နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပီအက်စ်ဂျီနဲ့ ဘာစီလိုနာ ကစားသမားတွေ လွှမ်းမိုးထားတဲ့ ဘယ်လွန်ဒေါဆု အတွက် ဆန်ကာတင် ထိပ်ဆုံး ၅ ဦး စာရင်း

၂၀၂၅ ခုနှစ် အတွက် ဘယ်လွန်ဒေါ ဆုပေးပွဲ ကတော့ ကျင်းပဖို့ ရက်ပိုင်းလောက်သာ လိုပါတော့တယ်။ ဆုပေါင်း ၁၃ ဆု ချီးမြှင့်သွားမယ့် ဒီဆုပေးပွဲမှာ ဘယ်လွန်ဒေါဆုကို ဘယ်ကစားသမား ရရှိသွားမလဲ ဆိုတာ ကတော့ စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် အခု တစ်ခါမှာတော့ Sports Illustrated က သတ်မှတ်ပေးခဲ့တဲ့ ဘယ်လွန်ဒေါဆု အတွက် ရေပန်းအစားဆုံး ဆန်ကာတင် ကစားသမား ၅ ဦးကို အစဉ်လိုက် ဖော်ပြပေးသွားချင်ပါတယ်။

 

၅။ မိုဟာမက် ဆာလာ (လစ်ဗာပူးလ်/ အီဂျစ်)

အီဂျစ် နာမည်ကျော် တိုက်စစ် ကစားသမားကြီး မိုဟာမက် ဆာလာ ကတော့ ပြီးခဲ့တဲ့ ရာသီက လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံ ၅၂ ပွဲ ကစားပြီး ၃၄ ဂိုး သွင်းကာ ၂၃ ဂိုး ဖန်တီးခဲ့ပါတယ်။ ဆာလာက လစ်ဗာပူးလ်နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့သလို တစ်ဦးချင်း မြင့်မားတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တာကြောင့် အင်္ဂလန်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုတွေ ကိုလည်း ပူပူနွေးနွေး ဆွတ်ခူးထားသူပါ။ ဒါပေမယ့်လည်း လစ်ဗာပူးလ်နဲ့ အတူ ဆုဖလား တစ်လုံးသာ ရရှိခဲ့ခြင်းက ဆာလာ အတွက် တခြားသော ပြိုင်ဘက် ကစားသမားတွေနဲ့ ယှဉ်တဲ့ အခါမှာ ဘယ်လွန်ဒေါဆု ရရှိနိုင်ခြေက နည်းပါးလွန်းနေခဲ့ပါတယ်။ ဒါကြောင့် အဆင့် ၅ နေရာမှာပဲ သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

 

၄ ။ ရာဖင်ညာ (ဘာစီလိုနာ/ ဘရာဇီးလ်)

ဘရာဇီးလ်သား ရာဖင်ညာရဲ့ ပြီးခဲ့တဲ့ ရာသီ စွမ်းဆောင်ရည် ကတော့ တခြားသော ပြိုင်ဘက် ကစားသမားတွေနဲ့ နှိုင်းယှဉ်လို့ မသာရင်တောင် မနိမ့်ပါဘူး။ ရာဖင်ညာဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ အတွက် ၅၇ ပွဲ ကစားပြီး ၃၄ ဂိုး သွင်းကာ၊ ၂၂ ဂိုး ဖန်တီးခဲ့ပြီး အချက်အလက်တွေ အရ ဆိုရင်တော့ လာမင်း ယာမယ်၊ ဒမ်ဘီလီ တို့ထက်တောင် သာနေပါသေးတယ်။ ဒါပေမယ့် ရာဖင်ညာက ကလပ် အသင်း၊ နိုင်ငံ အသင်းတွေနဲ့ အောင်မြင်မှု မှာတော့ ယာမယ်နဲ့ ဒမ်ဘီလီကို မယှဉ်နိုင်ပါဘူး။ ဒါကြောင့် ရေပန်းစားမှု အဆင့် ၄ နေရာမှာပဲ သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

 

၃။ လာမင်း ယာမယ် (ဘာစီလိုနာ/ စပိန်)

၁၈ နှစ်သား စပိန် ကြယ်ပွင့် ကတော့ Kopa Trophy မှာလည်း ရေပန်းအစားဆုံး ဖြစ်နေသလို ဘယ်လွန်ဒေါ အတွက်လည်း ရေပန်းအစားဆုံး ၃ ဦးထဲ ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာနဲ့ အတူ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ ယာမယ်

၁၈ နှစ်သား စပိန် ကြယ်ပွင့် ကတော့ Kopa Trophy မှာလည်း ရေပန်းအစားဆုံး ဖြစ်နေသလို ဘယ်လွန်ဒေါ အတွက်လည်း ရေပန်းအစားဆုံး ၃ ဦးထဲ ပါဝင်နေပါတယ်။ ယာမယ်ဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၅၅ ပွဲ ကစားပြီး ၁၈ ဂိုး သွင်းကာ ၂၁ ဂိုး ဖန်တီးထားပြီး ပြည်တွင်း ဖလား ၃ လုံး အောင်မြင်မှုလည်း ရရှိခဲ့ပါတယ်။ နောက်ပြီး ယာမယ် အတွက် အားသာချက်က စပိန် လက်ရွေးစင် အသင်းနဲ့ ၂၀၂၄ ယူရိုဖလား ကို ဆွတ်ခူးထားနိုင်တာ ဖြစ်ပါတယ်။ အချက်အလက်တွေအရ မဟုတ်ပဲ အသင်း အတွက် အရေးပါမှုနဲ့ ဆုဖလား အောင်မြင်မှုတွေ အရ ဆိုရင်တော့ ယာမယ် ကလည်း ဘယ်လွန်ဒေါဆုနဲ့ ထိုက်တန်သူ အဖြစ် သတ်မှတ်လို့ ရနေပါတယ်။

 

၂။ ဗစ်တင်ညာ (ပီအက်စ်ဂျီ/ ပေါ်တူဂီ)

သေချာတာ ကတော့ အချက်အလက်ကို မကြည့်ပဲ ပီအက်စ်ဂျီနဲ့ ပေါ်တူဂီ တို့ရဲ့ ဆုဖလား အောင်မြင်မှုတွေ အတွက် အရေးပါမှု၊ အဓိကကျမှုကို ကြည့်မယ် ဆိုရင် ဗစ်တင်ညာကို ဒီဆုပေးရပါလိမ့်မယ်။ ပီအက်စ်ဂျီရဲ့ အားကောင်းလွန်းတဲ့ ကွင်းလယ် မောင်းနှင်အားက ဗစ်တင်ညာပါ။ လူးဝစ္စ အန်နရီကေးရဲ့ အသင်း ချန်ပီယံလိဂ် အပါအဝင် ဆုဖလား အားလုံး အောင်မြင်မှု အတွက် အဓိက အကျဆုံး ကစားသမား ၄ ဦးက ဒမ်ဘီလီ၊ ယာအို နီးဗက်စ်၊ ဖေဘီယန် ရူအစ်ဇ်နဲ့ ဗစ်တင်ညာလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့်လည်း ၂၀၁၆ ခုနှစ် နောက်ပိုင်း ဘယ်လွန်ဒေါဆု ရရှိခဲ့တဲ့ ကွင်းလယ် ကစားသမား ဆိုလို့ လူကာ မိုဒရစ်နဲ့ ရိုဒရီ တို့ နှစ်ဦးသာ ရှိပြီး ဗစ်တင်ညာ အနေနဲ့ ၃ ဦးမြောက် ဖြစ်လာနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

၁။ အူစမန်နီ ဒမ်ဘီလီ (ပီအက်စ်ဂျီ/ ပြင်သစ်)အချက်အလက် အရရော၊ အသင်းနဲ့ အတူ ဆုဖလား အောင်မြင်မှုတွေ အရရော ပြင်သစ်သားက ၂၀၂၅ ခုနှစ် အတွက် ဘယ်လွန်ဒေါဆုနဲ့ အထိုက်တန်ဆုံး ကစားသမားလို့ သတ်မှတ်ရပါမယ်။ ဒမ်ဘီလီက ပြီးခဲ့တဲ့ ရာသီမှာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ ၄၉ ပွဲ ကစားပြီး ၃၃ ဂိုး သွင်းကာ ၁၃ ဂိုး ဖန်တီးခဲ့ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီတို့ ဖလား ၄ လုံး ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ရာမှာ ဒမ်ဘီလီက အရေးပါဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ပီအက်စ်ဂျီသာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား မှာသာ ဗိုလ်စွဲခဲ့ရင်တော့ ဒမ်ဘီလီကို ချွင်းချက်မရှိ ၂၀၂၅ ခုနှစ် အတွက် ဘယ်လွန်ဒေါဆုရှင် အဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုတော့ ကျန်ဆန်ကာတင် ကစားသမားတွေနဲ့ အတူ ဘယ်လွန်ဒေါဆု အတွက် ဒမ်ဘီလီ တစ်ယောက် ရင်ခုန်ရဖို့ ရှိနေဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်