နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ မော်လ်ဒိုဗာကို ၁၁-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ တစ်ဦးတည်း ၅ ဂိုး သွင်းကာ ၂ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။ ဒီလို တိုက်စစ် စွမ်းဆောင်ရည်ကောင်းတွေနဲ့ အတူ စံချိန်သစ်တင်နိုင်ခဲ့တဲ့ ဟာလန်း ကိုတော့ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်က သူနဲ့ အတူ တွဲဖက် ကစားရတာက အိပ်မက် တစ်ခုလိုပဲလို့ ချီးကျူးစကား ဆိုလိုက်ပါတယ်။
ဟာလန်းဟာ အဲဒီပွဲရဲ့ ပထမပိုင်းမှာတင်ပဲ ဟတ်ထရစ် သွင်းယူခဲ့သလို ဒုတိယပိုင်း မှာတော့ နောက်ထပ် ၂ ဂိုး ထပ်မံ သွင်းယူခဲ့ပြီး သွင်းဂိုး ၅ ဂိုး ရခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဟာလန်းက ပထမပိုင်းမှာ ဖီးလစ် ဟွန်း မိုင်ရီရဲ့ သွင်းဂိုးနဲ့ ဒုတိယပိုင်း သီလို အက်စ်ဂါ့ဒ်ရဲ့ သွင်းဂိုးတွေ ကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ ဒါကြောင့် ဟာလန်းက ၂၁ ရာစု နောက်ပိုင်း နော်ဝေ အတွက် တစ်ပွဲတည်း ၅ ဂိုး သွင်းတဲ့ ပထမဦးဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အိုဒီဂတ် ကတော့ ဒီပွဲမှာ ဟာလန်းရဲ့ သွင်းဂိုး ၂ ဂိုးကို ဖန်တီးပေးခဲ့ပြီး ကိုယ်တိုင်လည်း ၁ ဂိုး သွင်းယူခဲ့ပါတယ်။ အိုဒီဂတ်ဟာ ဟာလန်းလို ကစားသမားမျိုး အသင်းမှာ ရှိနေတာက ဘာနဲ့မှ မလဲနိုင်တဲ့ ခံစားချက် ဖြစ်ကြောင်း အခုလိုပဲ ချီးကျူးသွားခဲ့ပါတယ်။ အိုဒီဂတ်က “သူနဲ့ အတူ တွဲကစားရတာ အိပ်မက် တစ်ခုလိုပါပဲ။ သူဟာ ပြေးလမ်းကြောင်းတွေမှာ အကောင်းဆုံး ချိန်သားကိုက် ပြေးလွှားနိုင်တယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့် ကျွန်တော် ဘောလုံး ခင်းပေးလိုက်ရုံပါပဲ။ ဘောလုံးက သူ့ဆီကို ရောက်သွားတဲ့အခါ များသော အားဖြင့်တော့ ဂိုးဖို့ သေချာပါတယ်။”လို့ ဟာလန်းရဲ့ ဂိုးသွင်းစွမ်းရည် အပေါ် ချီးကျူးခဲ့ပါတယ်။

လက်ရှိမှာ ဟာလန်းက နိုင်ငံ လက်ရွေးစင် အသင်း အတွက် စုစုပေါင်း ၄၅ ပွဲ ကစားရာမှာ ၄၇ ဂိုး အထိ သွင်းယူထားပါတယ်။ ဒါ့အပြင် ဟာလန်းက နောက်ဆုံး ကစားခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ၈ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီးတော့ ၁၄ ဂိုး အထိလည်း သွင်းယူထားပါတယ်။ သူ့ရဲ့ အသင်း ဖြစ်တဲ့ နော်ဝေ ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု I မှာ အီတလီကို ၆ မှတ် ဖြတ်ကာ ဇယားထိပ် ကနေ ဦးဆောင်နေပါတယ်။ ဒါ့အပြင် မှတ်တမ်းတွေအရ ဟာလန်းဟာ ၁၉၇၇ ခုနှစ်က ဩစတြီးယား အတွက် ၆ ဂိုး သွင်းခဲ့တဲ့ ဟန်းစ် ခရန့်ကဲလ် နောက်ပိုင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆင့်မှာ တစ်ပွဲတည်း ၅ ဂိုး သွင်းတဲ့ ပထမဦးဆုံး ဥရောပ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် နော်ဝေ ဟာ ၁၉၄၆ ခုနှစ်က ဖင်လန် ကို ၁၂-ဝ ဂိုးနဲ့၊ ၁၉၄၈ ခုနှစ်က အမေရိကန်ကို ၁၁-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် သမိုင်းမှာ တတိယအကြိမ်မြောက် ပွဲတစ်ပွဲတည်းမှာ ၁၁ ဂိုး သွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းလည်း ဝင်သွားခဲ့ပါတယ်။ ဒီလို ဟာလန်းနဲ့ အိုဒီဂတ်တို့ တွဲဖက်ကာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အပေါ်မှာတော့ ကွင်းလယ်လူ ဆန်ဒါ ဘက်ဂျ် ကလည်း အခုလိုပဲ ပြောကြားသွားခဲ့ပါသေးတယ်။
ဘက်ဂျ်က “သူတို့က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ထဲက နှစ်ဦးပါ။ သူတို့က ပရီးမီးယားလိဂ် မှာလည်း ခြေစွမ်းပြနေတာကြောင့် ကစားကွင်းမှာ နေရာလွတ်တွေ ရတဲ့ အခါ အခုလိုမျိုး စွမ်းဆောင်နိုင်မယ် ဆိုတာ မျှော်လင့်ပြီးသားပါ။ သူတို့ သွင်းတဲ့ ဂိုးတချို့ ကတော့ တကယ့်ကို ရူးသွပ်လောက်စရာပါပဲ။ ဒါပေမဲ့ သူတို့က အဲဒီ အဆင့်အတန်းမှာ ရှိနေတာ ဆိုတာ စွမ်းဆောင်နိုင်တာ မဆန်းပါဘူး။ ဒါကြောင့် ခင်ဗျား အနေနဲ့ ပျော်ရွှင်ပြီး ကြည့်နေဖို့ပဲ လိုအပ်ပါတယ်။ ဒါဟာ ဒီ ဘရွန်းနားနဲ့ ဟာလန်းကို ကြည့်နေရသလိုပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.