ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ညက ကစားသွားတဲ့ ဟန်ဂေရီနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ သွင်းဂိုး ၁ ဂိုး ထပ်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ ရော်နယ်ဒိုက ပင်နယ်တီ ကနေ တဆင့် ဂိုးသွင်းခဲ့တာ ဖြစ်ပြီးတော့ သူ့ရဲ့ အသင်း ကလည်း ၃-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် ရော်နယ်ဒို အနေနဲ့ ကားလို့စ် ရူအစ်ဇ်ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဂိုးသွင်း အများဆုံး စံချိန်ကို လိုက်မှီသွားခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒို အနေနဲ့ အခုလို စံချိန်ကောင်း တစ်ခု ထပ်တင်နိုင်ခဲ့ပေမယ့် သူ့ရဲ့ ပေါ်တူဂီ ကတော့ ဟန်ဂေရီကို ခက်ခက်ခဲခဲ ကစားပြီးမှ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှင် အသင်းဟာ ပေါ်တူဂီကို ခြေစွမ်းအရ မယှဉ်နိုင်ခဲ့ပေမယ့် သွင်းဂိုးတွေတော့ ရအောင်ယူနိုင်ခဲ့ပြီး ရော်ဘတ်တို မာတီနက်ဇ်ရဲ့ အသင်းက ယာအို ကန်ဆယ်လိုရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် သက်သာရာရခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ပေါ်တူဂီက ရမှတ် ၆ မှတ်နဲ့ အတူ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ဥရောပဇုန်)ရဲ့ အုပ်စု F ကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပေါ်တူဂီဟာ အုပ်စု အဖွင့်ပွဲ မှာလည်း အာမေးနီးယားကို ၅-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒီပွဲမှာ ရော်နယ်ဒိုက ၂ ဂိုး သွင်းခဲ့ပါတယ်။ ပေါ်တူဂီက လာမယ့် အောက်တိုဘာလ ၁၂ ရက်နေ့မှာ အိုင်ယာလန်နဲ့ ပွဲစဉ် ၃ ကို ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆင့်မှာ ၃၉ ဂိုးမြောက် သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဂွါတီမာလာ ကစားသမား ကားလို့စ် ရုဇ်ရဲ့ စံချိန်ကို လိုက်မှီခဲ့တာလည်း ဖြစ်ပါတယ်။ ကားလို့စ် ရူအစ်ဇ်ဟာ ဒီစံချိန်ကို ရရှိဖို့ ၄၇ ပွဲ ကစားခဲ့ရပြီး ရော်နယ်ဒို ကတော့ ၄၉ ပွဲ ကစားခဲ့ရပါတယ်။ ဒီနှစ်ဦး ပြီးရင်တော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဆင့်မှာ သွင်းဂိုး အများဆုံး ကစားသမားက အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ ဖြစ်ပါတယ်။ မက်ဆီဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၇၂ ပွဲ အထိ ကစားခဲ့ရပြီး သွင်းဂိုး ၃၆ ဂိုး ရရှိထားခဲ့ပါတယ်။ အဲနောက် အီရန်က ဒါအီက ၅၁ ပွဲ ကစားပြီး ၃၅ ဂိုး၊ လီဝမ်ဒေါစကီးက ၄၁ ပွဲ ကစားပြီး ၃၂ ဂိုးနဲ့ အစဉ်လိုက် ရပ်တည်နေကြပါတယ်။
အသက် ၄၀ အရွယ် ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒို ကတော့ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ဝင်ရောက် ကစားခဲ့တဲ့ နောက်ဆုံး ၁၂ ပွဲမှာ ၁၁ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး လက်ရွေးစင် သွင်းဂိုး ကလည်း ၁၄၁ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ခရစ္စတီယာနို ရော်နယ်ဒိုက အသက် ၄၀ ပြည့်ပြီးချိန်မှာ သွင်းဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့တာလည်း သိရပါတယ်။
ဒါ့အပြင် ပေါ်တူဂီ G.O.A.T ကြီးက ကလပ် အသင်းနဲ့ လက်ရွေးစင် အသင်း နှစ်ခုပေါင်း သွင်းဂိုး ၉၄၃ ဂိုး ရှိသွားခဲ့ပြီ ဖြစ်ကာ သူရည်မှန်းထားတဲ့ ကစားသမား ဘဝ သွင်းဂိုး ၁၀၀၀ ပြည့်ဖို့ ကလည်း ၅၇ ဂိုးသာ လိုပါတော့တယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.