နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟာလန်းက Treble ရခဲ့တဲ့ နှစ်ကထက်တောင် ပိုကောင်းနေတယ်လို့ ဆိုလိုက်တဲ့ ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ထုံးစံ အတိုင်း သူအားထားရတဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပြန်ပါတယ်။ ဂွါဒီယိုလာက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဟာလန်းဟာ အိဆက်ခ်ထက် အနည်းငယ် ပိုကောင်းကြောင်း ပြောကြားထားခဲ့ပြီး အခုလည်း နော်ဝေသားက ဖလား ၃ လုံး ရခဲ့တဲ့ ရာသီကထက် ပိုကောင်းနေကြောင်း မန်ချက်စတာဒါဘီ အပြီးမှာ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး ကတော့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီ ပွဲစဉ်မှာ ယူနိုက်တက်ကို ၃-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဟာလန်းက ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ မန်စီးတီး အတွက် အဖွင့်ဂိုးကို ဒိုကုရဲ့ ကန်တင်ပေးပို့မှု ကနေ ဖီးလ် ဖိုဒန်က ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး အတွက် ဒုတိယဂိုး ကိုတော့ ဒိုကုရဲ့ ဖန်တီးပေးမှု ကနေ ဟာလန်းက သွင်းယူပေးခဲ့တာ ဖြစ်ပြီး တတိယဂိုး ကိုလည်း ဘာနာဒို ဆေးလ်ဗားရဲ့ ဖန်တီးပေးမှု ကနေ ဟာလန်း ကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၄ ပွဲ ကစားရာမှာ ၅ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ်လည်း ရပ်တည်နေပါတယ်။ ဟာလန်းဟာ ဝုဗ်ကို ၀-၄ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ၂ ဂိုး၊ ဘရိုက်တန်ကို ၂-၁နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ၁ ဂိုးနဲ့ အခု ယူနိုက်တက်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ၂ ဂိုး သွင်းယူခဲ့တာပါ။ ဟာလန်းဟာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ စလို့ သူ ပါဝင် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲမှာ စပါးနဲ့ တစ်ပွဲပဲ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နော်ဝေ တိုက်စစ်မှူးက နိုင်ငံတကာ ရက်သတ္တပတ်တုန်းကလည်း မော်လ်ဒိုဗာကို ၁၁-၁ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တစ်ဦးတည်း ၅ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးကာ ကြောက်မက်ဖွယ်ရာ တိုက်စစ် စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။

ဒါ့အပြင် ဟာလန်းဟာ မနေ့က ပွဲမှာ ၂ ဂိုး သွင်းပြီးနောက် မန်စီးတီး ကစားသမား ဘဝ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ ၅၀ ပြည့်မှာ သွင်းဂိုး ၅၀ ပြည့်ခဲ့တဲ့ မှတ်တမ်းကောင်းလည်း ပိုင်ဆိုင်ခဲ့ပါသေးတယ်။
မန်ချက်စတာစီးတီး အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၅၀ ကစားပြီး ၁၂၈ ဂိုး သွင်းယူပေးထားတဲ့ ဟာလန်း

ဒါ့အပြင် ဟာလန်းဟာ မနေ့က ပွဲမှာ ၂ ဂိုး သွင်းပြီးနောက် မန်စီးတီး ကစားသမား ဘဝ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ ၅၀ ပြည့်မှာ သွင်းဂိုး ၅၀ ပြည့်ခဲ့တဲ့ မှတ်တမ်းကောင်းလည်း ပိုင်ဆိုင်ခဲ့ပါသေးတယ်။ ဒီလို မှတ်တမ်းကောင်းတွေ ဆက်တိုက် ပိုင်ဆိုင်နေတဲ့ ဟာလန်း ကိုတော့ နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာက အခုလိုပဲ ချီးကျူးခဲ့ပါတယ်။

ဂွါဒီယိုလာက “အာလင်းက မန်စီးတီး ကစားသမား ဘဝကို စတင်ချိန် ကတည်းက မယုံနိုင်စရာ ကောင်းတဲ့သူပါ။ ဒါပေမယ့် ဒီရာသီ မှာတော့ သူက ပိုကောင်းနေပါတယ်။ ဖလား ၃ လုံး ရခဲ့တုန်းကထက်တောင် ပိုကောင်းနေတယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ သူက တက်ကြွလွန်းနေပြီး သူ ဂိုးဘယ်လောက် သွင်းနိုင်မလဲ ဆိုတာ ကိုတော့ ကျွန်တော် မပြောနိုင်ပါဘူး။ ဂိုးတွေ သွင်းပြီး အသင်းကို အကူအညီပေးနိုင်ဖို့ အလိုရှိပါတယ်။” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ မန်ချက်စတာစီးတီး အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၅၀ ကစားပြီး ၁၂၈ ဂိုး သွင်းယူပေးထားသူပါ။ သူဟာ ပရီးမီးယားလိဂ် ကလပ်ကို စစရောက်ချင်း ရာသီမှာ ပြိုင်ပွဲစုံ ၅၃ ပွဲ ကစားပြီး ၅၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယရာသီမှာ ၄၅ ပွဲ ကစားကာ ၃၈ ဂိုး၊ တတိယရာသီမှာ ၄၄ ပွဲကစားကာ ၃၁ ဂိုး သွင်းယူခဲ့ပါတယ်။ ဒီရာသီမှာတော့ ဟာလန်းက ၈ ပွဲ ကစားပြီးချိန်မှာ ၇ ဂိုး အထိ သွင်းယူထားတာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်