နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မြောက်လန်ဒန် မှာတော့ စပါး ဘက်ကပဲ ရပ်တည်ထားတာ စိတ်ချရပါလိမ့်မယ် | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

တော့တင်ဟမ်ဟော့စပါး – ဗီလာရီးရဲလ်

ယူရိုပါလိဂ် ချန်ပီယံ တော့တင်ဟမ်ဟော့စပါး ကတော့ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ် အဖြစ် ဗီလာရီးရဲလ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ စပါးက စပိန် ကလပ်တွေနဲ့ တွေ့ဆုံချိန်တိုင်း ရုန်းကန်ရတတ်သလို ဗီလာရီးရဲလ် ကလည်း အင်္ဂလိပ် ကလပ်တွေကို ကြောက်တဲ့ အသင်း ဖြစ်နေတာကြောင့် ဘယ်အသင်း အသာရသွားမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးက ဒီနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ စုစုပေါင်း ၅ ပွဲ ကစားထားပြီး ၃ ပွဲနိုင်၊ ၁ ပွဲ ရှုံး၊ ၁ ပွဲ သရေကျထားပါတယ်။ ယူအီးအက်ဖ်အေ စူပါဖလား ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို ပင်နယ်တီနဲ့ ရှုံးခဲ့တဲ့ စပါးက ပရီးမီးယားလိဂ် မှာတော့ ၃ ပွဲနိုင်ပြီး ၁ ပွဲ ရှုံးထားပါတယ်။ စပါးဟာ သောမက်စ် ဖရန့်ခ်ရဲ့ လက်အောက်မှာ ဘောလုံးကို စနစ်တကျ ကစားတတ်လာပြီး တိုက်စစ် ကစား ကလည်း ထက်မြတ်နေတယ်လို့ ပြောလို့ ရပါတယ်။ စပါးဟာ ဘုန်းမောက်နဲ့ ပွဲမှာပဲ ဂိုးမရခဲ့တာ ဖြစ်ပြီး ကျန်ပွဲတွေမှာ တစ်ပွဲကို အနည်းဆုံး ၂ ဂိုး သွင်းထားတာ တွေ့ရပါတယ်။ နောက်ဆုံး ပွဲမှာ ဆိုရင် စပါးက ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ၀-၃ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ လက်ရှိ လူစာရင်း အရ ဆိုရင်လည်း စပါးက တောင့်တင်းနေပြီး ဗီလာရီးရဲလ်ကို အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ဖို့ ရှိနေပါတယ်။ 

ဗီလာရီးရဲလ် ကတော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ နောက်ပိုင်း ချန်ပီယံလိဂ် ပြန်လည် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဗီလာရီးရဲလ်က ပြီးခဲ့တဲ့ ရာသီက အဆင့် ၅ နေရာသာ ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ် ၅ သင်း အထိ ချန်ပီယံလိဂ် ကစားခွင့် ရခဲ့ချိန်မှာတော့ ဗီလာရီးရဲလ် အနေနဲ့ ဥရောပ အမြင့်ဆုံး ပြိုင်ပွဲ တစ်ခုဆီ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဗီလာရီးရဲလ်ရဲ့ ဒီရာသီ စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်တော့ လာလီဂါ ၄ ပွဲ ကစားထားပြီး ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး ခြေစွမ်း ကတော့ သိပ်အကောင်းကြီးတော့ မဟုတ်ပါဘူး။ 

 

နှစ်ဖက်အသင်း သတင်းများ

စပါး ဘက်မှာ ဒီဂျန် ကူလူဆက်ဗ်စကီး၊ ဆိုလန်ကီ၊ မက်ဒီဆင်၊ တာကာအီ၊ ဒရာဂူဆင်၊ ဘစ်ဆူးမား တို့ လွဲချော်ဖို့ ရှိနေပါတယ်။ 

ရေငုပ်သင်္ဘောတွေက ချန်ပီယံလိဂ်မှာ အင်္ဂလိပ် အသင်းတွေနဲ့ ၁၄ ကြိမ် တွေ့ဆုံခဲ့ရာမှာ ၆ ကြိမ် သရေ၊ ၈ ကြိမ် ရှုံးထားပါတယ်။
၂၀၁၀ ခုနှစ်က စပါးနဲ့ နောက်ဆုံး အကြိမ် တွေ့ဆုံခဲ့ဖူးတဲ့ ဗီလာရီးရဲလ်

ဗီလာရီးရဲလ် ဘက်မှာတော့ ဂျရတ် မိုရီနို၊ ကော်စတာ၊ ကာဘာနက်စ်နဲ့ ကမ်ဘွယ်လာတို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

တော့တင်ဟမ်ဟော့စပါး – ဗီကာရီယို၊ ပေါ်ရို၊ ရိုမီယို၊ ဗန်ဒီဗန်၊ အူဒိုဂီ၊ ဆား၊ ဘန်တန်ကာ၊ ဘက်ဂျ်ဗဲလ်၊ ကူဒု့စ်၊ ရစ်ချာလီဆင်၊ ဆီမွန်စ်

ဗီလာရီးရဲလ် – ဂျူနီယာ၊ မော်ရင်နို၊ ဖွိက်သ်၊ ဗိုင်ဂါ၊ ကာဒိုနာ၊ ပေပေ၊ ဂူရီ၊ ပယ်ရီဟို၊ မိုလီရို၊ ပီရက်ဇ်၊ မီကာအူတတ်ဇီ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ဥရောပအဆင့်မှာ ပထမဦးဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားကြမှာ ဖြစ်ပါတယ်။ အဝါရောင် ရေငုပ်သင်္ဘောတွေက ချန်ပီယံလိဂ်မှာ အင်္ဂလိပ် အသင်းတွေနဲ့ ၁၄ ကြိမ် တွေ့ဆုံခဲ့ရာမှာ ၆ ကြိမ် သရေ၊ ၈ ကြိမ် ရှုံးထားပါတယ်။ ဒါပေမယ့် စပါး ကလည်း ယူအီးအက်ဖ်အေက ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ စပိန် အသင်းတွေနဲ့ ၁၄ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ၂ ကြိမ်သာ အနိုင်ရခဲ့ဖူးတဲ့ မှတ်တမ်းဆိုး ရှိထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ တော့တင်ဟမ်ဟော့စပါး နိုင်ရင် ၁.၈၅ ဆ ရမှာ ဖြစ်ပြီး ဗီလာရီးရဲလ် နိုင်ရင်တော့ ၃.၇၅ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၄၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း စပါးဘက်က တစ်လုံးသွင်းမှ တစ်ဝက်စားရမယ့် ကြေးမျိုးပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးပါပဲ။ အစဉ်အလာတွေကို ခဏမေ့ထားပြီး လက်ရှိမှာ ပုံစံကောင်းရထားတဲ့ စပါး ကိုပဲ ယုံကြည်ထားရပါမယ်။ စပါးတို့ တစ်လုံးအသာလောက်နဲ့ ကပ်နိုင်သွားမယ့် ပွဲပါ။

ခန့်မှန်းရလဒ်

တော့တင်ဟမ်ဟော့စပါး ၂-၁ ဗီလာရီးရဲလ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်