂိုးကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ သူ့ရဲ့ သွင်းဂိုး အရေအတွက်က ၃၈ ဂိုး အထိ ရှိလာခဲ့ပြီး သွင်းဂိုး အများဆုံး ကစားသမား အဖြစ် စံချိန်သစ် တင်ဖို့ အနီးစပ်ဆုံး ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုက ကစားသမားဘဝ တလျှောက် ကလပ်နဲ့ နိုင်ငံအသင်း အတွက် သွင်းယူခဲ့တဲ့ ဂိုးပေါင်း ၉၄၂ ဂိုး အထိ ရှိလာခဲ့ပြီး အဲဒီအထဲက ဂိုး ၁၄၀ က ပေါ်တူဂီ အတွက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အသက် ၄၀ ပြည့်ခဲ့ပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ဆင်နွှဲလိုနေဆဲ ဖြစ်ပြီး သူ့အတွက် လိုအပ်နေတဲ့ တစ်ခုတည်း လက်ကျန် အောင်မြင်မှု အတွက် မျှော်လင့်ချက်ထားနေဆဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မကြာသေးခင်ကပဲ အဲလ်နာဆာနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ၎င်းရဲ့ အနာဂတ်ကို ဆော်ဒီပရိုလိဂ်မှာ ၂၀၂၇ ခုနှစ် အထိ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် ဇွန်လ မှာတော့ ပေါ်တူဂီနဲ့ ဒုတိယအကြိမ်မြောက် နေးရှင်းလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ရော်ဘတ်တို မာတီနက်ဇ်က ရော်နယ်ဒိုရဲ့ အကြီးမားဆုံး ရည်မှန်းချက်က ကမ္ဘာ့ဖလား ဆွတ်ခူးဖို့ ဖြစ်ပြီး မဝေးတော့တဲ့ အနာဂတ် အတွက်သာ အဓိက အာရုံစိုက်ထားကြောင်း ပြောဆိုခဲ့ပါတယ်။ မာတီနက်ဇ်က ဟန်ဂေရီနဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ မတိုင်ခင်မှာ “ရော်နယ်ဒိုက ပထမဆုံး အကြိမ် ကစားရတဲ့ လူငယ် ကစားသမား တစ်ယောက်လို နေ့စဉ်နဲ့ အမျှ နေထိုင်နေပါတယ်။ သူ့ကိုယ်သူ မြှုပ်နှံထားပုံက နေ့တိုင်း လန်းဆန်းမှု အပြည့်နဲ့ပါ။ သူက အောင်နိုင်သူပါ။ အကောင်းဆုံး ဖြစ်ဖို့ ဆာလောင်နေပါတယ်။”
“ကမ္ဘာ့ဖလားမှာ သူအတတ်နိုင်ဆုံး အကောင်းဆုံး လုပ်နေပါတယ်။ သူ့မှာ ရေရှည် ရည်မှန်းချက် မရှိပါဘူး။ သူက နေ့တိုင်း အကောင်းဆုံး ဖြစ်ချင်တယ်။ သူ့ရဲ့ အာရုံစူးစိုက်မှုက နေ့စဉ်နဲ့ အမျှပါပဲ။ သူပြောပြတဲ့အရာတွေ အကြောင်း မကြာခဏ ပြောခဲ့ပြီးပြီ။ ဒါပေမယ့် ဒါတွေဟာ အနာဂတ်ရဲ့ အသွင်အပြင်တွေ မဟုတ်ပါဘူး၊ အဲဒါတွေက နေ့စဉ်ဘ၀ရဲ့ အသွင်အပြင်တွေပါပဲ။ [ပေါ်တူဂီ] ဂျာစီကို ဝတ်ဆင်ရခြင်းရဲ့ အဓိပ္ပါယ်က လော့ကာခန်းထဲက အသင်းခေါင်းဆောင် တစ်ဦးရဲ့ မက်ဆေ့ချ် ဖြစ်ပြီး ဒါက အများကြီး အထောက်အကူ ဖြစ်စေပါတယ်။” လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီ ကတော့ ဟန်ဂေရီနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၁၄ ပွဲမှာ ရှုံးပွဲ မရှိခဲ့ပဲ ၁၀ ပွဲနိုင်၊ ၄ ပွဲ သရေကျခဲ့ပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆင့် မှာတော့ ပေါ်တူဂီနဲ့ ၄ ကြိမ် တွေ့ဆုံထားခဲ့ပြီး ၄ ကြိမ် စလုံး အနိုင်ရထားခဲ့ပါတယ်။
ဘာနာဒို ဆေးလ်ဗား ကတော့ အာမေးနီးယားနဲ့ ပွဲမှာ ပါဝင်ကစားခြင်း မရှိခဲ့ပေမယ့်လည်း လာမယ့် ကမ္ဘာ့ဖလား မှာတော့ ပါဝင်နိုင်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။ ဆေးလ်ဗားက “ဆုဖလား ရရှိပြီး ဒီမျိုးဆက်နဲ့ အတူတကွ ဖြတ်သန်းရတာ အမြဲတမ်း ကောင်းပါတယ်။ ကျွန်တော်တို့ အောင်ပွဲတွေ ရလို့ အရမ်းပဲ ဂုဏ်ယူမိပြီး အရေးကြီးတဲ့ ပန်းတိုင် တစ်ခုဆီ လျှောက်လှမ်းနေပါတယ်။ အခုချိန်မှာတော့ ပေါ်တူဂီက ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ဖို့ ပြီးတော့ အဲဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ပြီး ကျွန်တော် တို့မှာ ရှိနေတဲ့ ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ အားလုံးကို ပေးဆပ်ဖို့ ရှိနေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.