နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟမ်းဘတ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ စံချိန်သစ်ကိုယ်စီ တင်ခဲ့ကြတဲ့ ကိန်းနဲ့ ဒီးယက်ဇ် | ဘွန်ဒက်စ်လီဂါ

ဘေယန်မြူးနစ် ကတော့ မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ တန်းတက် ကလပ် ဟမ်းဘတ်ကို ၅-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဘေယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၃ အပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ ရမှတ် ၉ မှတ် ရရှိထားပြီး ရဂိုး ၁၄ ဂိုး၊ ပေးဂိုး ၂ ဂိုးနဲ့ ရာသီသစ်ကို အကောင်းဆုံး စတင်ထားနိုင်တာလည်း ဖြစ်ပါတယ်။

ဟမ်းဘတ်နဲ့ ပွဲမှာတော့ ဘေယန်မြူးနစ် တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ လူးဝစ္စ ဒီးယက်ဇ် တို့ဟာ ဘွန်ဒက်စ်လီဂါ မှတ်တမ်းကောင်းတွေ အသီးသီး ပိုင်ဆိုင်ခဲ့ကြပါတယ်။ ဒီပွဲမှာ ဘေယန်မြူးနစ်က ၂၉ မိနစ် အတွင်း ၄ ဂိုး အထိ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဟယ်ရီကိန်း အနေနဲ့ အခုပွဲမှာ ပယ်နယ်တီ သွင်းဂိုး တစ်ဂိုး အပါအဝင် နှစ်ဂိုး သွင်းခဲ့ပြီး သူ့အနေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘွန်ဒက်စ်လီဂါ ပြိုင်ဘက် ကလပ် အသင်း ၂၀ စလုံးကို ဂိုးသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း ရခဲ့တာပါ။ ဒါ့အပြင် ကိန်းက ဘွန်ဒက်စ်လီဂါမှာ ပယ်နယ်တီ ကန်သွင်းခွင့် ၁၅ ကြိမ်စလုံးကို ဂိုး အဖြစ် ပြောင်းလဲနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

သွင်းဂိုး ၁ ဂိုး ရခဲ့တဲ့ ကစားသမားသစ် လူးဝစ္စ ဒီးယက်ဇ် ကတော့ ဘေယန်မြူးနစ် သမိုင်းမှာ ဘွန်ဒက်စ်လီဂါ အဖွင့် ၃ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လူးဝစ္စ ဒီးယက်ဇ် မတိုင်ခင်မှာတော့ ရစ်ဇီ တယ်လီ(၁၉၉၇)၊ လူကာတိုနီ (၂၀၀၇)၊ မာရီယို မန်ဇူကစ် (၂၀၁၂) တို့က ဒီမှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် ဘေယန်မြူးနစ် ကွင်းလယ်လူ ဂျော်ရွှာ ကင်မစ်ချ် ကတော့ ဘွန်ဒက်စ်လီဂါမှာ ပွဲ ၄၅၀ ပြည့်မြောက်ခဲ့ပါတယ်။ ချဲလ်ဆီး ကနေ အငှားနဲ့ လာရောက် ကစားခဲ့တဲ့ နီကိုးလက်စ် ဂျက်ဆန် ကတော့ အခုပွဲရဲ့ ဒုတိယပိုင်းမှာ လူစားဝင် ကစားခွင့် ရခဲ့ပြီး သာမန် စွမ်းဆောင်ရည်မျိုးသာ ပြသနိုင်ခဲ့ပါတယ်။

ဂနာဘရီ ကတော့ ပွဲချိန် ၃ မိနစ်မှာတင် ဘေယန်မြူးနစ် အတွက် အဖွင့်ဂိုး သွင်ယူပေးခဲ့သူ ဖြစ်ပါတယ်။ ပွဲအပြီး မှာတော့ ဘေယန်မြူးနစ် ကစားသမား ဆာ့ဂျ် ဂနာဘရီက ‘ပျော်ရွှင်မှုတွေ ကြိုက်နှစ်သက်တဲ့ ဘေယန်မြူးနစ် အတွက် အလုပ်ဖြစ်နေတယ်’ လို့ ပြောကြားခဲ့ပါတယ်။ ဂနာဘရီက “ယေဘုယျအားဖြင့်၊ အသင်း တစ်သင်း အနေနဲ့ ကျွန်တော်တို့ အတွက် အရမ်း ကောင်းနေပြီး ဒါက ပျော်ရွှင်စရာပါ။ ကျွန်တော်တို့ အတူတကွ ကောင်းမွန်စွာ ကစားနေကြပြီး ဘောလုံးကို ကောင်းမွန်စွာ ရွေ့လျားနိုင်စေဖို့ ပြီးပြည့်စုံတဲ့ နားလည်မှုတွေ ရှိနေပါတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော့် ဂိုးကို ဘယ်လို သွင်းမိခဲ့သလဲ ကျွန်တော် မသိဘူး။ ဒါပေမယ့် ဒီနေ့တော့ ဒီလိုပဲ ဖြစ်သွားပါတယ်။” လို့ ဆိုပါတယ်။

သွင်းဂိုး ၁ ဂိုး ရခဲ့တဲ့ ကစားသမားသစ် လူးဝစ္စ ဒီးယက်ဇ် ကတော့ ဘေယန်မြူးနစ် သမိုင်းမှာ ဘွန်ဒက်စ်လီဂါ အဖွင့် ၃ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါ အဖွင့် ၃ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြောက် ကစားသမား ဖြစ်လာတဲ့ လူးဝစ္စ ဒီးယက်ဇ်

ဆက်လက်ပြီး ဂျာမန်သားက “အခုချိန်မှာ ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ ပုံမှန်အတိုင်း လေ့ကျင့်နေပြီး ပြင်းပြင်းထန်ထန်လည်း လေ့ကျင့်နေပါတယ်။ ဒါပေမယ့် အားကစားသမား တစ်ယောက် အနေနဲ့တော့ အရာရာကို ပြီးမြောက်အောင် လုပ်နိုင်ဖို့ ကံကောင်းမှုလည်း လိုပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်က ကောင်းမွန်တဲ့ အဆင့် တစ်ခုနဲ့ ပြီးဆုံးခဲ့ပေမယ့် ကျွန်တော့်ရဲ့ ဒူးတွေ လှုပ်ရှားမှု နည်းနည်း နှေးသွားတယ်။ အခု ကျွန်တော် ကျန်းမာလာပါပြီ။ နေလို့လည်း ကောင်းပါတယ်။ ယုံကြည်မှုလည်း ရှိလာပါတယ်။ အခုလောလောဆယ်တော့ ပြေးလွှားနေပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဒီနိုင်ပွဲနဲ့ ပတ်သတ်ပြီးတော့လည်း နည်းပြ ဖြစ်သူ ဗင်းန်ဆင့် ကွန်ပနီက “Clean Sheet နဲ့ ၅ ဂိုး သွင်းနိုင်တာက အထင်ကြီးစရာပါပဲ။ ကွင်းထဲက လေထုက ရိုးရိုးရှင်းရှင်းပဲ ကောင်းနေပါတယ်။ ဒါက Oktoberfest (ဘီယာ ပွဲတော်) ခံစားမှု တစ်ခု လိုပါပဲ။ တကယ်ကို ပျော်စရာ ကောင်းပါတယ်။ ကျွန်တော်တို့ ကောင်းမွန်စွာ စတင်နိုင်ခဲ့ပြီး ဒါကလည်း အမြဲတမ်း အထောက်အကူ ဖြစ်စေပါတယ်။ ပထမပိုင်း မှာတော့ အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်ခဲ့ပြီး ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ ပိုပြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကောင်းကောင်း ကစားခဲ့ပြီး ပွဲကို ထိန်းချုပ်ခဲ့သလို နောက်ထပ် ဂိုးတွေလည်း သွင်းနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒါဟာ အရမ်းကောင်းတဲ့ ရလဒ် ဖြစ်ခဲ့ပါတယ်။” လို့ ပြောကြားသွားပါတယ်။

နောက်ဆုံး မှာတော့ ကွန်ပနီက သူတို့ အသင်းဟာ ပိုကောင်းလာပြီး အခုတော့ တော်တော်များများ ပြေလည်သွားပြီ ဖြစ်ကြောင်း လက်ရှိအချိန်ထိ နိုင်ပွဲတွေကို ကြိုးကြိုးစားစား ရယူထားနိုင်ပြီ ဖြစ်တာကြောင့် အနိုင်ရလဒ်နဲ့ ထိုက်တန်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘေယန်မြူးနစ်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ် ပွဲဦးထွက် အဖြစ် ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်