နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟာလန်းရဲ့ အဆင့်အတန်းက အိဆက်ခ်ထက် နည်းနည်း ပိုတယ်လို့ ဆိုလိုက်တဲ့ ပပ် ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွာဒီယိုလာ ကတော့ သူ့အသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းက လစ်ဗာပူးလ် တိုက်စစ်မှူးသစ် အလက်ဇန္ဒား အိဆက်ခ်ထက် ပိုကောင်းကြောင်း ပြောကြားလာခဲ့ပါတယ်။ ဂွါဒီယိုလာဟာ အာနေး ဆလော့တ်ရဲ့ အိဆက်ခ်ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကောင်း ဖြစ်နိုင်တယ် ဆိုတဲ့ စကားကို တုန့်ပြန် ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်စစ်မှူး နှစ်ဦးစလုံး ကတော့ ရာသီကုန်မှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင် ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေသူတွေပါ။

အသက် ၂၅ နှစ် အရွယ် အိဆက်ခ်ဟာ အခုတပတ်မှာ ပရီးမီးယားလိဂ် ချန်ပီယံတွေနဲ့ ပထမဆုံး အကြိမ် လေ့ကျင့်ခန်းဆင်းခဲ့ပြီးတော့ နည်းပြ ဖြစ်သူ အာနေး ဆလော့တ်က ဆွီဒင်သားရဲ့ အရည်အသွေးကို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ အိဆက်ခ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ နယူးကာဆယ် ကနေ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ်ဆီ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဆွီဒင် တိုက်စစ်မှူးက လာမယ့် တနင်္ဂနွေနေ့ ဘန်လေနဲ့ ပွဲစဉ်မှာ လစ်ဗာပူးလ် အတွက် ပွဲထွက်ကစားခွင့် ရရှိဖွယ် ရှိနေပါတယ်။

ပြိုင်ဘက် မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ အာနေး ဆလော့တ်ရဲ့ အိဆက်ခ် အပေါ် ချီးကျူးမှုကို လက်မခံပဲ ချက်ချင်းပဲ သူ့ရဲ့ တပည့် ဟာလန်း ဘက်ကနေ ထောက်ခံခဲ့ပါတယ်။ ဂွါဒီယိုလာက “နည်းနည်းလေး ပိုကောင်းပါတယ်။ အီဆက်ခ်က ထူးခြားတဲ့ ကစားသမား တစ်ယောက်ပါ။ ခင်ဗျား တို့က အာလင်း အကြောင်း မေးတယ် ဆိုရင်တော့ သူက ထိပ်ဆုံး နေရာမှာပဲ ရှိနေမှာပေါ့။ သူတို့ ပေးခဲ့တဲ့ ပြောင်းရွှေ့ကြေးကြောင့် အိဆက်ခ်က ထိပ်တန်း ကစားသမား ဖြစ်လိမ့်မယ်။ တချို့ ကတော့ (ကီလီယန်) အမ်ဘာပေး၊ တချို့က (လီယွန်နယ်) မက်ဆီ၊ ခရစ္စတီယာနို (ရော်နယ်ဒို) လို့ သမုတ်ကြပါလိမ့်မယ်။ ကျွန်တော် အာလင်းကို ဘယ်သူနဲ့မှ မလဲနိုင်ပါဘူး။ ကျွန်တော် သူ့ကို သိတယ်။ သူ့ကိုပဲ သဘောကျတယ်။” ဆိုပြီး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃နဲ့ ၄ မှာ စပါးနဲ့ ဘရိုက်တန် တို့ကို ဆက်တိုက် ရှုံးနိမ့်ထားခဲ့ပါတယ်။
မန်ချက်စတာဒါဘီမှာ ရလဒ်ကောင်း တစ်ခု ပြန်လည် ရှာတွေ့ဖို့ လိုအပ်နေတဲ့ မန်စီးတီး

နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ ၂၀၂၂ ခုနှစ်မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကနေ မန်စီးတီးကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ဟာလန်းက မန်စီးတီး အတွက် ပရီးမီးယားလိဂ် ပွဲ ၁၀၀ မှာ ၈၈ ဂိုး သွင်းယူထားပြီး၊ ပရီးမီးယားလိဂ် ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ဖလားနဲ့ အက်ဖ်အေဖလားတွေ ရရှိအောင် အဓိက အခန်းကဏ္ဉ ကနေ ကူညီပေးခဲ့ပါတယ်။

အိဆက်ခ် ကတော့ ၂၀၂၂ ခုနှစ်မှာ ရီးရဲလ်ဆိုစီဒက် ကနေ နယူးကာဆယ်ကို ပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ် ၈၆ ပွဲ ကစားပြီးချိန်မှာ ၅၄ ဂိုး သွင်းယူပေးထားပါတယ်။ ဒါ့အပြင် အိဆက်ခ်ဟာ ပြီးခဲ့တဲ့ရာသီက ငှက်ကြားတို့ နှစ်ပေါင်း ၆၀ နီးပါး ဝေးကွာနေတဲ့ ဆုဖလား အောင်မြင်မှုကို အဆုံးသတ်နိုင်ခဲ့ရာမှာလည်း အဓိကကျခဲ့သူ ဖြစ်ပါတယ်။ ဒီနွေရာသီမှာတော့ အိဆက်ခ်က လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ နယူးကာဆယ်ကို ဆန့်ကျင်မှုတွေ ပြုလုပ်ခဲ့ပြီး သူ့ရဲ့ အိမ်မက် ကလပ်ဆီ ရအောင် ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃နဲ့ ၄ မှာ စပါးနဲ့ ဘရိုက်တန် တို့ကို ဆက်တိုက် ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါကြောင့် တနင်္ဂနွေနေ့မှာ ကစားမယ့် မန်ချက်စတာဒါဘီ ပွဲစဉ်မှာ စီးတီးတို့ ရလဒ်ကောင်းဖို့ လိုအပ်နေပြီး တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ အရေးပါမှုကိုလည်း လိုအပ်နေပြီ ဖြစ်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် တတိယ နေရာနဲ့ ရာသီသိမ်းခဲ့ရပြီးတော့ ဒီနှစ် မှာတော့ ချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်