နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းမယ့် ရီးရဲလ်၊ ဂူဟီကို ခေါ်ယူပေးဖို့ တောင်းဆိုထားတဲ့ ဟန်ဆီ ဖလစ်ခ် | လာလီဂါ

စက်တင်ဘာ ၁၄ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ ချဲလ်ဆီးက အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းမယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ် အနေနဲ့ စည်းမျဉ်း ၇၄ ခုကို ဖောက်ဖျက်မှုနဲ့ စွဲချက်တင်ခံရဖို့ များနေချိန်မှာ အဓိက ကွင်းလယ်လူကို လက်လွှတ်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ် ဂူဟီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူပေးဖို့ လာလီဂါ ကလပ် တာဝန်ရှိသူတွေကို တိုက်တွန်းထားကြောင်း သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားဟာ ဒီနွေရာသီမှာ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေထိ ရောက်ခဲ့သလို ပြောင်းရွှေ့ကြေး ကလည်း ပေါင် ၃၅ သန်းသာ ရှိခဲ့ပါတယ်။ ဒီကစားသမားက လာမယ့် ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး လက်ရှိမှာတော့ လာလီဂါ ကလပ်တွေ အပြင် ဘေယန်မြူးနစ် ကလည်း စိတ်ဝင်စားနေပါတယ်။

တစ်ဆက်တည်းမှာပဲ ဘာစီလိုနာက ဒါယော့တ် အူပါမီကာနိုနဲ့ ဘေယန်မြူးနစ်ရဲ့ စာချုပ်အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ သိပါတယ်။ အူပါမီကာနို ကတော့ အားကစား ဒါရိုက်တာ ဒေကို သတ်မှတ်ထားတဲ့ ဘာစီလိုနာရဲ့ ဗဟိုနောက်ခံလူ ပစ်မှတ် စာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ် ကလည်း ဂူဟီကို နှစ်သက်နေသလို အူပါမီကာနို ကိုလည်း ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

အီဘရာဟီမာ ကိုနာတေး ကတော့ လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ ကစားရန် ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ပြင်သစ်သားဟာ အန်ဖီးလ်မှာ စာချုပ် သက်တမ်း ကုန်ဆုံးချိန် ထရန့် အလက်ဇန္တား အာနိုးလ်ရဲ့ လမ်းစဉ် အတိုင်းလိုက်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နီကို ဝီလီယမ်စ် အနေနဲ့ ဘီလ်ဘာအိုနဲ့ နှစ်ရှည် စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့်လည်း ဘေယန်မြူးနစ်က အလေးအနက် စိတ်ဝင်စားကြောင်း ပြသထားတယ်လို့ သိရပါတယ်။

ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ် ဂူဟီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူပေးဖို့ လာလီဂါ ကလပ် တာဝန်ရှိသူတွေကို တိုက်တွန်းထားကြောင်း သိရပါတယ်။
ခရစ္စတယ်ပဲလေ့စ် ခံစစ်မှူးကို ခေါ်ယူပေးဖို့ ဘာစီလိုနာ တာဝန်ရှိသူတွေကို တိုက်တွန်းထားတဲ့ ဟန်ဆီ ဖလစ်ခ်

ရိုဒရီဂို ကတော့ လာမယ့် ဇန်န၀ါရီမှာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီး အန်ဆယ်လော့တီရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘရာဇီးလ်ရဲ့ လူစာရင်းမှာ ပါဝင်ခွင့်ရလိုနေကြောင်း သိရပါတယ်။

အကယ်၍ ရီးရဲလ်မက်ဒရစ် အနေနဲ့ တော့တင်ဟမ်ဟော့စပါးက မစ်ကီ ဗန်ဒီဗန်ကို အံ့အားသင့်ဖွယ် ခေါ်ယူမယ် ဆိုရင်တော့ ယူရို သန်း ၈၀ (ပေါင် ၆၉.၂ သန်း) ပေးချေရမှာ ဖြစ်ပါတယ်။

ရီးရဲလ်ဘက်တစ် အနေနဲ့ ယူရိုပါလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့မယ် ဆိုရင်တော့ အန်တိုနီကို အေစီမီလန်နဲ့ ဘေယန်မြူးနစ် တို့ထံ ရောင်းထုတ်ရဖွယ် ရှိနေပါတယ်။

ဗလင်စီယာနဲ့ ဆဲလ်တာဗီဂို နှစ်သင်းစလုံးဟာ ရီးရဲလ်မက်ဒရစ်က အန်းဒရစ်ခ်ကို ဇန်နဝါရီတွင် အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း သိရပါတယ်။

ဂါဘရီရယ် မာတီနယ်လီ ကတော့ ဒီနွေရာသီမှာ ဘေယန်မြူးနစ်ထံမှ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ ဘရာဇီးလ်သားကို ရောင်းချဖို့ လမ်းဖွင့်ထားပေမယ့်လည်း ယူရို သန်း ၃၀ (ပေါင် ၂၅.၉ သန်း) အောက် နိမ့်တဲ့ ကမ်းလှမ်းမှုတွေ လက်ခံဖို့ ရည်ရွယ်ချက် မရှိကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။ အာဆင်နယ် စတုဂတ်ရဲ့ ကွင်းလယ် ခံစစ်ကစားသမား အိန်ဂျလို စတီလာရဲ့ အပြောင်းအရွှေ့ထဲကို အပြိုင်အဆိုင် ဝင်ရောက်လာကြောင်း သိရပါတယ်။ ဒီကစားသမား ကိုတော့ လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့လို ထိပ်တန်း ကလပ်တွေက အသည်းအသန် လိုချင်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်