နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အလိုင်းရန့်ဇ် အရီနာမှာ ရုန်းကန်ရမယ့် ချဲလ်ဆီး | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘေယန်မြူးနစ် – ချဲလ်ဆီး

၂၀၂၄-၂၀၂၅ ချန်ပီယံလိဂ်ရဲ့ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အဖွင့်ပွဲစဉ် အဖြစ် ဘေယန်မြူးနစ်နဲ့ ချဲလ်ဆီးတို့ အလိုင်းရန့်ဇ် အရီနာမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်နဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အသာမရခဲ့တဲ့ ချဲလ်ဆီး ကပဲ မှတ်တမ်းဆိုးတွေကို ချေဖျက်သွားနိုင်မလား ဒါမှမဟုတ် ဘေယန်မြူးနစ် ကပဲ ရလဒ်ကောင်း တစ်ခုကို ဆက်ထိန်းသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီရာသီ အစကတည်းက တောက်လျောက် နိုင်ပွဲတွေ ဆက်နေတဲ့ ဘေယန်မြူးနစ်က အကောင်းဆုံး ပုံစံ ရနေတယ် ဆိုတာ ငြင်းလို့ မရပါဘူး။ ဘေယန်မြူးနစ်ဟာ လက်ရှိ အချိန်ထိ ၅ ပွဲ ကစားထားရာမှာ ရာနှုန်းပြည့် နိုင်ပွဲ ရထားပြီး လူးဝစ္စ ဒီးယက်ဇ်၊ ဟယ်ရီကိန်း၊ ဂနာဘရီ၊ အိုလစ်ဆီ တို့ရဲ့ တိုက်စစ် အစုအဖွဲ ကလည်း ၁၉ ဂိုး အထိ သွင်းကာ ဂိုးမြူးနေပါတယ်။ ဗင်းန်ဆင့် ကွန်ပနီရဲ့ အသင်း အနေနဲ့ ဒီနွေရာသီမှာ တောင်ပံ အတွက် လူးဝစ္စ ဒီးယက်ဇ်နဲ့ ခံစစ် အတွက် တာ့ရ် တို့ကို အရ ခေါ်ယူနိုင်ခဲ့တာက တော်တော်လေး အကျိုးရှိခဲ့တယ်လို့ ဆိုရပါမယ်။ ဒီပွဲမှာလည်း ဘေယန်မြူးနစ်ရဲ့ ပုံစံကောင်း တစ်ခုကို ဆက်လက် မြင်တွေ့ရဖို့ ရှိပါတယ်။ ဒါပေမယ့် ပြိုင်ဘက်ကောင်းနဲ့ တွေ့ဆုံရတာ ဖြစ်နေလို့တော့ အလွယ်တကူ အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။

ဘေယန်မြူးနစ် ကတော့ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်မှာ နောက်ဆုံး တွေ့ဆုံမှု ၄ ကြိမ်မှာ ၃ ကြိမ် အနိုင်ရခဲ့ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ၁၁ ပွဲဆက် မရှုံးသေးတဲ့ ချဲလ်ဆီး

ချန်ပီယံလိဂ်မှာ ၂ ကြိမ် ဗိုလ်စွဲခဲ့ဖူးတဲ့ ချဲလ်ဆီး ကတော့ ပြိုင်ပွဲနဲ့ ၂ ရာသီ ဆက်တိုက် ဝေးကွာခဲ့ပြီးနောက် ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိဂ်အဆင့် အဖွင့်ပွဲမှာတင် ဘေယန်မြူးနစ်ကို ဂျာမန်မြေမှာ သွားရောက် ရင်ဆိုင်ရတာ ဖြစ်လို့ အန်ဇို မာရက်စ်ကာရဲ့ အသင်း အတွက် ခက်ခဲဦးမှာပါ။ ချဲလ်ဆီးက ဥရောပဖလား သို့မဟုတ် ချန်ပီယံလိဂ်မှာ ဘေယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ပွဲတွေရဲ့ ၆၀ ရာခိုင်နှုန်းကို ရှုံးနိမ့်ထားပါတယ်။ (၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲ ရှုံး) နောက်ပြီး ချဲလ်ဆီးက ဒီရာသီမှာ ရှုံးပွဲ မရှိသေးပေမယ့် တချို့ပွဲတွေမှာ မလိုအပ်ပဲ ဂိုး‌တွေ ပြန်ပေးနေရတဲ့ ခံစစ်ကြောင့် ရမှတ်တွေ ဆုံးရှုံးနေရပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ဒီပွဲကိုတော့ ဘေယန်မြူးနစ် ဘက်က အဲလ်ဖွန်ဆို ဒေးဗီးစ်၊ အီတို၊ မူဆီလာအာနဲ့ ဂွာရဲရိုး တို့ လွဲချော်မှာ ဖြစ်ပါတယ်။ ချဲလ်ဆီး ဘက်မှာတော့ ဘာဒီယာရှီးလ်၊ အက်ဆူဂို၊ ကိုးလ်ဝဲလ်၊ လီယမ် ဒီလက်ပ်၊ လာဗီယာတို့ လွဲချော်မှာ ဖြစ်ပေမယ့် အတောင့်တင်းဆုံး လူစာရင်းနဲ့တော့ ပွဲထွက်လာနိုင်ဖို့ ရှိနေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ဘေယန်မြူးနစ် – နော်အာ၊ လိုင်မာ၊ အူပါမီကာနို၊ တာ့ရ်၊ ဆတန်နီဆစ်၊ ကင်မစ်ချ်၊ ပက်ဗ်လိုဗစ်၊ အိုလစ်ဆီ၊ ဒီးယက်ဇ်၊ ကိန်း

ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဂျိမ်းစ်၊ ဖိုဖာနာ၊ ချာလိုဘာ့၊ ကူကာရယ်လာ၊ ဖာနန်ဒက်ဇ်၊ ကိုင်စီဒို၊ နီတို၊ ပါးလ်မား၊ ဂါနာချို၊ ပက်ဒရို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဘေယန်မြူးနစ် ကတော့ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်မှာ နောက်ဆုံး တွေ့ဆုံမှု ၄ ကြိမ်မှာ ၃ ကြိမ် အနိုင်ရခဲ့ပါတယ်။ ကျန် တစ်ပွဲ ကတော့ ၂၀၁၂ ဗိုလ်လုပွဲမှာ ပင်နယ်တီနဲ့ ရှုံးခဲ့တာ ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ၁၆ သင်း အဆင့် မှာတော့ နှစ်ကျော့စလုံး အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပွဲ ဆက်တိုက်လည်း ဘေယန်မြူးနစ်က (အိမ်ကွင်းမှာ ၃-၀၊ အိမ်ကွင်းမှာ ၄-၁) ချဲလ်ဆီးကို အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘေယန်မြူးနစ် နိုင်ရင် ၁.၆၅ ဆ ရမှာ ဖြစ်ပြီး ချဲလ်ဆီး နိုင်ရင်တော့ ၄.၂၁ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၈၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း အိမ်ရှင် ဘေယန် ဘက်ကပဲ တစ်လုံး သရေလောက်ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ ဘေယန်က ချဲလ်ဆီးကို နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အပြတ်အသတ် အသာရခဲ့သလို လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှုအရလည်း မနိုင်ရင်တောင် မရှုံးတဲ့ အခြေအနေပါ။ အလိုင်းရန့်ဇ် အရီနာမှာ ချဲလ်ဆီးတို့ သရေ တစ်မှတ်တောင် မျှော်လင့်လို့ ရနိုင်မယ် မထင်ပါဘူး။ အပြန်အလှန် သွင်းဂိုးတွေလည်း မြင်တွေ့ရနိုင်ခြေ များပါတယ်။

 

ခန့်မှန်းရလဒ်

ဘေယန်မြူးနစ် ၃-၂ ချဲလ်ဆီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်