နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်းရဲ့ လူအင်အား တောင့်တင်းလာစေဖို့ ပေါင်သန်း ၄၅၀ သုံးစွဲဖို့ လိုအပ်တယ် ဆိုတဲ့ အာနေး ဆလော့တ် | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် ဘောလုံး သုံးသပ်သူတွေ အနေနဲ့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ လစ်ဗာပူးလ်တို့ ပေါင် သန်း ၄၅၀ အထိ သုံးစွဲခဲ့တာကို အာရုံစိုက်လွန်းနေကြောင်း နည်းပြ ဖြစ်သူ အာနေး ဆလော့တ်က ပြစ်တင် ဝေဖန်လိုက်ပါတယ်။ လစ်ဗာပူးလ်ဟာ ဒီနှစ် ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ ငွေသုံး အကြမ်းဆုံး ဖြစ်ခဲ့တာကြောင့် ဘောလုံး သုံးသပ်သူတွေက အမြဲတမ်းလိုလို ဒီကိစ္စကို ထည့်သွင်း ပြောဆိုနေကြတာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ရဲ့ အသုံးစရိတ်က ပေါင် သန်း ၄၅၀ ဝန်းကျင် ရှိခဲ့ပြီး ဒီနွေရာသီရဲ့ ငွေကြေးသုံးစွဲမှု အများဆုံး အသင်း အဖြစ် စံချိန်တင်ခဲ့ပါတယ်။ လက်ရှိ ချန်ပီယံ လစ်ဗာပူးလ်ဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ ပရီးမီးယားလိဂ် သမိုင်းတလျှောက် အပြောင်းအရွှေ့ကာလ တစ်ခု အတွင်း ငွေသုံးစွဲမှု အများဆုံး အသင်း အဖြစ် စံချိန် မှတ်တမ်းသစ် ရေးထိုးခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ် နွေရာသီက ချဲလ်ဆီး သုံးစွဲခဲ့တဲ့ ပေါင် သန်း ၄၀၀ ကိုလည်း ကျော်ဖြတ်ခဲ့ပါသေးတယ်။ 

လစ်ဗာပူးလ်ဟာ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူပြီးနောက် အခုလိုပဲ စံချိန်သစ် တင်ခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ပေါင် သန်း ၁၀၀ ကျော် ကစားသမား နှစ်ဦးကို ဒီနွေရာသီ တစ်ခုထဲမှာ ခေါ်ယူခဲ့တာ ဖြစ်ပြီး အစ်ကီတစ်ကီ အတွက် ပေါင် ၈၂ သန်း၊ ဂျီယိုဗန်နီ လီယွန်နီ အတွက် ပေါင် သန်း ၃၀၊ ဖရင်မ်ပေါင် အတွက် ပေါင် ၄၃ သန်း၊ ကာကက်ဇ် အတွက် ပေါင် ၂၅ သန်း သုံးစွဲခဲ့ပါသေးတယ်။

ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ပြီးခဲ့တဲ့ ရာသီက ခီယေဇာ တစ်ဦးထဲကို ခေါ်ယူခဲ့ပေမယ့် ဒီနှစ် နွေရာသီ မှာတော့ ကစားသမားသစ် ၈ ဦး ခေါ်ယူ အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် သမိုင်းတလျှောက် တစ်ရာသီ အတွင်း ငွေအများဆုံးသုံးတဲ့ အသင်း ဖြစ်လာတဲ့ လစ်ဗာပူးလ်

ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ပြီးခဲ့တဲ့ ရာသီက ခီယေဇာ တစ်ဦးထဲကို ခေါ်ယူခဲ့ပေမယ့် ဒီနှစ် နွေရာသီ မှာတော့ ကစားသမားသစ် ၈ ဦး ခေါ်ယူ အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဝေဖန်မှုတွေ ရှိနေပေမယ့် ပြီးခဲ့တဲ့ ရာသီမှာ ပေါင် ၁၀ သန်း ဝန်းကျင်သာ သုံးစွဲခဲ့ကြောင်းနဲ့ ဒီနှစ် မှာလည်း ကစားသမား ရောင်းချရမှု ကနေ ပေါင်သန်း ၃၀၀ ဝန်းကျင် ပြန်လည် ရရှိခဲ့တာကို မေ့မထားသင့်ကြောင်း အာနေး ဆလော့တ်က တုန့်ပြန်ခဲ့ပါတယ်။

“ကျွန်တော် တို့ရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေ အပေါ် အာရုံစိုက်လွန်းနေကြပါတယ်။ အထူးသဖြင့် ဘောလုံး သုံးသပ်သူတွေ ဖြစ်ပြီး သူတို့က ဒီနိုင်ငံမှာ တခြား အသင်း တချို့ကို ပိုပြီး အရေးပေးနေကြတာပါ။ ပေါင် သန်း ၄၅၀ ဆိုတဲ့ အကြောင်းပဲ မနားတမ်း ပြောနေကြပေမယ့် ကစားသမား ရောင်းချမှု ကနေ ကျွန်တော်တို့ ပေါင် သန်း ၃၀၀ နီးပါး ပြန်ရထားတာ ကိုတော့ မေ့နေကြပါတယ်။ ကျွန်တော် တို့ရဲ့ လူစာရင်း တောင့်တင်းလာဖို့ အတွက် ဒီလောက် ငွေပမာဏကို ကျွန်တော်တို့ သုံးစွဲဖို့ လိုအပ်ပါတယ်။” လို့ အာနေး ဆလော့တ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ လစ်ဗာပူးလ် ပြီးနောက် ငွေသုံးကြမ်းခဲ့တဲ့ နောက်ထပ် ပရီးမီးယားလိဂ် ကလပ်တွေ ရှိနေပါသေးတယ်။ ချဲလ်ဆီး က ပေါင် ၂၈၂.၁ သန်း၊ အာဆင်နယ်က ပေါင် ၂၅၅ သန်း၊ နယူးကာဆယ် က ပေါင် သန်း ၂၅၀၊ မန်ချက်စတာယူနိုက်တက်က ပေါင် ၂၁၆ သန်း၊ နော့တင်ဟမ်ဖောရက်စ်က ပေါင် ၂၀၅ သန်း၊ တော့တင်ဟမ်ဟော့စပါးက ပေါင် ၁၈၁ သန်း၊ မန်စီးတီးက ပေါင် ၁၇၉.၄ သန်းနဲ့ ဆန်းဒါးလန်းက ပေါင် ၁၆၂ သန်းနဲ့ အများဆုံး သုံးစွဲခဲ့ကြပါတယ်။

လစ်ဗာပူးလ် အနေနဲ့ ဒီကနေ့ ညမှာတော့ သူတို့ ဗြတိန် စံချိန်တင် ပြောင်းရွှေ့ကြေား ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဆွီဒင် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ကိုတော့ ဒီကနေ့ည ချန်ပီယံလိဂ် ပွဲစဉ်မှာ စတင် ပွဲထုတ်လာဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်