ယူအီးအက်ဖ်အေ ကတော့ ဒီနှစ်က စပြီး ချန်ပီယံလိဂ် စည်းမျဉ်း အပြောင်းအလဲကြီး တစ်ခုကို တရားဝင် ကြေညာလိုက်ပါတယ်။ ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းအရ ဆိုရင် ပြိုင်ပွဲဝင် ကလပ် အသင်းတွေ အနေနဲ့ သူတိုရဲ့ ၂၅ ဦး လူစာရင်း ထဲက ကစားသမား တစ်ဦးဦး ရေရှည် ဒဏ်ရာ သိုမဟုတ် နာမကျန်းမှု တစ်ခုခု ဖြစ်ပေါ်ခဲ့ရင် ယာယီ အစားထိုး ကစားသမား တစ်ဦး မှတ်ပုံတင်ခွင့် ရရှိမယ်လို့ သိရပါတယ်။
ဒါဟာ ချန်ပီယံလိဂ် ဆင်နွှဲခွင့်နဲ့ လွဲချော်ခဲ့ကြတဲ့ နာမည်ကြီး ကစားသမားတွေ အတွက် ဝမ်းသာစရာ သတင်းကောင်းလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆိုရင် ချန်ပီယံလိဂ် ပြိုင်ပွဲ အတွက် ကလပ် အသင်းတွေ တင်သွင်းခဲ့တဲ့ ၂၅ ဦး စာရင်းမှာ အာဆင်နယ်က ဂါဘရီရယ် ဂျေဇုစ်၊ လစ်ဗာပူးလ်က ဖက်ဒရစ်ကို ခီယေဇာနဲ့ စပါးက မက်သီ တဲလ် တို့လို နာမည်ကြီး ကစားသမားတွေ ချန်လှပ်ခံခဲ့ရပါတယ်။ ဒါကြောင့် ဒီကစားသမားတွေဟာ ပြိုင်ပွဲရဲ့ လိဂ်အဆင့် တစ်ခုလုံးကို လွဲချော်ရတော့မှာ ဖြစ်ပြီး အစောဆုံး ပြန်လည် ပါဝင်ခွင့်ရမယ့် အချိန် ကတော့ ၂၀၂၆ ခုနှစ်မှာ စတင်မယ့် ရှုံးထွက် အဆင့်မှသာ ဖြစ်ပါတယ်။
စပါး နည်းပြ သောမက်စ် ဖရန့်ခ်ဟာ မက်သီ တဲလ်ကို ချန်လှပ်ခဲ့တာကြောင့် ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရပြီး လစ်ဗာပူးလ် ကလည်း ခီယေဇာကို ချန်လှပ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ခံခဲ့ရပါတယ်။ ဒါ့အပြင် အာတေးတားရဲ့ ဂျေဇုစ်ကို ချန်လှပ်ခဲ့တဲ့ ဆုံးဖြတ်ချက် ကလည်း ပရိသတ်တွေ အကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အခုဆိုရင်တော့ ဒီပြဿနာတွေက ငြိမ်းအေးသွားတော့မှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ ယူအီးအက်ဖ်အေရဲ့ ပြောင်းလဲလိုက်တဲ့ စည်းမျဉ်း အသစ်အရ ကလပ် အသင်းတွေ အနေနဲ့ ကစားသမား တစ်ဦးဦး ရေရှည် အနားယူရဖို့ ရှိလာခဲ့ရင် ပွဲစဉ် ၆ မတိုင်ခင် အရေးပေါ် ယာယီ လူစားထိုးမှု တစ်ခု ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဓိက ကတော့ နောက်ပိုင်းမှာ တိုးလာတဲ့ ပွဲပမာဏတွေ အကြားမှာ တရားမျှတမှု ရှိစေဖိုနဲ့ ကစားသမားတွေရဲ့ အလုပ် ပိုလုပ်ရခြင်း ကနေ ကာကွယ်ပေးဖို့ ရည်ရွယ်ပြီး ယူအီးအက်ဖ်အေက အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြောင်းလဲလိုက်တဲ့ စည်းမျဉ်း ကိုတော့ ပြီးခဲ့တဲ့ ကြာဿပတေးနေ့မှာ ယူအီအက်ဖ်အေက အတည်ပြုခဲ့တာ ဖြစ်ပြီး ကလပ်တွေရဲ့ ပြိုင်ဆိုင်မှုကို ဟန်ချက်ညီ မျှတစေပြီး မမျှော်လင့်ထားတဲ့ ဒဏ်ရာတွေကြောင့် ခြေစွမ်း ကျဆင်းသွားနိုင်တဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေက ဆိုရင် ဒဏ်ရာရ ကစားသမားတွေ များပြားလာတဲ့ အခါမှာ ကလပ် အသင်းတွေ အနေနဲ့ လူအင်အား မပြည့်ပဲ ပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်ခဲ့ရပါတယ်။ သိရသလောက်တော့ ဒီစည်းမျဉ်းဟာ ချန်ပီယံလိဂ် အတွက် အပြောင်းအလဲ ပြုလုပ်ပေးခဲ့တာ ဖြစ်ပြီး ယူအီးအက်ဖ်အေ လက်အောက်က တခြားသော ပြိုင်ပွဲတွေ အတွက်ရော ပြောင်းလဲမှု ရှိလာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီနှစ် အတွက် ချန်ပီယံလိဂ် ကတော့ လာမယ့် စက်တင်ဘာ ၁၆ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး ဘီလ်ဘာအို-အာဆင်နယ်၊ ပီအက်စ်ဗွီ-ယူနီယံစိန့်ဂလွိုက်စ် ပွဲစဉ်တွေ ကစားမှာ ဖြစ်ပါတယ်။
ယူအီးအက်ဖ်အေဟာ အစောပိုင်းမှာလည်း ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန့်ဖရင့်လိဂ် ပြိုင်ပွဲတွေမှာ လိဂ်အဆင့် ရပ်တည်မှု မြင့်မားတဲ့ အသင်းတွေ အားသာချက် ရရှိစေမယ့် စည်းမျဉ်း အပြောင်းအလဲ ပြုလုပ်ခဲ့ပါသေးတယ်။ သတင်းတွေအရ ဆိုရင် ယူအီးအက်ဖ်အေ အနေနဲ့ လာမယ့် ရာသီမှာ လိဂ် အဆင့် (League Phase) မှာ ရပ်တည်မှု မြင့်မားခဲ့တဲ့ အသင်းတွေကို ဆီမီးဖိုင်နယ် အဆင့် အထိ ဆီဒင်ရ အသင်းတွေ အဖြစ် သတ်မှတ်ကာ ဒုတိယအကျော့ ပွဲစဉ်တွေကို အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားစေမှာ ဖြစ်ကြောင်း သိရသည်။ ယူအီးအက်ဖ်အေ အနေနဲ့ မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲ ကျင်းပရေး ကော်မတီ အစည်းအဝေးမှာ စည်းမျဉ်း အပြောင်းအလဲ ပြုလုပ်ဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.