နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိဆက်ခ်ကို ပွဲတိုင်း မိနစ် ၉၀ ပေးကစားမှာ မဟုတ်ကြောင်း ပြောကြားလိုက်တဲ့ ဆလော့တ် | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကတော့ သူ့အသင်းရဲ့ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် အလက်ဇန္တား အိဆက်ခ်ကို ဖြည်းဖြည်းချင်းသာ ပွဲထွက်ခွင့်ပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ အိဆက်ခ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှ ပရီးမီးယားလိဂ် ချန်ပီယံ ကလပ်ဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်တာကြောင့် လာမယ့် ဘန်လေနဲ့ ပွဲမှ စတင် ပွဲထွက်ခွင့်ရဖွယ် ရှိနေပါတယ်။

ကြိုးကြာနီ ပရိသတ်တွေဟာ သူတို့ အသင်း ပေါင် ၁၂၅ သန်း ပေးချေခဲ့ရတဲ့ ထိပ်တန်း တိုက်စစ်မှူးကို ကွင်းထဲမှာ ကစားနေတဲ့ အလျင်အမြန်ပဲ မြင်တွေ့ချင်နေကြပြီလည်း ဖြစ်ပါတယ်။ ဒီအချိန်မှာ ဆလော့တ်က အိဆက်ခ်ကို ပွဲကစားချိန် အပြည့်အဝ ပေးဖို့ အလျင်စလို လုပ်ဆောင်သွားမှာ မဟုတ်ဘဲ ကြံ့ခိုင်မှု ပြန်လည် တည်ဆောက်ဖို့ အတွက် ဖြည်းဖြည်းချင်းသာ ပွဲထွက်ခွင့် ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

Liverpool Echo ရဲ့ ဖော်ပြချက်အရ ဆလော့တ်က “ဆွီဒင် နည်းပြ တိုမာဆန်က တကယ်ကို ချီးကျူးထိုက်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး တစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သူ့နိုင်ငံ အတွက်လည်း လိုအပ်နေပေမယ့် ကစားသမားကို အတင်းအကြပ် ကစားခိုင်းရင် ဒဏ်ရာရနိုင်တာကို နားလည်တဲ့ အတွက် ကစားသမားကို ဂရုစိုက်ပေးခဲ့ပါတယ်။ ကျွန်တော် တို့လည်း အဲလက်စ် (အလက်ဇန္တား အိဆက်ခ်) ကို အဲ့ဒီအတိုင်းပဲ အသုံးချသွားမှာပါ။ သူ့ကို ပွဲတိုင်း မိနစ် ၉၀ ပေးကစားမယ်လို့ မထင်ထားလိုက်ပါနဲ့။” လို့ ဆိုပါတယ်။

လစ်ဗာပူးလ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၃ ပွဲ ကစား၊ ၃ ပွဲနိုင်၊ ရမှတ် ၉ မှတ် ရရှိထားပါတယ်။
အခုရာသီမှာ ပွဲစဉ် တစ်ပွဲမှ မကစားရသေးတဲ့ အလက်ဇန္တား အိဆက်ခ်

“သူက ရာသီကြိုလေ့ကျင့်ခန်းတွေမှာရော အသင်းလိုက် လေ့ကျင့်ခန်းတွေမှာပါ လွဲချော်ခဲ့တာကြောင့် သူ့ကို ကျွန်တော်တို့ ဖြည်းဖြည်းချင်း ပြန်လည် တည်ဆောက်ပေးရပါမယ်။ ဒါက စိန်ခေါ်မှု တစ်ခု ဖြစ်လာမှာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကို ၆ နှစ် စာချုပ်နဲ့ ခေါ်ယူထားတာ ဖြစ်ပြီး ပရိသတ်တွေ အနေနဲ့လည်း ဒီအချက်ကို အမြဲတမ်း စိတ်ထဲမှာထားပေးဖို့ လိုအပ်ပါတယ်။” လို့လည်း ပြောကြားသွားခဲ့ပါတယ်။

လစ်ဗာပူးလ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၃ ပွဲ ကစား၊ ၃ ပွဲနိုင်၊ ရမှတ် ၉ မှတ် ရရှိထားပါတယ်။ ဒီကနေ့ ညမှာတော့ ဆလော့တ်ရဲ့ အသင်းက တန်းတက် ဘန်လေနဲ့ ပွဲစဉ် ၄ ကို ဆက်လက် ကစားရမှာ ဖြစ်ပြီး ဇယားထိပ်ကို ပြန်လည် တက်လှမ်းနိုင်ဖို့ ရလဒ်ကောင်းဖို့ လိုအပ်နေပါတယ်။ အိဆက်ခ် အနေနဲ့ ဒီကနေ့မှာ ကစားမယ့် ဘန်လေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပွဲဦးထွက် အနေနဲ့ မိနစ် အနည်းငယ် ပါဝင်ခွင့် ရရှိနိုင်ပေမယ့် အက်တလက်တီကိုမက်ဒရစ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာတော့ ပွဲထွက်ကစားသမား အဖြစ် ပါဝင်လာဖို့ မသေချာကြောင်း နည်းပြ ဆလော့တ်က ပြောကြားထားပါတယ်။

လစ်ဗာပူးလ်ဟာ ချန်ပီယံလိဂ်မှာ အက်တလက်တီကိုမက်ဒရစ်နဲ့ ၆ ရာသီ အတွင်း တတိယအကြိမ်မြောက် တွေ့ဆုံမှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်က ဒီယေဂို ဆီမြွန်နီရဲ့ အသင်းက ချန်ပီယံဆု ကာကွယ်ရမယ့် လစ်ဗာပူးလ်ကို ပြိုင်ပွဲ ကနေ ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အုပ်စု အဆင့် မှာတော့ ယာဂန် ကလော့ပ်ရဲ့ အသင်းက အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး ပြန်လည် အနိုင်ယူနိုင်ခဲ့ပါတယ်။ တကယ်တော့ အိဆက်ခ်ဟာ နယူးကာဆယ်ကို သပိတ်မှောက်ခဲ့စဉ်က ရာသီကြို ခရီးစဉ်ရော ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ၃ ပွဲ ကိုပါ လွဲချော်ခဲ့ရပါတယ်။ အဲ့ဒီနောက် အိဆက်ခ်က ဆွီဒင်နဲ့ နိုင်ငံတကာ ပွဲစဉ်တွေ သွားကစားခဲ့ရာ မှာလည်း နည်းပြ ဂျွန်ဒါးလ် တိုမာဆန်က သူ့ကို ဒဏ်ရာမရစေဖို့ အတွက် ပွဲချိန် အနည်းငယ်သာ အသုံးပြုခဲ့ပါတယ်။ အိဆက်ခ်ဟာ ကိုဆိုဗိုနဲ့ ပွဲမှာ ၁၇ မိနစ်လောက်ပဲ လူစားဝင် ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်