နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မော်ရင်ညိုကို နည်းပြ အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိထားတဲ့ ဘင်ဖီကာ | လီဂါ ပေါ်တူဂီ

လီဂါ ပေါ်တူဂီ ထိပ်သီး ကလပ် ဘင်ဖီကာ ကတော့ ဟိုဆေး မော်ရင်ညိုကို နည်းပြ အဖြစ် ခန့်အပ်ဖို့ ကနဦး သဘောတူညီချက် ရရှိသွားပြီ ဖြစ်ကြောင်း ပေါ်တူဂီ သတင်းဌာနတွေက ဖော်ပြနေပါတယ်။

ဘင်ဖီကာ တာဝန်ရှိသူတွေဟာ အင်္ဂါနေ့က ကွာရာဘတ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဘရူနို လာဂါကို ရာထူး ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် တချိန်က အသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြဟောင်း မော်ရင်ညိုကို ဘရူနို လာဂါရဲ့ နေရာမှာ အစားထိုးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ မော်ရင်ညိုနဲ့ လီဂါ ပေါ်တူဂီ ကလပ် အကြားမှာ သဘောတူညီချက် ရရှိထားပြီး စာချုပ်ရဲ့ အသေးစိတ် အချက်အလက်တွေ အတွက် ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

ထူးခြားချက် ကတော့ မော်ရင်ညိုက ဘင်ဖီကာကြောင့် သူနောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ တူရကီ ကလပ် ဖီနာဘာချီ ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဖီနာဘာချီဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ခြေစစ်ပွဲမှာ ဘင်ဖီကာကို ရှုံးနိမ့်ခဲ့တာကြောင့် မော်ရင်ညိုကို ရာထူး ကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပြီး အခုတော့ မော်ရင်ညိုက ချန်ပီယံလိဂ် ဆင်နွှဲခွင့် ရထားတဲ့ ဘင်ဖီကာကို ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာ မော်ရင်ညိုနဲ့ လီဂါ ပေါ်တူဂီ ကလပ် အကြားမှာ သဘောတူညီချက် ရရှိထားပြီး စာချုပ်ရဲ့ အသေးစိတ် အချက်အလက်တွေ အတွက် ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။
ကွာရာဘက်နဲ့ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တဲ့ ဘင်ဖီကာ

ဘင်ဖီကာ ကတော့ တစ်ချိန်က မော်ရင်ညို ဘာစီလိုနာရဲ့ လက်ထောက် နည်းပြ အဖြစ် ကနေ ထွက်ခွာလာပြီး ပထမဦးဆုံး အကြိမ် နည်းပြချုပ် အဖြစ် ကိုင်တွယ်ခဲ့တဲ့ ကလပ် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီ လူမျိုး နည်းပြက ဘင်ဖီကာကို ၂၀၀၀-၂၀၀၁ ဘောလုံး ရာသီအစ ပွဲစဉ် ၁၀ ပွဲသာ ကိုင်တွယ်ခဲ့သူပါ။ အဲ့ဒီအချိန်က ဘင်ဖီကာက ဘဏ္ဍာရေး ပြဿနာတွေနဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ အကြားမှာ တော်တော်လေး ရှုပ်ထွေးနေခဲ့တဲ့ ကလပ် ဖြစ်ပါတယ်။ မော်ရင်ညို ကိုယ်တိုင် ကလည်း အသင်း ဥက္ကဌ အသစ်က သူ့အပေါ်မှာ အပြည့်အဝ ယုံကြည်မှု မရှိဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘင်ဖီကာ ကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၆၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ စပယ်ရှယ်ဝမ်းကြီးက ဘင်ဖီကာ ကနေ ထွက်ခွာပြီးနောက် မှာတော့ မော်ရင်ဟိုက ယူနီယိုဒီလိုင်ရီယာ၊ ပေါ်တို၊ ချဲလ်ဆီး (၂ ကြိမ်) ၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်၊ စပါး၊ ရိုးမား၊ ဖီနာဘာချီ တို့ကို ဥရောပ ထိပ်တန်း အသင်းကြီးတွေကို ပြောင်းလဲ ကိုင်တွယ်ခဲ့ပါတယ်။ ဒါ့အပြင် ပေါ်တူဂီသားက စပါးနဲ့ ဖီနာဘာချီ နှစ်သင်းကလွဲလို့ ကျန် အသင်းတိုင်းနဲ့ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။

လက်ရှိ ဘင်ဖီကာ ဥက္ကဌ ရူအီ ကော်စတာ အတွက်တော့ မော်ရင်ညို လို နာမည်ကြီး နည်းပြ တစ်ယောက်ကို ခန့်အပ်လိုက်ခြင်းက သူ့ရဲ့ ရာထူးကို ကယ်တင်ပေးမယ့် အသက်ကယ်ဆေး တစ်ခွက် ဖြစ်နေပါတယ်။ ဘင်ဖီကာ ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားပေမယ့် လီဂါ ပေါ်တူဂီမှာ ရှုံးပွဲ လုံးဝ မရှိသေးသလို အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်