Opta ရဲ့ စူပါကွန်ပျူတာ ကတော့ ၂၀၂၅-၂၀၂၆ ဘောလုံး ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘယ်အသင်းတွေ ဆုဖလား ရရှိဖို့ အလားအလာ အကောင်းဆုံးလဲ ဆိုတာ ခန့်မှန်းလိုက်ပြီ ဖြစ်ပါတယ်။ Opta ရဲ့ တွက်ချက်မှု အရ ဆိုရင်တော့ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ်က ဆုဖလား ရရှိဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေတာ တွေ့ရပါတယ်။
ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ကတော့ ပြီးခဲ့တဲ့ ရာသီကလိုပဲ ပြိုင်ပွဲဝင် အသင်းပေါင်း ၃၆ သင်းနဲ့ လိဂ်အဆင့် ကနေ စတင် ကျင်းပသွားမှာ ဖြစ်ပြီး လာမယ့် စက်တင်ဘာ ၁၆ ရက်နေ့မှာ ပွဲစဉ် ၁ စတင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြိုင်ပွဲ မစတင်ခင်မှာ စူပါကွန်ပျူတာက ထုံးစံ အတိုင်း ပြိုင်ပွဲဝင် အသင်းတွေရဲ့ ဗိုလ်စွဲနိုင်ခြေ အလားအလာတွေကို ခန့်မှန်း ဖော်ပြခဲ့တာ ဖြစ်ပြီး လစ်ဗာပူးလ်က ၂၀.၄ ရာခိုင်နှုန်းနဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေခဲ့တာပါ။ လစ်ဗာပူးလ်ဟာ မနှစ်ကလည်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း အဖြစ် သတ်မှတ်ခံခဲ့ရဖူးပေမယ့် အဲဒီအချိန်က တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာတဲ့ ပီအက်စ်ဂျီနဲ့ တွေ့ဆုံကာ မထင်မှတ်ပဲ ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် အာဆင်နယ်က ၁၆ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေပြီး လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီ ကတော့ ၁၂.၁ ရာခိုင်နှုန်းနဲ့ တတိယ နေရာမှာ ရှိနေပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ် ကလပ် ၆ သင်း ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး မန်စီးတီးက ဗိုလ်စွဲနိုင်ခြေ ၈.၄ ရာခိုင်နှုန်း၊ ချဲလ်ဆီးက ၇ ရာခိုင်နှုန်း၊ နယူးကာဆယ်က ၃ ရာခိုင်နှုန်းနဲ့ တော့တင်ဟမ်ဟော့စပါးက ၁.၁ ရာခိုင်နှုန်း အဖြစ် သတ်မှတ်ခံထားရပါတယ်။ မနှစ်က ဆီမီးဖိုင်နယ်ကို တက်လှမ်းခဲ့တဲ့ ဘာစီလိုနာ ကတော့ မန်စီးတီးနဲ့ အတူတူ ၈.၄ ရာခိုင်နှုန်း အဖြစ် သတ်မှတ်ခံခဲ့ရပြီး ချန်ပီယံလိဂ် ဘုရင်ကြီး ရီးရဲလ်မက်ဒရစ် ကတော့ ၅.၈ ရာခိုင်နှုန်းနဲ့ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။
ချန်ပီယံလိဂ် လိဂ် အဆင့် မဲခွဲမှုတွေ အရတော့ ဘေယန်မြူးနစ်က ပွဲအကြပ်ဆုံး ဖြစ်နေကြောင်း Opta က သတ်မှတ်ထားခဲ့ပါတယ်။ ဘေယန်မြူးနစ်ဟာ လိဂ် အဆင့်မှာ ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ ကလပ် ဘရုဂေး၊ အာဆင်နယ်၊ စပိုတင်းလစ္စဘွန်း၊ ပီအက်စ်ဗွီ၊ ယူနီယံ စိန့်ဂီလွိုင်စ်၊ ပါဖိုးစ် တို့နဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် ပြီးရင်တော့ ပီအက်စ်ဂျီက ပွဲအကြပ်ဆုံး ဖြစ်ပြီး ဘေယန်မြူးနစ်၊ ဘာစီလိုနာ၊ အတ္တလန္တာ၊ လေဗာကူဆင်၊ တော့တင်ဟမ်ဟော့စပါး၊ စပိုတင်းလစ္စဘွန်း၊ နယူးကာဆယ်နဲ့ ဘီလ်ဘာအို တို့နဲ့ ရင်ဆိုင်ရမှာပါ။ တကယ်ဆိုရင် ပီအက်စ်ဂျီက ဘေယန်မြူးနစ်ထက်တောင် ပိုပြီး ပွဲကြပ်နေပါသေးတယ်။
ထူးခြားတာက Opta ရဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံး စာရင်းမှာ ဘေယန်မြူးနစ်၊ အင်တာမီလန်နဲ့ ဒေါ့မန်လို အသင်းကောင်းတွေ ပါဝင်နေခြင်း မရှိတာ တွေ့ရပါတယ်။ Opta ရဲ့ စူပါကွန်ပြူတာ အနေနဲ့ ကလပ်တွေရဲ့ လက်ရှိ ခြေစွမ်း၊ စုဖွဲ့မှု၊ လိဂ်အဆင့်မှာ အသင်းကြီးတွေ အချင်းချင်း ထိပ်တိုက် တွေ့ဆုံမှုတွေ အပေါ် မူတည်ပြီး တွက်ချက်ခဲ့တာ ဖြစ်လို့ အမှန်တကယ် ကစားတဲ့ အချိန်မှာတော့ အပြောင်းအလဲတွေ မထင်မှတ်တဲ့ ရလဒ်တွေ ထွက်ပေါ်ဦးမှာ သေချာပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.