အာဆင်နယ် ကတော့ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ဘီလ်ဘာအိုကို အဝေးကွင်းမှာ ၀-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဆမ်မားမက်စ်မှာ အာဆင်နယ်က ခက်ခက်ခဲခဲ ကစားခဲ့ရပြီးတော့ လူစားဝင် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဂါဘရီရယ် မာတင်နယ်လီ၊ လီအန်ဒရို ထရော့ဆက်ဒ် တို့ရဲ့ နောက်ကျ သွင်းဂိုးတွေကြောင့်သာ အဖွင့်လှခဲ့တာ ဖြစ်ပါတယ်။
ဒီလို အသင်း အတွက် အရေးပါတဲ့ သွင်းဂိုးတွေ ရယူပေးခဲ့တဲ့ မာတင်နယ်လီနဲ့ ထရော့ဆက်ဒ် ကိုတော့ မီခဲလ် အာတေးတား က ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ “ကျွန်တော်တို့ အမြဲဆွေးနွေးနေတဲ့ အရာက အဆုံးသတ် ကစားသမားတွေ အနေနဲ့ ဂိမ်း အပေါ် သက်ရောက်မှု ရှိဖို့ပါပဲ။ ပြီးတော့ ဂါဘီနဲ့ လီယို တို့က အသင်းကို ကွဲပြားအောင် ခြားနားအောင် ဖန်တီးပေးဖို့ပါပဲ။”
“သူတို့က ထူးချွန်ပြီး ကျန်တဲ့ အသင်းသားတွေလည်း အတူတူပါပဲ။ အခိုက်အတန့် တော်တော်များများမှာ သူတို့က အရမ်းကောင်းတဲ့ အဆင့်အတန်းမှာ ရှိပါတယ်။ သူတို့ နှစ်ဦး (ဂါဘီနဲ့ လီယို) က ချိတ်ဆက်မှု ရှိပြီး သူတို့က တကယ်ကို အရေးကြီးတယ်လို့ ခံစားရပါတယ်။ အဲဒါတွေ အတွက် အကြိမ်ကြိမ် ဆွေးနွေးပြီးပါပြီ။ အဲဒါကို ကျွန်တော်တို့ လိုအပ်ပါလိမ့်မယ်။” လို့ မီခဲလ် အာတေးတားက ပြောကြားသွားခဲ့ပါတယ်။
မနေ့ညက ပွဲမှာ ဆိုရင် မာတင်နယ်လီက လူစားဝင်လာပြီး ၃၆ စက္ကန့် အကြာမှာတင် ပထမဂိုးကို သွင်းယူပေးခဲ့ပြီး ဒါက ချန်ပီယံလိဂ်မှာ အလျင်မြန်ဆုံး လူစားဝင် ကစားသမား သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ ဘရာဇီးလ်သားရဲ့ သွင်းဂိုး ကိုတော့ ထရော့ဆက်ဒ်က ဖန်တီးပေးခဲ့တာ ဖြစ်ပြီး ၈၇ မိနစ်မှာ ထပ်မံ ရရှိတဲ့ သွင်းဂိုး ကိုတော့ မာတင်နယ်လီက ဖန်တီးပေးပြီး ထရော့ဆက်ဒ်က ပြိုင်ဘက် နောက်ခံလူတွေ ကြားကနေ ပါးပါးနပ်နပ် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမား နှစ်ဦးဟာ အပြန်အလှန် ဂိုးဖန်တီးပေးခဲ့ကြပြီးတော့ ဒါကလည်း အာဆင်နယ် အတွက် ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။

ဒါ့အပြင် အာဆင်နယ် ကလည်း ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ကနေ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ အတွင်း ၆ ပွဲဆက် အနိုင်ရခဲ့တဲ့ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ဥရောပ ထိပ်တန်း ပြိုင်ပွဲတွေမှာ အုပ်စု အဆင့် ပွဲစဉ် ၅ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့တဲ့ မှတ်တမ်းကောင်းလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီလို နိုင်ပွဲ ဆက်ခဲ့တဲ့ ၂၀၀၄-၂၀၀၅ ဘောလုံးရာသီမှာ ဂန်းနားတွေဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့တဲ့ အစဉ်အလာ ရှိထားပါတယ်။
ဘီလ်ဘာအို ကတော့ ၂၀၁၄-၂၀၁၅ ဘောလုံး ရာသီ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ပြန်လည် ကစားခွင့်ရခဲ့ပေမယ့် အိမ်ကွင်း ပရိသတ်ရှေ့မှောက်မှာ ရှုံးပွဲနဲ့ စတင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြချုပ် အာနက်စတို ဗယ်လ်ဗာဒီ ကတော့ သူ့ရဲ့ အသင်းက အားကောင်းစွာ ကစားနိုင်ခဲ့တယ်လို့ ယူဆနေပါတယ်။
ဗယ်လ်ဗာဒီက “ပွဲက မျှခြေ ဖြစ်သွားတဲ့ အခါမှာ အသေးစိတ်က အစ အရေးပါသွားပါတယ်။ ကျွန်တော်တို့ အာဆင်နယ်နဲ့ အတူတူ ဂိုးပေါက် ကန်ချက် ၁၁ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဒါက ချန်ပီယံလိဂ် ဖြစ်ပြီး ဘယ်သူမှ ခင်ဗျားကို သက်ညှာမှာ မဟုတ်ပါဘူး၊ ကျွန်တော် တို့က ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နိုင်ခဲ့ပြီးတော့ ကျွန်တော်တို့ ရရှိခဲ့တဲ့ အရာတွေ အတွက် လက်ခံရပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ (ယခင် ဥရောပဖလား အပါအဝင်) သမိုင်းတစ်လျှောက် စပိန် ကလပ်တွေကို ၆ ပွဲဆက် အနိုင်ရရှိတဲ့ ပထမဆုံး အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ ၂၀၂၃-၂၀၂၄ ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဆီဗီလာကို နှစ်ကျော့စလုံး အနိုင်ရရှိခဲ့သလို၊ ၂၀၂၄-၂၀၂၅ ရာသီ ချန်ပီယံလိဂ် လိဂ်အဆင့်မှာ ဂီရိုနာ၊ ကွာတားဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့စလုံး အနိုင်ရခဲ့ပြီး အခု ဘီလ်ဘာအိုကို အနိုင်ရခဲ့တာကြောင့် စပိန် ကလပ်တွေကို ၆ ပွဲဆက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာ ချန်ပီယံလိဂ် လိဂ်အဆင့် ပွဲစဉ် ၂ အဖြစ် အိုလံပီယာကော့စ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး ဘီလ်ဘာအို ကတော့ ဒေါ့မန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.