နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီးကို အနိုင်ယူချင်တယ်လို့ ကြုံးဝါးလိုက်တဲ့ နီကိုးလက်စ် ဂျက်ဆန် | ချန်ပီယံလိဂ်

ဘေယန်မြူးနစ် ကတော့ ဒီနှစ် ချန်ပီယံလိဂ်ရဲ့ လိဂ်အဆင့် အဖွင့် ပွဲစဉ်မှာ ချဲလ်ဆီးနဲ့ ထိပ်တိုက် တွေ့ဆုံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဘွန်ဒက်စ်လီဂါ ထိပ်သီး တို့ရဲ့ တိုက်စစ်မှူးသစ် နီကိုးလက်စ် ဂျက်ဆန် ကတော့ ချဲလ်ဆီးနဲ့ ပြန်လည် ဆုံတွေ့ရတဲ့ အချိန်မှာ အနိုင်ရရှိလိုကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။

နီကိုးလက်စ် ဂျက်ဆန်က “ကျွန်တော်တို့ ဗုဒ္ဓဟူးနေ့မှာ ချဲလ်ဆီးနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး သူငယ်ချင်းတွေနဲ့ ပြန်တွေ့ချင်သလို အဲဒီပွဲ ကိုလည်း အနိုင်ရချင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ဂျက်ဆန်ဟာ နိုင်ငံတကာ ရက်သတ္တပတ် အတွင်း နိုင်ငံ လက်ရွေးစင် အသင်း အတွက် ကစားခဲ့ရတာကြောင့် မနေ့ကမှ ဘေယန်မြူးနစ်နဲ့ စတင် ပူးပေါင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဆက်လက်ပြီး ဂျက်ဆန်က “ဒါက ဘောလုံးပါပဲ၊ စိတ်လှုပ်ရှားစရာကောင်းပါလိမ့်မယ်။ ဒါပေမယ့် ပွဲစပြီးတာနဲ့ ဘေယန် အတွက် အရာအားလုံးကို ကျွန်တော် ပေးသွားမှာပါ။ ကျွန်တော် ဘယ်လိုမျိုး ကြီးပြင်းလာလဲ ဆိုတာကို ပြသဖို့ အခွင့်အရေးကောင်း တစ်ခုပါ။” လို့လည်း ပြောကြားခဲ့ပါသေးတယ်။

ဆီနီဂေါ တိုက်စစ်မှူးဟာ ချဲလ်ဆီး ကနေ ဘေယန်မြူးနစ်ကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး ငှားရမ်းခ အနေနဲ့တော့ ဘေယန်မြူးနစ်က ယူရို ၁၆.၅ သန်း အထိ ပေးချေရဖို့လည်း ရှိနေပါတယ်။ သတင်းတွေအရ ဆိုရင်တော့ ဒီငှားရမ်းခဟာ ဘေယန်မြူးနစ်ရဲ့ သမိုင်းတလျှောက် အများဆုံး အသုံးပြုရတဲ့ ပမာဏ ဖြစ်ခဲ့ပြီး ရာသီကုန်ချိန်မှာ ယူရို ၆၅ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်မယ့် သဘောတူညီချက်လည်း ပါဝင်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဒီသဘောတူညီချက်က ကစားသမား အနေနဲ့ အနည်းဆုံး ပွဲ ၄၀ ပွဲထွက် ကစားနိုင်မှသာ အကြုံးဝင်မှာ ဖြစ်ပါတယ်။

နီကိုးလက်စ် ဂျက်ဆန်ဟာ ၂၀၂၃ နွေရာသီမှာ ဗီလာရီးရဲလ် ကနေ ချဲလ်ဆီးကို ပေါင် ၃၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီးတော့ ပြိုင်ပွဲစုံ ၈၁ ပွဲမှာ ဂိုး ၃၀ သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးက ဒီနွေရာသီမှာ တိုက်စစ် ကစားသမားသစ် ထပ်မံ ခေါ်ယူ အားဖြည့်ခဲ့တာကြောင့် ဂျက်ဆန် တစ်ယောက် အရန်ခုံထိုင်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ ဂျက်ဆန်ကို အပြီးသတ် ရောင်းထုတ်ဖို့ စီစဉ်ခဲ့တာကြောင့် ဂျက်ဆန်က စတန်းဖို့ဒ်ဘရစ်ချ် ကနေ သေချာပေါက် ထွက်ခွာချင်ခဲ့ပါတယ်။ 

ဒီကြားထဲ နီကိုးလက်စ် ဂျက်ဆန်ဟာ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိပြီးချိန်မှာ ချဲလ်ဆီး ဘက်က တိုက်စစ်မှူး လီယမ် ဒီလက်ပ် ဒဏ်ရာရရှိသွားတာကြောင့် အပြောင်းအရွှေ့ကို ဖျက်သိမ်းဖို့ စီစဉ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဂျက်ဆန်နဲ့ သူ့ရဲ့ အေးဂျင့် ဖြစ်သူ တို့က ချဲလ်ဆီးကို အတင်းအကြပ် တောင်းဆိုခဲ့ပြီး အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ အပြီးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘေယန်မြူးနစ်ဟာ ချန်ပီယံလိဂ် လိဂ်အဆင့်မှာ ပွဲအကြပ်ဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဗင်းန်ဆင့် ကွန်ပနီရဲ့ အသင်းက ချဲလ်ဆီး (အိမ်)၊ ပီအက်စ်ဂျီ (အဝေး)၊ ကလပ် ဘရုဂေး (အိမ်)၊ အာဆင်နယ် (အဝေး)၊ စပို့တင်းလစ္စဘွန်း (အိမ်)၊ ပီအက်စ်ဗွီ (အဝေး)၊ ယူနီယံစိန့်ဂလွိုက်စ် (အိမ်)၊ ပါဖို့စ် (အဝေး) တို့နဲ့ တွေ့ဆုံရမှာ ဖြစ်ပြီး ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ အာဆင်နယ် တို့ကတော့ ဘေယန် အတွက် သတိထားရမယ့် ပွဲစဉ်တွေ ဖြစ်ပါတယ်။ ချဲလ်ဆီး ကတော့ ချန်ပီယံလိဂ် လိဂ်အဆင့်မှာ ဘာစီလိုနာ၊ ဘေယန်မြူးနစ်၊ ဘင်ဖီကာ၊ အတ္တလန္တာ၊ အေဂျက်စ်၊ နာပိုလီ၊ ပါ့ဖို့စ်၊ ကွာရာဘက်ဂျ် တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်