နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘောလုံး ကစားရတဲ့ အပေါ် ဘယ်လောက် အထိ စိတ်လှုပ်ရှားတတ်သလဲ ဆိုတာ ဖွင့်ဟခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် | ပရီးမီးယားလိဂ်

ဘရူနို မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကတော့ သူ့ အနေနဲ့ ဘောလုံး ကစားရတဲ့ အပေါ် ဘယ်လောက် အထိ စိတ်လှုပ်ရှားတတ်သလဲ ဆိုတာကို ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ရဲ့ အသင်းခေါင်းဆောင်က သူ့အနေနဲ့ ပွဲမခင်တိုင်းမှာ စိတ်လှုပ်ရှားမှု ခံစားရလေ့ ရှိသလို ပွဲမကစားရရင် ပိုပြီး စိတ်လှုပ်ရှားတတ်ကြောင်း ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

BBC Match of the Day အစီအစဉ်မှာ ဘရူနို ဖာနန်ဒက်စ်က “ပွဲကို ထိုင်ကြည့်နေရတဲ့ အခါ ကျွန်တော် ပိုပြီး စိတ်လှုပ်ရှားရတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်အသင်းဖော်တွေ အတွက်ပါ ကိုယ်က ဝင်ပြီး ခံစားပေးနေရလို့ပါ။ သူတို့ တစ်ခုခုကို ကြိုးစားနေပေမယ့် အဆင်မပြေ ဖြစ်နေတာကို မြင်ရတဲ့အခါ ကျွန်တော် အရမ်းပဲ စိတ်လှုပ်ရှားလာပါတယ်။ အရန်ခုံမှာ ဖြစ်စေ၊ အိမ်မှာပဲ ဖြစ်စေ ကျွန်တော် ငြိမ်ငြိမ်မနေနိုင်ဘူး။ အိမ်မှာ ပွဲကြည့်နေရင်တောင် အသံတိတ်ပြီး မနေနိုင်ပါဘူး။ အော်ဟစ်နေရမှ လှုပ်ရှားနေရမှ ကျေနပ်တာပါ။ ကိုယ်တိုင် ကွင်းထဲကို ရောက်နေသလိုမျိုးပေါ့။ 

ဒါပေမဲ့ သူ့ရဲ့ စိတ်လှုပ်ရှားမှုဟာ ကြောက်ရွံခြင်းကြောင့် မဟုတ်ပဲ သူ့ရဲ့ ဦးနှောက်ကို အမြဲတမ်း နိုးကြားထက်မြက်နေစေတဲ့ ခံစားချက် တစ်ခု ဖြစ်တယ်လို ဘရူနို ဖာနန်ဒက်စ်က ရှင်းပြခဲ့ပါတယ်။ ကွင်းထဲမှာ ဖြစ်စေ အရန်ခုံမှာ ဖြစ်စေ အိမ်မှာပဲ ဖြစ်စေ ဒီလိုမျိုး မငြိမ်မသက်ဖြစ်တဲ့ ခံစားချက်ကပဲ သူ့ကို ပွဲစဉ်တိုင်းမှာ အပြည့်အဝ ပါဝင်စေဖို့ တွန်းအားပေးနေတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ပေါ်တူဂီ ကွင်းလယ်လူက “ပွဲတိုင်းမှာ ကျွန်တော် စိတ်လှုပ်ရှားပါတယ်။ ဒါက ကောင်းတဲ့ စိတ်လှုပ်ရှားမှုမျိုးပါ။ ပွဲထဲမှာ စိတ်ရော ကိုယ်ပါ ပါဝင်နေချင်တယ်။ စိတ်ပိုင်းဆိုင်ရာအရ ကျွန်တော့် ဦးနှောက် အမြဲတမ်း အလုပ်လုပ်နေဖို့ လိုအပ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် မနက်ဖြန်မှာ ခါးသီး မြို့ခံပြိုင်ဘက် မန်စီးတီးကို အက်တီဟတ်မှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ယူနိုက်တက် အတွက် ၅ နှစ် ဆက်တိုက် အဓိက ကစားသမား အဖြစ် ရှိနေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်

ဘရူနို ဖာနန်ဒက်စ်က ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်တို့ ရုန်းကန်ခဲ့ရသည့် တိုင်အောင် အသင်း အတွက် အကောင်းဆုံး အကျိုးပြုခဲ့သူ ဖြစ်ပါတယ်။ အသက် ၃၁ နှစ် အရွယ် ကစားသမားက ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၅၇ ပွဲ ကစားပေးပြီး ၁၉ ဂိုး သွင်းကာ၊ ၁၈ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဒီရာသီ အစ ကတော့ ဘရူနို အတွက် အခက်အခဲတွေ များနေခဲ့တယ်လို့ ဆိုရပါမယ်။ ဖူလ်ဟမ်နဲ့ ပွဲမှာ အရေးကြီးတဲ့ ပင်နယ်တီ လွဲချော်ခဲ့လို့ သူ့ အသင်းက ရမှတ် ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ခရာဘောင်ဖလား ပွဲစဉ် မှာတော့ ဘရူနို အနေနဲ့ ပင်နယ်တီ ဝင်အောင် ကန်သွင်းနိုင်ခဲ့ပေမယ့် ယူနိုက်တက်က လိဂ်တူး ကလပ် ဂရင်းစ်ဘီတောင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။ 

နိုင်ငံတကာ ရက်သတ္တပတ်တွေ မတိုင်ခင် ကစားခဲ့တဲ့ ဘန်လေနဲ့ပွဲ မှာတော့ ပေါ်တူဂီ ကွင်းလယ်လူက နောက်ဆုံး မိနစ်မှာ ပင်နယ်တီ အနိုင်ဂိုးသွင်းပြီး ယူနိုက်တက် အတွက် အဖိုးတန် နိုင်ပွဲ ရယူပေးနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် မနက်ဖြန်မှာ ခါးသီး မြို့ခံပြိုင်ဘက် မန်စီးတီးကို အက်တီဟတ်မှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ အပြီး ရမှတ် ၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်