ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် လိဂ်အဆင့် ပွဲကောင်းတစ်ပွဲ အဖြစ် ဘေယန်မြူးနစ်က ချဲလ်ဆီးကို အလိုင်းရန့်ဇ် အရီနာမှာ ဧည့်ခံကစားသွားခဲ့ပြီး ၃-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ကိုးလ် ပါးလ်မား ကတော့ သူတို့ အသင်းက အခုရရှိခဲ့တဲ့ ရလဒ်ထက် ပိုကောင်းတာနဲ့ ထိုက်တန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးဟာ ပွဲချိန် ၂၇ မိနစ် မှာတင် ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီးတော့ ၂၉ မိနစ်မှာတော့ ပါးလ်မားက ချေပဂိုး ပြန်သွင်းပေးခဲ့လို့ သူတို့ ပြန်လာနိုင်ဖို့ မျှော်လင့်ချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်း ၆၃ မိနစ်မှာ ဟယ်ရီကိန်းက ဘေယန်မြူးနစ် အတွက် အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူပေးခဲ့လို့ ချဲလ်ဆီးတို့ အနိုင် ၃ မှတ် မျှော်လင့်ချက်မဲ့သွားခဲ့ပါတယ်။
ဒီနေ့ပွဲမှာ အိမ်ရှင် ဘေယန်မြူးနစ်က ချဲလ်ဆီးကို ဘောလုံး ပိုင်ဆိုင်မှု အပိုင်းမှာ သိပ်ပြီး မသာခဲ့ပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေတော့ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘေယန်မြူးနစ်ဟာ တစ်ပွဲလုံးမှာ ဂိုးပေါက် ကန်ချက် ၁၆ ကြိမ် အထိ ပြုလုပ်ခဲ့ပြီးတော့ ချဲလ်ဆီး ကတော့ ၉ ကြိမ်သာ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဂိုးပေါက် တည့်မှု မှာလည်း ဘေယန်မြူးနစ်က ၅ ကြိမ် ရှိခဲ့ပြီး ၃ ဂိုး ရခဲ့ပေမယ့် ချဲလ်ဆီး ကတော့ ဂိုးပေါက် တည့်မှု ၃ ကြိမ် ကနေ သွင်းဂိုး ၁ ဂိုးသာ ရှာဖွေနိုင်ခဲ့ပါတယ်။
ချဲလ်ဆီး အတွက် ပွဲ ၁၀၀ ပြည့် အဖြစ် ပွဲထွက် ကစားခွင့် ရရှိခဲ့တဲ့ ပါးလ်မားဟာ လန်ဒန် ကလပ် အတွက် သူ့ရဲ့ ချန်ပီယံလိဂ် ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး အင်္ဂလိပ် လူမျိုး ကစားသမား ဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အသက် ၂၃ နှစ် အရွယ် ကစားသမားက ချဲလ်ဆီးဟာ အပြုသဘောဆောင်တဲ့ ရလဒ်နဲ့ အလိုင်းရန့်ဇ် အရီနာ ကနေ ထွက်ခွာနိုင်ခဲ့သင့်ကြောင်း ခံစားနေရတာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဒီနေရာမှာ ကစားဖို့ ထိုက်တန်ကြောင်း ပြသခဲ့ပါတယ်။ ကျွန်တော်တို့ ပေးခဲ့ရတဲ့ ၃ ဂိုးက ကျွန်တော် တို့ရဲ့ အမှားပါ။ ကျွန်တော်တို့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ သူတို့ကို ကောင်းကောင်း ချိုးဖျက်နိုင်ခဲ့ပေမယ့် အခွင့်အရေး တချို့ လွဲချော်ခဲ့ပါတယ်။ သူတို့ဟာ အသင်းကောင်း တစ်သင်းပါ။ ကျွန်တော်တို့ ရခဲ့တာထက် ပိုကောင်းတာတွေ ရဖို့ ထိုက်တန်ပါတယ်။ အမြင့်ဆုံး အဆင့်မှာ အမှားလုပ်မိတဲ့အခါ အမြဲတမ်း ခက်ခဲပါတယ်။” လို့ ပါးလ်မားက DAZN ကို ပြောကြားခဲ့ပါတယ်။
နည်းပြ ဖြစ်သူ အန်ဇို မာရက်စ်ကာ ကတော့ ရှုံးပွဲ အပေါ် အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ “ယေဘုယျအားဖြင့်တော့ ကျွန်တော် တို့ရဲ့ စွမ်းဆောင်ရည်က အတော်လေး ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ မိနစ် ၂၀ လောက် အထိ ကောင်းကောင်း စတင်နိုင်ခဲ့ပြီး အခွင့်အရေး ၂ ကြိမ် ၃ ကြိမ်လောက် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဂိုးတစ်ဂိုး ပေးလိုက်ရတဲ့ အခါမှာ ကျွန်တော်တို့ ပွဲအဖြေ ပြောင်းလဲသွားမှုကို ရှောင်လွှဲနိုင်ခဲ့သင့်ပါတယ်။” လို့ မာရက်စ်ကာက TNT Sports ကို ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ တတိယဂိုး ပေးလိုက်ပြီးတာနဲ့ ပွဲအခြေအနေက ပြောင်းလဲသွားပြန်တယ်။ ပွဲပြီးဆုံးသွားစေခဲ့တဲ့ ဂိုးကို ကျွန်တော်တို့ ပေးလိုက်ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပွဲပြီးတဲ့ အထိ ကစားခဲ့ပါတယ်။ ဒီပွဲ ကနေ သင်ယူစရာတွေ ရှိပါတယ်။ ပထမဦးဆုံး အနေနဲ့ ဒီလို ပွဲမျိုးက ပွဲရဲ့ တစ်စိတ်တစ်ပိုင်း အတွက်တင် မဟုတ်ဘဲ ၉၅ မိနစ်လောက် မှန်ကန်တဲ့ နည်းလမ်းနဲ့ ကစားဖို့ လိုအပ်တယ် ဆိုတာပါ။ တစ်ခါတလေမှာ ကျွန်တော် တို့ရဲ့ အားထုတ်မှုက မလုံလောက်ပါဘူး။ အခုကတော့ (စနေနေ့) မှာ မန်ချက်စတာယူနိုက်တက်နဲ့ ခက်ခဲတဲ့ ပွဲကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်လို့ ပြန်ကောင်းလာဖို့ လိုအပ်နေပါပြီ။” လို့ မာရက်စ်ကာက ဆက်လက် ပြောကြားသွားခဲ့ပါတယ်။
ဒီပွဲကို အနိုင်ရခဲ့တဲ့ ဘေယန်မြူးနစ် ကတော့ ချန်ပီယံလိဂ် လိဂ်အဆင့် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်ထားနိုင်ခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီး ကတော့ အဆင့် ၃၂ နေရာကို ရောက်ရှိသွားပါတယ်။ လာမယ့် ချန်ပီယံလိဂ် ပွဲစဉ် အဖြစ်တော့ ဘေယန်မြူးနစ်က ပါဖို့စ်၊ ချဲလ်ဆီး ကတော့ ဘင်ဖီကာနဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.