နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ လက်မလျှော့သေးတဲ့ ဆော်ဒီပရိုလိဂ်၊ အိုလစ်ဆီ အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်တဲ့ ဘေယန်မြူးနစ် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ စက်တင်ဘာ ၁၄ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ် ကလပ်တွေ ကတော့ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူရန် မျှော်လင့်ချက်ကို လက်မလျှော့သေးဘဲ လာမယ့် ဇန်န၀ါရီလ အစောပိုင်းမှာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထပ်မံ ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ ပေါ်တူဂီ ကွင်းလယ်လူ ကတော့ ပရီးမီးယားလိဂ် ကလပ်မှာပဲ ဆက်နေလိုကြောင်း အကြိမ်ကြိမ် ပြောကြားထားသူ ဖြစ်ပါတယ်။

အီဘရာဟီမာ ကိုနာတေး ကတော့ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လိုတဲ့ ဆန္ဒကြောင့် ဆော်ဒီပရိုလိဂ်ရဲ့ ကြီးမားတဲ့ ကမ်းလှမ်းမှု အများအပြားကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်သားဟာ လစ်ဗာပူးလ်နဲ့ ၂၀၃၁ ခုနှစ် အထိ စာချုပ် သက်တမ်းတိုးဖို့ထက် ရီးရဲလ်မက်ဒရစ်ကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။

အကယ်၍ လစ်ဗာပူးလ် အနေနဲ့ လာမယ့် နွေရာသီမှာ ကိုနေတေးကို ဆုံးရှုံးခဲ့ရရင်တော့ ဂျူဗင်တပ်စ်က ဂလိုင်ဆင် ဘရီမာနဲ့ အစားထိုးဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ မကြာသေးခင်က ပိတ်သိမ်းခဲ့တဲ့ အပြောင်းအရွှေ့ ကာလက ဘရာဇီးလ် ဗဟိုနောက်ခံလူကို ခေါ်ယူဖို့ နီးစပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့က စပြီး ဒီကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းမယ့် အသင်းတွေ များပြားလာဖွယ် ရှိကြောင်း သတင်းတွေက ဖော်ပြပါတယ်။

ချဲလ်ဆီး ကတော့ သူတို့ရဲ့ ပစ်မှတ် ကစားသမား စာရင်းမှာ လိုင်ယွန်က မာလစ်ခ် ဖိုဖာနာနဲ့ အက်စတွန်ဗီလာက မော်ဂန် ရော်ဂျာစ် တို့ အပြင် ဂျူဗင်တပ်စ် တိုက်စစ်မှူး ကီနန် ယီလ်ဒစ်ဇ်ကို ထည့်သွင်းထားကြောင်း သိရပါတယ်။

မန်ချက်စတာစီးတီးဟာ အင်တာမီလန် နောက်ခံလူ ဒန်ဇဲလ် ဒမ်းဖရီးစ်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စီစဉ်ထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အေဂျက်စ် ဗဟိုခံစစ် ကစားသမား အာရွန် ဘူးမန်း ဟာ ဗာဂျယ် ဗန်ဒိုက်ခ် လက်သစ် အဖြစ် သတ်မှတ်ခံထားရပြီး ဘာစီလိုနာ၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ အပြိုင်အဆိုင် စိတ်ဝင်စားခြင်း ခံနေရနေတယ်လို့ သိရပါတယ်။

အာဆင်နယ် ကတော့ စတုဂတ် ခံစစ်ကစားသမား အန်ဂျလို စတီလာရဲ့ အပြောင်းအရွှေ့ထဲ အပြိုင်အဆိုင် ဝင်ရောက်လာကြောင်း သိရပါတယ်။ ဂန်းနားတွေဟာ လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က အပြိုင်အဆိုင် ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ပစ်မှတ် မိုက်ကယ် အိုလစ်ဆီကို ဘေယန်မြူးနစ်က ပြောင်းရွှေ့ကြေး ပေါင် ၉၇ သန်း တန်ကြေး သတ်မှတ်လိုက်ကြောင်း သိရပါတယ်။
မိုက်ကယ် အိုလစ်ဆီ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၉၇ သန်း သတ်မှတ်လိုက်တဲ့ ဘေယန်မြူးနစ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ပစ်မှတ် မိုက်ကယ် အိုလစ်ဆီကို ဘေယန်မြူးနစ်က ပြောင်းရွှေ့ကြေး ပေါင် ၉၇ သန်း တန်ကြေး သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

ဂါဘရီရယ် မာတီနယ်လီ ကတော့ ဒီနွေရာသီမှာ ဘေယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ် အနေနဲ့ ဘရာဇီးလ်သားကို ရောင်းချဖို့ လမ်းဖွင့်ထားပေမယ့်လည်း ယူရို သန်း ၃၀ ထက် နိမ့်တဲ့ ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားသွားမှာ မဟုတ်ကြောင်း သိရပါတယ်။

ဘာစီလိုနာ ကတော့ လာမယ့် ဥက္ကဌသစ် ရွေးကောက်ပွဲမှာ လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းမှု တစ်ရပ် ပြုလုပ်ဖို့ ရှိကြောင်း သိရပါတယ်။

မန်ချက်စတာစီးတီးဟာ တော့တင်ဟမ်ဟော့စပါးရဲ့ ပစ်မှတ် ကစားသမား ဆာဗင်ဟိုကို ရောင်းထုတ်ပြီး ရိုဒရီဂိုကို ယူရို သန်း ၈၀ နဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေကြောင်း သိရပါတယ်။

အန်တိုနီယို ရူဒီဂါ ကတော့ လာမယ့် ဇွန်လမှာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ဆော်ဒီအာရေဗျကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဆဲလ်ဘတ် တိုက်စစ်မှူး ကာရင်မ် ကိုနာတေး ကတော့ လာမယ့် ရာသီမှာ ဘာစီလိုနာက ရောဘတ် လီဝမ်ဒေါစကီး နေရာမှာ အစားထိုးမယ့်သူ အဖြစ် သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဘာစီလိုနာရဲ့ ဆယ်ကျော်သက်ကစားသမား ဒါရိုဖာနန်ဒက်ဇ် ကတော့ ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ စိတ်ဝင်စားခြင်း ခံနေရကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်