တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ အဖြစ် သတ်မှတ်ခံရတဲ့ တိုနီ ခရူးစ် ကတော့ သူ့ရဲ့ ဂျာမနီ လက်ရွေးစင် အသင်းကို ဒဲ့ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ခရူးစ်က ဂျာမနီဟာ အရင်လိုမျိုး ကမ္ဘာ့ဖလားမှာ အမြင့်ဆုံး ရည်မှန်းချက်တွေ ထားနိုင်တဲ့ အသင်း တစ်သင်း မဟုတ်တော့ကြောင်း ဝန်ခံ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ဂျာမနီ ဂန္ထဝင် ကစားသမား ဖြစ်တဲ့ တိုနီ ကရူးစ်ဟာ လက်ရှိ ဂျာမနီ လက်ရွေးစင် အသင်းရဲ့ ရုန်းကန်နေရတဲ့ အခြေအနေ အပေါ် သဘောကျခြင်း မရှိပဲ အခုလိုပဲ ပွင့်ပွင်းလင်းလင်း သုံးသပ်လိုက်တာ ဖြစ်ပါတယ်။ ဂျာမန် စနိုက်ပါက “ကျွန်တော် တို့ရဲ့ အသင်းက အခုအချိန်မှာ အကြီးမားဆုံး ရည်မှန်းချက်တွေ ထားနိုင်တဲ့ အသင်းတွေထဲမှာ မပါဝင်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ တခြား အသင်းတွေက ကျွန်တော်တို့ထက် သိသိသာသာကို ပိုကောင်းနေလိုပါပဲ။” လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း တိုနီ ခရူးစ်က သူ့ အနေနဲ့ ဂျာမနီရဲ့ အနာဂတ် အပေါ် အနည်းငယ် မျှော်လင့်ချက်ထားရှိနေဆဲ ဖြစ်ပြီး ဘယ်အချက်တွေကြောင့် ဂျာမနီတို့ ဦးပြန်မော့လာနိုင်သလဲ ဆိုတာ ကိုလည်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ယုံကြည်တာ တစ်ခု ကတော့ အကောင်းဆုံး ဂျာမန် ကစားသမားတွေကို ရွေးချယ်ခွင့် ရပြီး အားလုံးသာ ကြံ့ခိုင်မှု အပြည့်အဝ ရှိနေမယ် ဆိုရင် ကျွန်တော် တို့မှာ အားသာချက်တွေ ရှိနေပါလိမ့်မယ်။ အမှန်တရား တစ်ခု ကတော့ ကမ္ဘာ့ဖလား ချန်ပီယံဆု အကြောင်း ပြောဆိုဖို့ ကျွန်တော်တို့ မိုင်ပေါင်း များစွာ အလှမ်းဝေးနေပါသေးတယ်။ ဒါပေမဲ့ ပြိုင်ပွဲက လာမယ့် နွေရာသီမှ ကျင်းပမှာပါ။ လက်ရှိ အခြေအနေ ကတော့ ကျွန်တော်တို့ အရမ်းပဲ အလှမ်းဝေးနေဆဲ ဖြစ်ပြီး ပုံစံကောင်း တစ်ခုမှာ ရှိမနေပါဘူး။ ဒါပေမယ့် နွေရာသီ ရောက်တဲ့ အခါ မှာတော့ မှန်ကန်တဲ့ ကစားသမားတွေကို ကြံ့ခိုင်မှု အပြည့်နဲ့ ရရှိဖို့ လိုအပ်ပါတယ်။”လို့ ဆိုပါတယ်။

ဂျာမနီက လက်ရှိ နိုင်ငံတကာ ရက်သတ္တပတ်မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲ ကစားခဲ့ပြီး တစ်ပွဲနိုင် တစ်ပွဲ ရှုံးခဲ့ပါတယ်။ နေဂဲလ်စ်မန်းရဲ့ အသင်းက စလိုဗက်ကီးယားကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် မြောက်အိုင်ယာလန် ကိုတော့ ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ မြောက်အိုင်ယာလန်ကို အနိုင်ရ အပြီးမှာ ဂျာမနီက ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ဥရောပဇုန်) အုပ်စု A ရဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာကို တက်လှမ်းထားနိုင်ပါတယ်။ ဒါပေမယ့်လည်း တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ချင်ရင် အုပ်စု ပထမနေရာ ရရှိဖို့ လိုအပ်တာကြောင့် ဂျာမနီတို့ လက်ကျန် ပွဲတွေမှာ ရလဒ်ကောင်းဖို့ လိုအပ်ပါတယ်။
ခရူးစ်က ဂျာမနီရဲ့ လက်ရှိ ကမ္ဘာ့ဖလား ခြေစစ်ပွဲအုပ်စု အနေအထားနဲ့ ပတ်သက်ပြီးလည်း “ကျွန်တော်တို ခြေစစ်ပွဲ အောင်ဖို လုံးဝမဖြစ်နိုင်တဲ့ အခြေအနေမျိုး မရှိတဲ့ အုပ်စု တစ်ခုထဲ ကျရောက်နေတာ ကိုတော့ အရမ်း ကံကောင်းတယ်လို့ သတ်မှတ်ရမှာပါ။” လို့ ဟာသလုပ် ပြောဆိုသွားခဲ့ပါသေးတယ်။
ဂျာမနီက ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ပွဲစဉ် ၄ ပွဲ ကစားဖို့ ကျန်နေသေးပြီး လူဇင်ဘော့ဂ် (အိမ်)၊ မြောက်အိုင်ယာလန် (အဝေး)၊ လူဇင်ဘော့ဂ် (အိမ်)၊ ဆလိုဗက်ကီးယား (အဝေး) တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဂျာမနီ အနေနဲ့ လက်ရှိမှာ အုပ်စု A ရဲ့ ဇယား ထိပ်က စလိုဗက်ကီးယားနဲ့ ၃ မှတ် ကွာဟနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.