မန်ချက်စတာယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၄ မှတ်နဲ့ အဆင့် ၁၄ နေရာကို ပြန်လည် ရောက်ရှိသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ၄ ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲ ၄ ပွဲ၊ နိုင်ပွဲ ၁ ပွဲ၊ သရေ ၁ ပွဲသာ ရထားပြီး ရာသီသစ် မှာလည်း ရုန်းကန်နေရတာ ဖြစ်ပါတယ်။
အမော်ရင် လက်ထက် မှာလည်း ယူနိုက်တက်က ပရီးမီးယားလိဂ် ရှုံးပွဲ ၁၆ ပွဲ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ရာသီ အဖွင့် ၄ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၄ မှတ်သာ ရရှိထားခြင်းက သရဲနီတွေ အတွက် ၁၉၉၂-၁၉၉၃ ဘောလုံးရာသီ နောက်ပိုင်း အဆိုးရွားဆုံး ရာသီအဖွင့် မှတ်တမ်းလည်း ဖြစ်ခဲ့ပါတယ်။ အမော်ရင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ယူနိုက်တက်ကို စတင် တာဝန်ယူခဲ့ပြီး နောက်ပိုင်း ပရီးမီးယားလိဂ် ၃၁ ပွဲမှာ ၈ ပွဲသာ အနိုင်ရရှိထားပါတယ်။ ဒါကြောင့် သူ့ရဲ့ နိုင်ပွဲ ရာခိုင်နှုန်း ၂၆ ရာခိုင်နှုန်းသာ ရှိပြီး ဒါဟာ အသင်းရဲ့ သမိုင်းတစ်လျှောက် ထိပ်တန်းလိဂ် တစ်ခုမှာ ပွဲ ၂၀ အထက် ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲက တတိယမြောက် အနိမ့်ဆုံး မှတ်တမ်း ပိုင်ဆိုင်ထားသူ ဖြစ်လာပါတယ်။
ဒီလို မှတ်တမ်းဆိုးတွေ အပြင် မန်စီးတီးကို ၃-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ Opta ရဲ့ စူပါကွန်ပြူတာ ကလည်း ယူနိုက်တက် ပရိသတ်တွေ အတွက် စိတ်ပျက်စရာ တွက်ချက်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ စူပါကွန်ပြူတာရဲ့ ခန့်မှန်း တွက်ချက်မှု အရ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ကနေ တန်းဆင်းရနိုင်ခြေဟာ ချန်ပီယံ ဖြစ်နိုင်ခြေ၊ ချန်ပီယံလိဂ် ဝင်ခွင့် ရနိုင်ခြေ၊ ယူရိုပါလိဂ် ဝင်ခွင့် ရနိုင်ခြေထက် ရာခိုင်နှုန်း ပိုများနေခဲ့တာ ဖြစ်ပါတယ်။

တွက်ချက်မှုအရ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေဟာ ၀.၁၈ ရာခိုင်နှုန်း၊ ချန်ပီယံလိဂ် ဝင်ခွင့် ရနိုင်ခြေ ၄.၁၈ ရာခိုင်နှုန်း၊ ယူရိုပါလိဂ် ဝင်ခွင့် ရနိုင်ခြေ ၃.၁၅ ရာခိုင်နှုန်းနဲ့ တန်းဆင်းရနိုင်ခြေ ကတော့ ၁၀.၉၅ ရာခိုင်နှုန်း ရှိနေပါတယ်။
Opta စူပါကွန်ပြူတာရဲ့ တွက်ချက်မှုအရ ဘန်လေဟာ အခုနှစ် ဘောလုံးရာသီမှာ တန်းဆင်းရနိုင်ခြေ အရှိဆုံး အသင်း အဖြစ် ၅၂.၂၃ ရာခိုင်နှုန်း သတ်မှတ်ခံထားရပါတယ်။ ဘန်လေ ပြီးရင်တော့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်က ၅၀.၇၆ ရာခိုင်နှုန်း၊ ဆန်းဒါးလန်းက ၄၆.၀၂ ရာခိုင်နှုန်း၊ လိဒ်စ်ယူနိုက်တက်က ၄၄.၉၂ ရာခိုင်နှုန်း၊ ဝက်စ်ဟမ်း ယူနိုက်တက်က ၃၆.၀၆ ရာခိုင်နှုန်းနဲ့ ပရီးမီးယားလိဂ် ကနေ တန်းဆင်းရနိုင်ခြေ အများဆုံး အသင်းတွေ အဖြစ် သတ်မှတ်ခံထားရပါတယ်။ အဲဒီ ၅ သင်း ပြီးရင်တော့ ဖူလ်ဟမ်နဲ့ နော့တင်ဟမ်ဖောရက်စ် တိုက မန်ချက်စတာယူနိုက်တက်ထက် တန်းဆင်းရနိုင်ခြေ ပိုများနေပါတယ်။
Opta ရဲ့ တခြားသော တွက်ချက်မှုအရ အမော်ရင်ရဲ့ အသင်းက ရမှတ် ၄၈ မှတ် အောက်နဲ့ အဆင့် ၁၃ နေရာနဲ့ ပြီးဆုံးမယ်လို့ ခန့်မှန်းထားပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ရမှတ် ၄၂ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.