ဖူလ်ဟမ် – လိဒ်စ်ယူနိုက်တက်
ပရီးမီးယားလိဂ် ပွဲစဉ် ၄ မှာတော့ ဖူလ်ဟမ်က တန်းတက် လိဒ်စ်ယူနိုက်တက်ကို Craven Cottage မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေတဲ့ နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်ပြီး ဘယ်အသင်းက ရလဒ်ကောင်း ပြန်လည် ရှာတွေ့သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဖူလ်ဟမ်က ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲမှာ ၂ ပွဲ သရေကျပြီး ၁ ပွဲ ရှုံးထားတာကြောင့် ရမှတ် ၂ မှတ်နဲ့ အဆင့် ၁၈ နေရာကို ရောက်ရှိနေပါတယ်။ ဖူလ်ဟမ်ဟာ နောက်ဆုံး ပွဲမှာ ဆိုရင် ချဲလ်ဆီးကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒီရာသီ အတွက် ပထမဦးဆုံး နိုင်ပွဲ ရရှိဖို့ လိုအပ်နေပါပြီ။ ဒါကြောင့် တန်းတက် လိဒ်စ်ယူနိုက်တက်နဲ့ ကစားရမယ့် အခု အိမ်ကွင်း ပွဲစဉ်မှာ မဖြစ်မနေ ရလဒ်ကောင်း ရှာဖွေမှ ရပါလိမ့်မယ်။ နောက်ပြီး ဖူလ်ဟမ်က လိဒ်စ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၃ ကြိမ်စလုံး အနိုင်ရထားလို့ မာကို ဆေးလ်ဗားရဲ့ အသင်း အနေနဲ့ ရာသီသစ် အတွက် ပထမဦးဆုံး အနိုင် ၃ မှတ် ရှာဖွေနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။
လိဒ်စ်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ အဲဗာတန်ကို အနိုင်ရထားပေမယ့် နောက် နှစ်ပွဲ မှာတော့ အာဆင်နယ်ကို ၅-၀ နဲ့ ရှုံးကာ နယူးကာဆယ် ကိုတော့ ဂိုးမရှိသရေ ကစားထားပါတယ်။ လိဒ်စ်ယူနိုက်တက်ဟာ တန်းတက် အသင်း ဖြစ်ပေမယ့် ခံစစ် အသားပေး မကစားပဲ တိုက်စစ် ပိုအားသန်တဲ့ အသင်း ဖြစ်ပါတယ်။ ဖူလ်ဟမ် ကလည်း လျင်မြန်တဲ့ တောင်ပံတွေနဲ့ တိုက်စစ် ကစားတတ်တဲ့ အသင်း ဖြစ်တာကြောင့်တော့ လိဒ်စ်ယူနိုက်တက်ရဲ့ ခံစစ်က အနည်းငယ်တော့ သတိထားရပါမယ်။ မဟုတ်ရင် အာဆင်နယ်နဲ့ ပွဲကလို ပေးဂိုးတွေ များသွားနိုင်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ ဖူလ်ဟမ် ဘက်က အစ်ဆာ ဒီယော့ပ် တစ်ဦးတည်း ပါဝင်ကစားဖို့ မသေချာ ဖြစ်နေကြောင်း သိရပါတယ်။
လိဒ်စ် ဘက်မှာတော့ တာနာကာ၊ အမ်ပါဒူ၊ လူးကပ်စ် ပါရီတို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဖူလ်ဟမ် – လန်နို၊ တီတီ၊ အန်ဒါဆန်၊ ဘက်ဆေး၊ ရော်ဘင်ဆင်၊ ဘာ့ဂျ်၊ လူကစ်၊ ဆက်ဆနွန်၊ ကင်း၊ အီဝိုဘီ၊ ဟင်မီနက်ဇ်
လိဒ်စ်ယူနိက်တက် – ဒါလိုး၊ ဘိုဂဲလ်၊ ရွန်ဒွန်၊ စထျောက်ခ်၊ ဂတ်မန်ဆန်၊ စတက်ချ်၊ ဂရူအက်ဗ်၊ လောင်းစတက်ဖ်၊ ဂျိမ်းစ်၊ ကဲလ်ဗက်လီဝင်း၊ ဂျီနွန်တို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး ၁၆ ကြိမ် တွေ့ဆုံမှုမှာ ဖူလ်ဟမ်က ၆ ကြိမ်၊ လိဒ်စ်က ၄ ကြိမ် အနိုင်ရထားကြပြီး ၆ ကြိမ် သရေကျခဲ့ပါတယ်။ ဖူလ်ဟမ်ဟာ လိဒ်စ်ယူနိုက်တက်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၃ ကြိမ်ဆက် အနိုင်ရထားပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၄ ကြိမ် မှာတော့ ၂ ကြိမ်စီ အနိုင်ရထားကြပါတယ်။ Craven Cottage မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ ဖူလ်ဟမ်က ၃ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဖူလ်ဟမ် နိုင်ရင် ၂.၀၀ ဆ၊ လိဒ်စ်ယူနိက်တက် နိုင်ရင် ၃.၄၉ ဆ၊ သရေ ဆိုရင်တော့ ၃.၁၈ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ သရေ တစ်ဝက်ရှုံး ကနေ တစ်လုံး တစ်ဝက်စား အထိ ကြေးပေါက်နေပြီး ဂိုးပေါင်းကြေး ကတော့ စဉ်းစားစရာ ရှိနေပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ ဖူလ်ဟမ်က ရာသီသစ် အတွက် ပထမဦးဆုံး နိုင်ပွဲ ရှာတွေ့ဖို့ လိုအပ်နေပါပြီ။ မာကို ဆေးလ်ဗား အနေနဲ့လည်း ဒီပွဲအတွက် အသေချာ ပြင်ဆင်လာပါလိမ့်မယ်။ ကျွန်တော် ကတော့ ၂ ဆ ရမယ့် ဖူလ်ဟမ် ဘက်မှာပဲ ယုံကြည်စွာနဲ့ ရပ်တည်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
ဖူလ်ဟမ် ၂-၁ လိဒ်စ်ယူနိက်တက်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.