နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိုဝင်ရဲ့ ဝေဖန်ထောက်ပြမှုကို ပါးပါးနပ်နပ် တုန့်ပြန်သွားတဲ့ ဟယ်ရီကိန်း | ဘွန်ဒက်စ်လီဂါ

ဟယ်ရီကိန်း ကတော့ အင်္ဂလန် နာမည်ကျော် တိုက်စစ်မှူးဟောင်းနဲ့ လက်ရှိမှာ ဘောလုံးသုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ မိုက်ကယ် အိုဝင်ရဲ့ ဝေဖန်မှုတွေကို ပါးပါးနပ်နပ် တုံပြန်လာခဲ့ပါတယ်။ မိုက်ကယ် အိုဝင်က ရီယိုဖာဒီနန်ရဲ့ Presents podcast အစီအစဉ်မှာ ဟယ်ရီကိန်း အနေနဲ့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့တဲ့ အပေါ် ဝေဖန် ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ဟယ်ရီကိန်းက သူ ၁၉ နှစ် အကြာ ကစားခဲ့တဲ့ တော့တင်ဟမ်စပါးကို စွန့်ခွာပြီး ၂၀၂၃ ခုနှစ် နွေရာသီမှာ ဘေယန်မြူးနစ်ထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဟယ်ရီကိန်းဟာ ဆုဖလား အောင်မြင်မှုတွေ ရယူချင်တာကြောင့် စပါးကို စွန့်ခွာခဲ့တာ ဖြစ်ကြောင်း ဝေဖန်သံတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

ဒါနဲ့ ပတ်သတ်လို့ အိုဝင်က “ဟယ်ရီကိန်းက အရမ်းကောင်းလွန်းတဲ့ အဆုံးသတ် ကစားသမား တစ်ဦးပါ။ ဒါပေမယ့် သူ ဂျာမနီကို သွားတာတော့ ကျွန်တော် သဘောမတူပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောခဲ့ပြီးသားပါ။ သူက ရူးနှမ်းတဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့တယ်လို့ ယူဆနေတုန်းပါပဲ။ ပရီးမီးယားလိဂ်မှာ ဂိုးသွင်း ဘုရင် ဖြစ်ဖို လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်။ ကလေးတွေ ကလည်း ဒီမှာ ကျောင်းတက်နေကြတယ်။ ကျွန်တော် ဆိုလိုတာက မသိတာတွေ၊ မမြင်တာတွေလည်း ရှိနိုင်ပါတယ်။ ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ရတာက ကြီးမားတဲ့ အောင်မြင်မှုပါပဲ။ ဒါက မယုံနိုင်စရာ ကောင်းပါလိမ့်မယ်။ သူဟာ ကစားသမားဘဝမှာ အောင်မြင်မှု အတော်များများ ရခဲ့ပြီးပါပြီ။” လို့ မိုက်ကယ် အိုဝင်က ထောက်ပြပါတယ်။

ဒါ့အပြင် မိုက်ကယ် အိုဝင်ရဲ့ ဝေဖန်မှုတွေထဲမှာ ပရီးမီးယားလိဂ်မှာ ၂၁၃ ဂိုး သွင်းခဲ့တဲ့ ဟယ်ရီကိန်း အနေနဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်တဲ့ အလန်ရှီးယားနဲ့ ၄၈ ဂိုးသာ ကွာဟတော့တာ ကိုလည်း အကြောင်းအရာ တစ်ခု အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီလို အိုဝင်ရဲ့ ထောက်ပြ ဝေဖန်မှု ကိုတော့ ဟယ်ရီကိန်းက အခုလိုပဲ ချက်ချင်း တုန့်ပြန်သွားခဲ့ပါတယ်။ 

ဒါ့အပြင် ဟယ်ရီကိန်းက ဘွန်ဒက်စ်လီဂါ ချန်ပီယံ တို့ အတွက် ပွဲပေါင်း ၁၀၀ ကစားကာ ၉၁ ဂိုး သွင်းယူပြီး ထိပ်တန်း အဆင့် ခြေစွမ်းကို ပြသထားနိုင်ဆဲ ဖြစ်ပါတယ်။
ဟယ်ရီကိန်း ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့လို့ ဝေဖန်လိုက်တဲ့ မိုက်ကယ် အိုဝင်

ကိန်းက “ကျွန်တော် ဒါကို ကြားပါတယ်။ လူတိုင်းက သူတိုရဲ့ ထင်မြင် ယူဆချက်တွေကို ပြောဆိုခွင့် ရှိပါတယ်။ ကျွန်တော် သူနဲ့ အချိန် ခဏတာတော့ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ့ကို ကျွန်တော် ကောင်းကောင်း မသိပါဘူး။ သူက ပရီးမီးယားလိဂ်နဲ့ အင်္ဂလန် ဂန္ထဝင် ကစားသမား တစ်ယောက်ပါ။ ဒါကြောင့် သူ့ကို လူပုဂ္ဂိုလ် အနေနဲ့ လေးစားမှု ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံး မှာတော့ သူသိရပါလိမ့်မယ်။ လူတိုင်းရဲ့ ဘဝက ခြားနားပြီး လူတိုင်းရဲ့ စေ့ဆော်မှုတွေ၊ ခြားနားမှုတွေ ကလည်း မတူညီကြပါဘူး။ ကျွန်တော်ဟာ ဆုဖလားနောက် လိုက်ခဲ့တယ်လို သူ စောင်းမြောင်း ပြောတယ်လို့ နားလည်ထားပါတယ်။”

“သေချာတာ ကတော့ ကျွန်တော်က ဖြစ်နိုင်သလောက် အမြင့်ဆုံး အဆင့်ကို ရောက်ဖို့ပါပဲ။ ပွဲကြီးပွဲကောင်းတွေ၊ ဆုဖလားလုပွဲတွေ၊ ချန်ပီယံလိဂ် ပွဲကြီးတွေနဲ့ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့် အထိ ကစားခဲ့ရလို့ ကျွန်တော် အမှန်တကယ် ပျော်ရွှင်မိပါတယ်။ ကစားသမား တစ်ယောက် အနေနဲ့ ကျွန်တော် တိုးတက်နေတယ်လို ခံစားရပါတယ်။ ဆုံးဖြတ်ချက်တွေက ကျွန်တော့် အတွက် အကောင်းဆုံးပါပဲ။ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရလို ကျွန်တော် တကယ်ပဲ ပျော်ရွှင်မိပါတယ်။ အခုချိန် မှာတော့ ဘေယန်မြူးနစ်မှာ အရမ်း ပျော်ရွှင်နေပါတယ်။” လို့ တုံပြန်သွားခဲ့ပါတယ်။လက်ရှိမှာ ဟယ်ရီကိန်းက ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုနဲ့ အတူ ကစားသမား ဘဝ ဖလား မရရှိတဲ့ ကျိန်စာဆိုးကို ချိုးဖျက်ထားနိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဟယ်ရီကိန်းက ဘွန်ဒက်စ်လီဂါ ချန်ပီယံ တို့ အတွက် ပွဲပေါင်း ၁၀၀ ကစားကာ ၉၁ ဂိုး သွင်းယူပြီး ထိပ်တန်း အဆင့် ခြေစွမ်းကို ပြသထားနိုင်ဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်