နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်းက အရည်အသွေးကို ပြသနိုင်ခဲ့ကြောင်း ကြုံးဝါးလိုက်တဲ့ အင်္ဂလန် နည်းပြ သောမက်စ် တူချယ် | ကမ္ဘာ့ဖလား

အင်္ဂလန် ကတော့ မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ဥရောပဇုန်) အုပ်စု K ရဲ့ ပွဲစဉ် ၅ မှာ ဆားဘီးယားကို ၅-၀ ရလဒ်နဲ့ အဝေးကွင်းမှာ အနိုင်ရသွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ နည်းပြ ဖြစ်သူ သောမက်စ် တူချယ်က သူတို့ အသင်းဟာ အသစ် တဖန် စတင်နိုင်ခဲ့ပြီး အရည်အသွေးတွေကို ပြသနိုင်ခဲ့ကြောင်း ကြုံးဝါးပြောဆိုခဲ့ပါတယ်။

ဒီပွဲမှာ အင်္ဂလန် အတွက် နိုနီ မာဒူခေး၊ ကွန်ဆာနဲ့ မာ့ခ် ဂူဟီ တို့က အင်္ဂလန် အတွက် သူတို့ရဲ့ ပထမဦးဆုံး သွင်းဂိုးတွေကို ရယူ နိုင်ခဲ့ကြသလို အန်ဒိုရာနဲ့ ပွဲမှာ ပုံမှန်ခြေစွမ်းအောက် ရောက်နေခဲ့တဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်း ကလည်း သူ့ရဲ့ ၇၄ ဂိုးမြောက် နိုင်ငံတကာ သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မားကပ်စ် ရက်ရှ်ဖို့ဒ်က နောက်ကျ ပင်နယ်တီ သွင်းဂိုးနဲ့ အတူ အင်္ဂလန် အတွက် အကောင်းဆုံး ပြန်လာနိုင်ခဲ့ပါတယ်။

တူချယ်က က ITV Sport England နဲ့ အင်တာဗျူးမှာ သူတို့ အသင်းရဲ့ ပုံစံကောင်းတွေကို လာမယ့် အောက်တိုဘာလ ပွဲတွေ ပြန်လည် စတင်တဲ့ အခါမှာ ဆက်လက် ထိန်းသိမ်းထားရမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်။ တူချယ်က “ကျွန်တော်က အသင်းနဲ့ ဝန်ထမ်းတွေ အတွက် အရမ်းပဲ ပျော်ပါတယ်။ ကျွန်တော်တို့ အစ ကနေ အဆုံး အကောင်းဆုံး ရက်သတ္တပတ် တစ်ခု ရရှိခဲ့ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်း တွေ့ခဲ့ရတာကို ကျွန်တော်တို့ သက်သေပြနိုင်ခဲ့ပါတယ်။ ပြင်းထန်စွာနဲ့ ကစားခဲ့ပြီး ဒါဟာ အသင်းလိုက် အစစ်မှန်ဆုံး ပုံစံ တစ်ခု လို့လည်း ဆိုရပါမယ်။”

ဒီပုံအတိုင်း ဆိုရင် အင်္ဂလန် အနေနဲ့ ခြေစစ်ပွဲ လက်ကျန် ၃ ပွဲ ကနေ ရမှတ် အနည်းငယ် ရရှိရုံနဲ့တောင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်တော့ မှာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၅ ပွဲ ကစားပြီးချိန်မှာ ရဂိုး ၁၃ ဂိုး၊ ပေးဂိုး လုံးဝ မရှိသေးတဲ့ အင်္ဂလန်

“အဲဒီကနေပြီးတော့ ကျွန်တော် တို့ရဲ့ အရည်အသွေးကို ပြသခဲ့နိုင်ပါတယ်။ ကျွန်တော်တို့ ဆားဘီးယားတို့ ဂိုးပေါက်တည့် ကန်ချက် မရှိအောင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီလို ဖြစ်ဖို့ ကျွန်တော်တို့ အလုပ် အများကြီး လုပ်ရတယ်။ ပြိုင်ဆိုင်မှုမှာ ပြင်းထန်ရမယ်။ နေရာစုံမှာ အကောင်းဆုံး လုပ်ခဲ့ကြပါတယ်။”

“ကျွန်တော်တို့ ပထမ Camp နှစ်ခု ကနေ သင်ယူခဲ့တယ်။ ပုံမှန်အားဖြင့် ရာသီကြိုကာလရဲ့ တစ်ဝက်လောက်ပဲ ရပေမယ့် အခုတော့ ၃ ပတ်လောက်ပဲ အတူတူ လေ့ကျင့်ခဲ့ကြပါတယ်။ ဒါကြောင့် အချိန် နည်းနည်းတော့ ကြာတယ်လို့ ပြောလို့ ရပါတယ်။ အဲဒီရက်သတ္တပတ်တွေ အကြားမှာ အချိန်တစ်ခု ကြာအောင် နားခဲ့တယ်။ Camp တစ်ခု အပြီးမှာ အသစ် စတယ်။ ပထမ Camp က အရမ်း ကောင်းတယ်၊ ဒုတိယ Camp က ပိုပိုပြီး ကောင်းခဲ့ပါတယ်။

“ကျွန်တော်တို့ အသစ် စတင်ခဲ့ပြီး ကစားသမားတွေကို သူတို့ရဲ့ အခန်းကဏ္ဍနဲ့ ကျွန်တော်တို့ ကစားနေတဲ့ ဖွဲ့စည်းပုံကို ရှင်းရှင်းလင်းလင်း ပြသပေးခဲ့ပါတယ်။ အဲဒီကနေပြီး အသက်ဝင်လာဖို့ သူတို့ တာဝန်ကို ပေးခဲ့ပြီး သူတို့လည်း ကောင်းကောင်း လုပ်ဆောင်ခဲ့ပါတယ်။ သူတို့ကို credit ပေးပါတယ်၊ သူတို့က အံ့သြစရာကောင်းတယ်။ ဒါက ကျွန်တော် တို့ရဲ့ စံနှုန်းပါပဲ။” လို့ တူချယ်က ပြောကြားသွားခဲ့ပါတယ်။

ဆားဘီးယား အတွက် ကတော့ ဒီပွဲ ရလဒ်ဟာ သူတို့ရဲ့ အိမ်ကွင်း သမိုင်းတလျှောက် ပြိုင်ပွဲစုံမှာ အကြီးမားဆုံး ရှုံးပွဲ ဖြစ်ခဲ့ပါတယ်။ ဆားဘီးယား အတွက် ထိချက်နာစေခဲ့တာက နောက်ခံလူ နီကိုလာ မီလန် ကိုဗစ်ရဲ့ ဟယ်ရီ ကိန်း အပေါ် ပြင်းထန်စွာ ဖျက်ထုတ်မှုကြောင့် ရရှိခဲ့တဲ့ အနီကတ် ဖြစ်ပါတယ်။ အင်္ဂလန် ကတော့ ပြီးခဲ့တဲ့ အန်ဒိုရာနဲ့ ပွဲမှာ ဝေဖန်ခံခဲ့ရမှုတွေကို လုံးဝ ကွဲထွက်ပြီး ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ ပြိုင်ဘက်ကို အနိုင်ယူပြခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ အင်္ဂလန်က ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲစဉ် ၅ ပွဲ ကစားပြီး ရာနှုန်းပြည့် နိုင်ပွဲ၊ ရဂိုး ၁၃ ဂိုး ပေးဂိုး ၀ နဲ့ အုပ်စု K ကို ဆက်လက် ဦးဆောင်ထားနိုင်ပါတယ်။ ဒီပုံအတိုင်း ဆိုရင် အင်္ဂလန် အနေနဲ့ ခြေစစ်ပွဲ လက်ကျန် ၃ ပွဲ ကနေ ရမှတ် အနည်းငယ် ရရှိရုံနဲ့တောင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်တော့ မှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်