နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ်ရဲ့ စတုတ္ထမြောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာတဲ့ မိုဟာမက် ဆာလာ

လစ်ဗာပူးလ် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ မှာ ဘန်လေကို ခက်ခက်ခဲခဲ ကစားပြီးမှ နောက်ဆုံး မိနစ် ပင်နယ်တီ သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ လစ်ဗာပူးလ် အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ အီဂျစ် တိုက်စစ် ကစားသမား မိုဟာမက် ဆာလာက ပင်နယ်တီ ကနေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဆာလာဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား စာရင်းမှာ စတုတ္ထနေရာ အထိ ရောက်ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ အဲဒီပွဲမှာ ပွဲချိန် တလျှောက်လုံး ဘန်လေရဲ့ Low Block နဲ့ ပိတ်ဆို့ ကစားမှုကြောင့် လစ်ဗာပူးလ်ရဲ့ တိုက်စစ်က ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ဘန်လေ ဘက်ကို ပထမပိုင်းမှာ ဂိုးပေါက် ကန်ချက် ၁၀ ကြိမ်၊ ဒုတိယပိုင်းမှာ ၁၇ ကြိမ် အထိ ပြုလုပ်ခဲ့ပါတယ်။ ဂိုးပေါက် တည့်မှု ကတော့ တစ်ပွဲလုံးမှ ၄ ကြိမ်သာ ရှိခဲ့ပြီး တော်တော်လေးကို ရုန်းကန်ခဲ့ရတာပါ။ ဒါပေမယ့်လည်း ပွဲပြီးခါနီးမှာ ပြိုင်ဘက် နောက်ခံလူ ဟာနီဘဲလ် ဂိုးဧရိယာထဲမှာ လက်ထိခဲ့တာကြောင့် ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး ၉၀+၅ မိနစ် မှာတော့ ဆာလာက လစ်ဗာပူးလ် အတွက် အသက်ရှုချောင်စေခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ်တော့ အလန်ရှီးယားက ၂၆၀ ဂိုးနဲ့ စံချိန်တင်ထားပြီး သူ့ရဲ့ နောက်မှာတော့ ဟယ်ရီကိန်းက ၂၁၃ ဂိုး၊ ဝိန်း ရွန်နီက ၂၀၈ ဂိုးနဲ့ ရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ်မှာ တစ်ရာသီကို ဂိုး ၂၀ နီးပါး သွင်းယူထားတဲ့ မိုဟာမက် ဆာလာ

ထူးခြားချက် အနေနဲ့ ကတော့ လစ်ဗာပူးလ်က ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ စလုံး နောက်ကျဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာ တွေ့ရပါတယ်။ လစ်ဗာပူးလ်ဟာ ဘုန်းမောက်ကို ၄-၂ ရလဒ်နဲ့ အနိုင်ရခဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ အနိုင်ဂိုး ၂ ဂိုးကို ဖက်ဒရစ်ကို ခီယေဇာက ၈၈ မိနစ်နဲ့ မိုဟာမက် ဆာလာက ၉၀+၄ မိနစ်တွေမှာ သွင်းယူခဲ့ပါတယ်။ နယူးကာဆယ်ကို ၃-၂ ရလဒ်နဲ့ အနိုင်ရတဲ့ပွဲ မှာလည်း ကြိုးကြာနီတွေ အတွက် အနိုင်ဂိုးကို အန်ဂူမိုဟာက ၉၀+၁၀ မိနစ် အရောက်မှ သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲမှာလည်း လစ်ဗာပူးလ် အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ ကွင်းလယ်လူ ဆိုဘို့ဇ်လိုင်းက ပွဲချိန် ၈၃ မိနစ် အရောက်မှာ ဖရီးကစ် ကနေ တိုက်ရိုက် ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ တချို့ ကလည်း ဒါက ချန်ပီယံ ဖြစ်မယ့် အသင်း တစ်သင်းရဲ့ ကံကြမ္မာနဲ့ အလားအလာ ဖြစ်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

မနေ့ညက ပွဲအပြီး မှာတော့ အီဂျစ် တိုက်စစ် ကစားသမား ဆာလာက ကစားသမား ဘဝ ၁၈၈ ဂိုးမြောက် ပရီးမီးယားလိဂ် သွင်းဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆာလာဟာ ကစားသမားဟောင်း အန်ဒီ ကိုးလ်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း အများဆုံး စတုတ္ထ နေရာကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ်တော့ အလန်ရှီးယားက ၂၆၀ ဂိုးနဲ့ စံချိန်တင်ထားပြီး သူ့ရဲ့ နောက်မှာတော့ ဟယ်ရီကိန်းက ၂၁၃ ဂိုး၊ ဝိန်း ရွန်နီက ၂၀၈ ဂိုးနဲ့ ရပ်တည်နေပါတယ်။ ဆာလာဟာ ပရီးမီးယားလိဂ်မှာ အနည်းဆုံး သွင်းဂိုး ၂၀ ကျော် သွင်းယူတတ်တဲ့ ကစားသမား ဖြစ်တာကြောင့် အကယ်၍ ဆာလာ အနေနဲ့ ဒီဂိုးသွင်း စံချိန်ကို ထိန်းထားနိုင်မယ် ဆိုရင်တော့ ရွန်နီရဲ့ စံချိန်ကို လိုက်မီဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်