နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာနိုးလ် လမ်းစဉ် အတိုင်း ကိုနာတေးကို ခေါ်ယူဖို့ ကြိုးပမ်းမယ့် ရီးရဲလ်မက်ဒရစ် | လာလီဂါ

ရီးရဲလ်မက်ဒရစ် ကတော့ ပြင်သစ် ဗဟိုခံစစ်မှူး အီဘရာဟီမာ ကိုနာတေးကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာ ကြာပါပြီ။ ဒါပေမယ့်လည်း လာလီဂါ ထိပ်သီး တို့က ကိုနာတေးကို အလျင်စလို ကြိုးပမ်းသွားမှာ မဟုတ်ပဲ လာမယ့် နွေရာသီမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ 

၂၀၂၆ ခုနှစ်မှာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကိုနာတေးရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေ အကြားမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားကြောင်း သိရပါတယ်။ ဒါ့အပြင် လာလီဂါ ကလပ်ဟာ ကစားသမားနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီး ခေါယူနိုင်မယ်လို့လည်း အပြည့်အဝ ယုံကြည်နေကြကြောင်း သိရပါတယ်။ တချို့ သတင်းတွေမှာ ဆိုရင် ကိုနာတေးက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း ဖော်ပြလျက် ရှိပါတယ်။

Daily Mail ကတော့ ရီးရဲလ်မက်ဒရစ်ဟာ ကိုနာတေးရဲ့ အပြောင်းအရွှေ့ကို ထရန့် အလက်ဇန္တား အာနိုးလ်ရဲ့ အပြောင်းအရွှေ့နဲ့ ဆင်တူတဲ့ လုပ်ဆောင်မှု အတိုင်း ကြိုးပမ်းသွားနိုင်တယ်လို့ ယုံကြည်လျက် ရှိကြောင်း ဖော်ပြပါတယ်။ အင်္ဂလန် ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ် ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ နှစ်ပေါင်း များစွာ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် နောက်ဆုံး မှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆန်တီယာဂို ဘာနေဗျူးကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ၁၅ ကြိမ် ချန်ပီယံ ဖြစ်ထားတဲ့ ရီးရဲလ်မက်ဒရစ် ကတော့ ဆုဖလား အောင်မြင်မှုတွေနဲ့ မြင့်မားတဲ့ လုပ်ခလစာကို မက်လုံးပေးပြီး ကစားသမားကို ဆွဲဆောင်နိုင်လိမ့်မယ်လို ယုံကြည်နေတယ်လို့ သိရပါတယ်။

လာလီဂါ ကလပ် ကတော့ အလားအလာကောင်းတွေ ရှိနေတဲ့ ၂၆ နှစ် အရွယ် ကိုနာတေးကို ဗဟိုခံစစ် နေရာမှာ အီဒါ မီလီတာအိုနဲ့ ရေရှည် တွဲဖက် ကစားစေချင်နေတာ ဖြစ်ပါတယ်။
ကိုနာတေးကို စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်နေတဲ့ လစ်ဗာပူးလ်

တစ်ဖက် မှာတော့ လစ်ဗာပူးလ်က ကိုနာတေးနဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပေမယ့် အခုအချိန်အထိ တိုးတက်ခြင်း မရှိသလို သဘောတူညီမှုလည်း မရရှိသေးကြောင်း သိရပါတယ်။ တချို့ ပွဲစဉ်တွေမှာ ကိုနာတေးရဲ့ စွမ်းဆောင်ရည်တွေကြောင့် လစ်ဗာပူးလ် အပေါ် ခံစားချက် မရှိတော့ကြောင်း ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် ကိုနာတေးနဲ့ လစ်ဗာပူးလ် တို့ အကြား ဆက်ဆံရေးကို ပိုမို ဆိုးရွားသွားစေခဲ့တာက ကစားသမားရဲ့ ပြင်သစ် ရုပ်သံ တစ်ခုနဲ့ အင်တာဗျူးကြောင့် ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ကိုနာတေးက သူ့ရဲ့ ပြင်သစ် အသင်းဖော် ကီလီယန် အမ်ဘာပေးက သူ့ကို ရီးရဲလ်မက်ဒရစ် ဆီကို လာဖို နှစ်နာရီခြား တစ်ခါ ဖုန်းခေါ်နေတယ် ဆိုပြီး နောက်ပြောင် ပြောဆိုခဲ့တာပါ။ ကိုနာတေး အနေနဲ့ ဟာသ တစ်ခု အနေနဲ့သာ ပြောကြားခဲ့တာ ဖြစ်ပေမယ့် လက်ရှိမှာ ဒီကိစ္စက ပြောစရာ တစ်ခု အဖြစ် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လစ်ဗာပူးလ် တာဝန်ရှိသူတွေ အနေနဲ့ ကတော့ ကိုနာတေးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးစေရေး ဇန်နဝါရီလ မတိုင်ခင်မှာ ကစားသမားရဲ့ အနာဂတ် အတွက် အပြီးသတ် ဆုံးဖြတ်ချက်ချနိုင်ဖို့ တွန်းအားပေး လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

နောက်ပြီး လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့က စပြီး ကိုနာတေး အနေနဲ့ အင်္ဂလန် ပြင်ပ ကလပ်တွေနဲ့ တရားဝင် ဆွေးနွေးခွင့်ရရှိမှာ ဖြစ်ပါတယ်။ ကိုနာတေးရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပြီး လစ်ဗာပူးလ်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ကတည်းက စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ စတင်ခဲ့ပေမယ့် လက်ရှိ အချိန်ထိ မထူးခြားသေးပါဘူး။ လာလီဂါ ကလပ် ကတော့ အလားအလာကောင်းတွေ ရှိနေတဲ့ ၂၆ နှစ် အရွယ် ကိုနာတေးကို ဗဟိုခံစစ် နေရာမှာ အီဒါ မီလီတာအိုနဲ့ ရေရှည် တွဲဖက် ကစားစေချင်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်