နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တံကောက်ကြော ဒဏ်ရာကြောင့် ၁၂ ပတ် ဝန်းကျင်လောက် အနားယူရမယ့် ဒီလက်ပ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး တိုက်စစ်မှူး လီယမ် ဒီလက်ပ် ကတော့ တံကောက်ကြော ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရဖို့ ရှိနေပြီ ဖြစ်ပါတယ်။ ဒီလက်ပ်ရဲ့ ဒဏ်ရာ အခြေအနေကို နည်းပြ ဖြစ်သူ အန်ဇို မာရက်စ်ကာက အတည်ပြုခဲ့တာ ဖြစ်ပြီး အင်္ဂလန် တိုက်စစ်မှူး အနေနဲ့ ၃ လ ဝန်းကျင်လောက် အနားယူရမှာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီလက်ပ်ကို ဒီဇင်ဘာလ အထိ မြက်ခင်းစိမ်းပေါ်မှာ မြင်တွေ့ရဖို့ မရှိပဲ အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူး အနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲ ဝန်းကျင်အထိ လွဲချော်ရတော့မှာလည်း ဖြစ်ပါတယ်။ အခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကမှ တန်းဆင်း ကလပ် အစ်ပ်ဆွစ်ချ်တောင်း ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တဲ့ ဒီလက်ပ်ဟာ ဖူလ်ဟမ်ကို ၂-၀ နဲ့ အနိုင်ရရှိတဲ့ ပွဲစဉ်မှာ ပွဲအစ ၁၄ မိနစ် မှာတင်ပဲ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အဲဒီနိုင်ပွဲနဲ့ အတူ လက်ရှိအချိန်ထိ ရှုံးပွဲ မရှိမှုကို ဆက်ထိန်းထားနိုင်ခဲ့ပေမယ့် ဒီလက်ပ် ဒဏ်ရာရသွားတာကြောင့်တော့ နစ်နာခဲ့ရပါတယ်။

ချဲလ်ဆီး တာဝန်ရှိသူတွေ ကတော့ အစပိုင်းမှာ ဒီလက်ပ် အနေနဲ့ နိုဝင်ဘာလ အတွင်း ဘောလုံး ပြန်ကစားနိုင်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် အသေအချာ စမ်းသပ် စစ်ဆေးမှုတွေ ထပ်မံ ပြုလုပ်ခဲ့ရာမှာတော့ ဒီဇင်ဘာလ မှသာ ပြန်လည် ကစားနိုင်ဖွယ် ရှိကြာင်း အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလက်ပ်ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်လို့ အန်ဇို မာရက်စ်ကာက သောကြာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ မာရက်စ်ကာက “လီယမ် (ဒီလပ်) ဟာ ၁၀ ပတ် ကနေ ၁၂ ပတ်ဝန်းကျင် အနားယူရမယ်လို ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ ခရီးရှည်ကြီး သွားရတော့မှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် စက်တင်ဘာ ၂၀ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် မန်ချက်စတာယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ သွားရောက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
တံကောက်ကြော ဒဏ်ရာကြောင့် ဒီဇင်ဘာလလောက်မှ ပြန်ကစားနိုင်မယ့် လီယမ် ဒီလက်ပ်

အဲဒီနောက် သတင်းထောက်တွေက မာရက်စ်ကာကို ဘေယန်မြူးနစ်ထံ ပြောင်းရွှေ့သွားခဲ့တဲ့ နီကိုးလက်စ် ဂျက်ဆန် အကြောင်း မေးမြန်းခဲ့ရာမှာတော့ “သူက ဘေယန်မြူးနစ် ကစားသမား ဖြစ်နေပါပြီ။ ကျွန်တော် သူ့ကို မက်ဆေ့ချ် ပိုခဲ့ပါတယ်။ အကောင်းဆုံး ဖြစ်ပါစေလို့လည်း ဆုတောင်းပေးခဲ့ပါတယ်။ သူက အလွန်ကောင်းတဲ့ ကစားသမားပါ။ အလုပ်လည်း ကောင်းကောင်း လုပ်သူ တစ်ဦးပါ။ ဒါကြောင့် အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးတာပါ။ ကျွန်တော် ပြောနိုင်တာ ဒီတစ်ခုပဲ ရှိပါတယ်။” လို့ ဖြေကြားသွားခဲ့ပါတယ်။ 

ဒီလက်ပ် ဒဏ်ရာရရှိသွားချိန် လက်ရှိ ချဲလ်ဆီးရဲ့ အထောင် တိုက်စစ် နေရာမှာ ယာအို ပက်ဒရိုနဲ့ မာ့ခ် ဂီယူတို့ နှစ်ဦးသာ ကျန်ရှိပါတယ်။ မာ့ခ် ဂီယူ ကိုတော့ ဆန်းဒါးလန်းဆီ အငှားချခဲ့ရာ ကနေ စာချုပ် ဖျက်သိမ်းက ပြန်လည် ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ချဲလ်ဆီးရဲ့ တိုက်စစ်မှာ ယာအို ပက်ဒရို ခြေစွမ်းပြနေပြီး ဂိုးတွေ သွင်းနေသလို နီတို၊ အက်စ်တီဗာအို၊ ဂါနာချို တို့လို တောင်ပံ ကစားသမားတွေ ဆီကနေလည်း သွင်းဂိုးတွေ မျှော်လင့်လို့ ရနေပါသေးတယ်။ ဖြစ်နိုင်ခြေ ရှိတာ ကတော့ ချဲလ်ဆီး အနေနဲ့ ဒီ ၃ လကို လက်ရှိ တိုက်စစ် လူစာရင်း အတိုင်း ထိန်းကစားပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှပဲ အင်အား ထပ်ဖြည့်မယ့် သဘော ရှိပါတယ်။ 

ချဲလ်ဆီးဟာ မနက်ဖြန်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် ဘရန့်ဖို့ဒ်နဲ့ ကစားရမှာ ဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်မှာတော့ ဘေယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲ ကစားရပါမယ်။ အဲဒီနောက် စက်တင်ဘာ ၂၀ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် မန်ချက်စတာယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ သွားရောက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်