နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချန်ပီယံလိဂ်မှာ နောက်ထပ် တစ်ကြိမ် ဗိုလ်စွဲလိုကြောင်း ဖွင့်ဟလိုက်တဲ့ ရိစ် ဂျိမ်းစ်

ချဲလ်ဆီး အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် ကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်ထပ် တစ်ကြိမ် ဗိုလ်စွဲလိုကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ချဲလ်ဆီးဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အဖွင့် ပွဲစဉ် အဖြစ် ဘေယန်မြူးနစ်ကို အလိုင်းရန့်ဇ် အရီနာမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒီအချိန်မှာ အင်္ဂလန် နောက်ခံလူက ၂ဝ၂၁ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ အနိုင်ရခဲ့တဲ့ညက သူ့ဘဝရဲ့ အထူးကဲဆုံး ည တစ်ည ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အဲဒီ ဥရောပ အောင်မြင်မှုကို နောက်ထပ် တစ်ကြိမ် ထပ်မံ ရယူဖို့ ရည်မှန်းထားကြောင်း ကြုံးဝါးလိုက်တာ ဖြစ်ပါတယ်။

ရိစ် ဂျိမ်းစ်ဟာ အသက် ၂၁ နှစ် အရွယ်မှာတင်ပဲ နည်းပြ သောမတ်စ် တူချယ်ရဲ့ လက်အောက်မှာ ချန်ပီယံလိဂ် ဖလားကို ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီလိုမျိုး အသက်ငယ်ငယ်နဲ့ ဥရောပရဲ့ အမြင့်ဆုံး အောင်မြင်မှုကို ပိုင်ဆိုင်ခွင့်ရခဲ့သူ ရိစ်ဂျိမ်းစ်က ချဲလ်ဆီး ဝက်ဘ်ဆိုက်ဒ်ကို အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ကျွန်တော် အဲ့ဒီဆုဖလားကို အရမ်းငယ်ရွယ်တဲ့ အရွယ်မှာ ရယူနိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝ အစောပိုင်းမှာ ဒီလောက် အထိ မြန်မြန်ဆန်နဲ့ ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမဲ့ ဒီဆုဖလားကို နောက်တစ်ကြိမ် ထပ်ပြီး ရယူချင်ပါသေးတယ်။ အဲ့ဒီညက တကယ့်ကို အထူးကဲဆုံး ညတစ်ညပါပဲ။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “ချဲလ်ဆီး အသင်းခေါင်းဆောင် ဖြစ်ဖိုဆိုတာ ကျွန်တော် အမြဲတမ်း အိပ်မက်မက်ခဲ့ရတဲ့အရာပါ၊ အထူးသဖြင့် ချန်ပီယံလိဂ်မှာပေါ့။
ချဲလ်ဆီး အသင်းခေါင်းဆောင် ဖြစ်ဖို့ အမြဲတမ်း အိမ်မက်မက်ခဲ့ရကြောင်း ပြောလာတဲ့ ရိစ်ဂျိမ်းစ်

ဆက်လက်ပြီး “ချဲလ်ဆီး အသင်းခေါင်းဆောင် ဖြစ်ဖိုဆိုတာ ကျွန်တော် အမြဲတမ်း အိပ်မက်မက်ခဲ့ရတဲ့အရာပါ၊ အထူးသဖြင့် ချန်ပီယံလိဂ်မှာပေါ့။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ရာသီကို အလွန်ကောင်းမွန်တဲ့ ပုံစံနဲ့ အဆုံးသတ်နိုင်ခဲ့တယ်။ ဒီရာသီမှာ အဲ့ဒီ အပေါ်မှာ အခြေခံပြီး တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တခြားလူတွေ ပြောတာကို ကျွန်တော် စိတ်မဝင်စားပါဘူး။ ကျွန်တော်တို့ အချင်းချင်း နားလည်မှု ရှိနေသရွေ့ ဘာမဆို အောင်မြင်နိုင်ပါတယ်။ ကျွန်တော် တို့မှာ ရှိတဲ့ လူစာရင်းနဲ့ ဆိုရင် အဝေးကြီးသွားနိုင်တယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အဲ့ဒါကပဲ အရေးအကြီးဆုံးပါ။” လို့ သူက ဆိုပါတယ်။

ချန်ပီယံလိဂ်မှာ ၂ ကြိမ် ဗိုလ်စွဲခဲ့ဖူးတဲ့ ချဲလ်ဆီးဟာ ၂ နှစ်အကြာမှ ဒီပြိုင်ပွဲဆီ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီကြားထဲ မှာတော့ ချဲလ်ဆီးက ယူရိုပါကွန့်ဖရင့်လိဂ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား တို့မှာ ချန်ပီယံ ဖြစ်ထားခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ပဲ ချဲလ်ဆီးက ၂ဝ၂၅-၂၀၂၆ ဘောလုံးရာသီ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ် ကိုတော့ ၂ဝ၁၂ ခုနှစ်က သူတို့ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ဘေယန်မြူးနစ်ရဲ့ အလိုင်းရန့်ဇ် အရီနာကွင်းကို သွားရောက် ကစားရမှာ ဖြစ်ပါတယ်။

နည်းပြ အန်ဇို မာရက်စ်ကာရဲ့ ချဲလ်ဆီးဟာ ချန်ပီယံလိဂ် လိဂ်အဆင့် မှာတော့ ဘာစီလိုနာ (အိမ်)၊ ဘေယန်မြူးနစ် (အဝေး)၊ ဘင်ဖီကာ (အိမ်)၊ အတ္တလန္တာ (အဝေး)၊ အေဂျက်စ် (အိမ်)၊ နာပိုလီ (အဝေး)၊ ပါ့ဖို့စ် (အိမ်)၊ ကွာရာဘက်ဂျ် (အဝေး) တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီး အတွက် အခက်ခဲဆုံး ဖြစ်လာနိုင်တဲ့ ပွဲစဉ်တွေ ကတော့ ဘေယန်မြူးနစ်၊ ဘာစီလိုနာ၊ နာပိုလီ တို့နဲ့ ပွဲစဉ်တွေ ဖြစ်ပြီး ဘင်ဖီကာ၊ အတ္တလန္တာနဲ့ အေဂျက်စ် တို့ကလည်း လျော့တွက်လို့ မရတာကြောင့် အနည်းငယ် ပွဲကြပ်နေတယ်လို့ ပြောလို့ ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်