ခရစ္စတယ်ပဲလေ့စ် – ဆန်းဒါးလန်း
ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ မရှုံးသေးတဲ့ ခရစ္စတယ်ပဲလေ့စ် ကတော့ တန်းတက် ကလပ် ဆန်းဒါးလန်းကို ဆဲလ်ဟတ်စ်ပါ့ခ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ နည်းပြ အိုလီဗာ ဂလက်စ်နာရဲ့ လက်အောက်မှာ ပုံစံကောင်းရနေတဲ့ ပဲလေ့စ်တို့ တန်းတက် ကလပ်ပေမယ့် အဆိပ်ရှိတဲ့ ကြောင်နက်တွေနဲ့ တွေ့ဆုံမှု ကနေ ရလဒ်ကောင်း တစ်ခု ရှာဖွေသွားနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
လန်ဒန် သိမ်းငှက်တွေ ကတော့ နည်းပြ အိုလီဗာ ဂလက်စ်နာနဲ့ အတူ ၃ လ အတွင်းမှာ အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်းတွေ ယူထားခဲ့ပြီးတော့ အခုလည်း ပရီးမီးယားလိဂ်မှာ ရှုံးပွဲ မရှိသေးပါဘူး။ ချဲလ်ဆီးနဲ့ ဖောရက်စ်ကို သရေ၊ အက်စတွန်ဗီလာကို အဝေးကွင်းမှာ ၀-၃ နဲ့ အနိုင်ယူထားတဲ့ ပဲလေ့စ်က အကောင်းဆုံး ပုံစံမှာ ရှိနေတယ်လို့ ပြောလို့ ရပါတယ်။ ဒီနွေမှာ ပဲလေ့စ်က အီးဇီး အပါအဝင် အဓိက ကစားသမား တချို့ကို လက်လွှတ်ထားရသလို အားရစရာ အားဖြည့်မှုတွေ မလုပ်ထားနိုင်ပါဘူး။ ဒါပေမယ့် အသင်းကောင်း တစ်သင်း အဖြစ် ရပ်တည်ထားနိုင်ဆဲ ဆိုတာ ပြီးခဲ့တဲ့ ပွဲတွေမှာ မြင်တွေ့ခဲ့ရပြီး ဒီပွဲမှာ ဆက်လက် သက်သေပြနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။
အင်္ဂလန် ထိပ်တန်းလိဂ် တစ်ခုဆီကို ၈ နှစ် အကြာမှ ပြန်ရောက်လာတဲ့ ဆန်းဒါးလန်း ကလည်း ရာသီသစ်မှာ ရလဒ်တွေ ကောင်းနေပါတယ်။ သူတို့ရဲ့ ရည်မှန်းချက် ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ဆက်လက် ရပ်တည်ရေး အတွက် ပွဲတိုင်းကို အာရုံစိုက် ရှေ့ဆက်နေပြီး အခုဆိုရင် အိမ်ကွင်း နိုင်ပွဲ ၂ ပွဲ ရထားပြီးပါပြီ။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာဆိုရင် ဆန်းဒါးလန်းက ဘရန့်ဖို့ဒ်ကို ခြေစွမ်းအသာနဲ့ ကစားပြီး အနိုင်ရခဲ့တာပါ။ ကစားသမား ၁၄ ဦး အထိ ခေါ်ယူ အားဖြည့်ထားတဲ့ ဆန်းဒါးလန်းက လူစာရင်း အရလည်း တောင့်တင်းမှု ရှိပြီး အတွေ့အကြုံရင့် ကစားသမားတွေလည်း ရှိနေတာကြောင့် လျှော့တွက်လို့ မရတဲ့ အသင်း ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ပဲလေ့စ် ဘက်က အဓိက ကွင်းလယ်လူ အဒမ် ဝှာတန် ကြွက်သား ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပြီး ရိတ်ဒ်၊ ဒူကိုရေး၊ အန်ကတ်တီးယား အပြင် အစ္စမိုင်လာ ဆားလည်း လွဲချော်မှာ ဖြစ်ပါတယ်။ ဆန်းဒါးလန်း ဘက်မှာလည်း အဓိက နောက်ခံလူ ဘဲလ်လက်ဒ် ဒဏ်ရာရနေပြီး အလက်ဆီ၊ စီယာကင်၊ ဂျဲလ်ဒီး၊ အိုနီရန်၊ မန်ဒဲလ်တို့ လွဲချော်ဖို့ ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ခရစ္စတယ်ပဲလေ့စ် – ဟန်ဒါဆန်၊ ရစ်ချက်ဒ်၊ လခွိုက်၊ ဂူဟီ၊ မူနော့ဇ်၊ လာမာ၊ ဟူ့ဂျ်၊ ဝှာတန်၊ မစ်ချဲလ်၊ ကာမာဒါ၊ ပီနို၊ မက်တေးတား
ဆန်းဒါးလန်း – ရိုအက်ဖ်၊ ဂီယာထရူအီဒါ၊ မူကီလီ၊ အဲလ်ဒါရက်တီ၊ ရိန်နီလ်ဒို၊ ဒီယားရား၊ ချာကာ၊ ဆာဒီကီ၊ တဲလ်ဘီ၊ မာရင်ဒါ၊ အဒင်ဂရာ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး ၈ ကြိမ် တွေ့ဆုံမှုမှာ ၃ ကြိမ်စီ နိုင်ထားကြပြီး ၂ ကြိမ် သရေကျထားပါတယ်။ ၂၀၁၇ ခုနှစ်က ဆန်းဒါးလန်း တန်းမဆင်းခင် ပရီးမီးယားလိဂ်မှာ နောက်ဆုံး တွေ့ဆုံထားကြပြီးတော့ အဲဒီအချိန်က ကြောင်နက်တွေက သိမ်းငှက်တွေကို ဆဲလ်ဟတ်စ်ပါ့ခ်မှာ ၀-၄ ရလဒ်နဲ့ အနိုင်ယူထားခဲ့ပါတယ်။ ဒါ့အပြင် ပဲလေ့စ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၄ ပွဲ မှာလည်း ဆန်းဒါးလန်းက ၄ ပွဲ အနိုင်ကာ ၁ ပွဲသာ ရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ခရစ္စတယ်ပဲလေ့စ် နိုင်ရင် ၁.၆၄ ဆ၊ ဆန်းဒါးလန်း နိုင်ရင်တော့ ၄.၉၅ ဆ၊ သရေ ဆိုရင်တော့ ၃.၄၆ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ပဲလေ့စ် ဘက်ကပဲ ကြေးဖွင့်ပေးထားပြီး သရေ အရှုံး ကနေ ၁ လုံး သရေလောက်အထိ ပေါက်နေပါတယ်။ ဂိုးပေါင်းကြေး ကတော့ အနည်းငယ် ပျော့ပြီး ဂိုးအောက်သမားတွေ အကြိုက်တွေ့နိုင်တဲ့ ကြေးမျိုးပါပဲ။ ပဲလေ့စ်က ပွဲတစ်ပွဲကို ဘယ်လိုမျိုး ရလဒ်ကောင်းအောင် ကစားရမလဲ ဆိုတာ သိနေတဲ့ အသင်း ဖြစ်နေပါပြီ။ ဆန်းဒါးလန်း ကလည်း လူတောင့်သလို စိတ်ဓာတ်ပိုင်း ကလည်း အမြင့်ရောက်နေတဲ့ အသင်းပါ။ ဒါပေမယ့် အမြင့်ပျံနေတဲ့ သိမ်းငှက်တွေ ကိုတော့ ဆွဲချဖို့ တတ်နိုင်မယ် မထင်ပါဘူး။ ပဲလေ့စ်နဲ့ ဂိုးအနည်း ကြိုက်ပါတယ်။
ခန့်မှန်းရလဒ်
ခရစ္စတယ်ပဲလေ့စ် ၂-၀ ဆန်းဒါးလန်း
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.