နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ် ပရိသတ်တွေနဲ့ အချင်းများခဲ့ရတဲ့ အကြောင်းရင်းကို ဖွင့်ဟလာတဲ့ ဒီယေဂို ဆီမြွန်နီ | ချန်ပီယံလိဂ်

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရာသီသစ် အဖွင့် ပွဲစဉ်မှာ အက်တလက်တီကိုမက်ဒရစ်က လစ်ဗာပူးလ်ကို အကြိတ်အနယ် ကစားပြီး ၃-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲပြီးခါနီး မှာတော့ တီကို နည်းပြ ဒီယေဂို ဆီမြွန်နီ တစ်ယောက် လစ်ဗာပူးလ် ပရိသ်တွေနဲ့ အချင်းများခဲ့ပြီး အနီကတ် ပြသခံခဲ့ရပါတယ်။

ဗာဂျယ် ဗန်ဒိုက်ခ်က ပွဲသိမ်း အနိုင်ဂိုး သွင်းယူပြီးနောက် ဆီမြွန်နီနဲ့ လစ်ဗာပူးလ် ပရိသတ်တွေ ထိပ်တိုက်တွေ့ခဲ့ကြပြီး တစ်ချိန်လုံး အော်ဟစ် ဆဲဆိုနေကြတဲ့ လစ်ဗာပူးလ် ပရိသတ်တွေကြောင့် အခုလို ပြဿနာ ဖြစ်ပွားခဲ့ကြောင်း ဆီမြွန်နီက ဖွင့်ဟခဲ့ပါတယ်။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဆီမြွန်နီက “ရှုံးနိမ့်ခဲ့လို့ ခါးသီးတဲ့ အရသာကို ခံစားရပေမယ့် အက်တလက်တီကို အတွက် ရှိသင့်တဲ့ စိတ်ဓာတ်မျိုး ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော် တို့က ဘာမှပြန့်ပြီး တုံပြန်ပိုင်ခွင့် မရှိတဲ့ နေရာမှာ ရှိနေကြပါတယ်။ ကစားသမားတွေကို လူမျိုးရေးခွဲခြား၊ စော်ကားမှုတွေ တိုက်ခိုက်မှုတွေကို ကျွန်တော်တို့ တိုက်ဖျက်နေကြသလိုပါပဲ။ နည်းပြခုံတွေက ပရိသတ်နဲ့ ကပ်လျက်ရှိနေတော့ ပွဲတစ်ပွဲလုံး စော်ကားခံနေရတာက သည်းခံဖို့ မလွယ်ပါဘူး။ တတိယဂိုး ပေးလိုက်ရချိန်မှာ စော်ကားမှုတွေ အပြင် အမူအရာနဲ့ပါ လှောင်ပြောင်ခံခဲ့ရပါတယ်။ ကျွန်တော်လည်း လူသား တစ်ယောက်ပါပဲ။”လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဆီမြွန်နီက “ကျွန်တော့်ရဲ့ တုံပြန်မှုက တရားမျှတမှု မရှိဘူး ဆိုတာ ဝန်ခံ ပါတယ်။ ဒါပေမယ့် မိနစ် ၉၀ လုံး စော်ကားခံရပြီးတဲ့နောက် မှာတော့ ဘယ်လိုမှ သည်းမခံနိုင်တော့ပါဘူး။ ဒိုင်လူကြီး ကလည်း အခြေအနေကို နားလည်ပါတယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ဒီကိစ္စကို လစ်ဗာပူးလ် ဘက်က တိုးတက်အောင် လုပ်ဆောင်နိုင်ပြီး အဲ့ဒီလိုလုပ်ခဲ့တဲ့သူကို ဖော်ထုတ်ပြီး အကျိုးဆက် ခံစားစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ဆိုပါတယ်။

ကြိုးကြာနီတွေဟာ ချန်ပီယံလိဂ် ပွဲစဉ် ၂ အဖြစ် လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ တူရကီ ကလပ် ဂါလာတာဆာရေးနဲ့ ကစားရမှာ ဖြစ်ပြီး တီကို ကတော့ ဖရန့်ဖတ်နဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
အက်တလက်တီကိုမက်ဒရစ်

ဒီနေ့ပွဲမှာ အိမ်ရှင် လစ်ဗာပူးလ်က ပွဲစပြီး ၆ မိနစ် အတွင်း ၂ ဂိုး သွင်းကာ ဦးဆောင်နိုင်ခဲ့ပေမယ့် အက်တလက်တီကိုမက်ဒရစ်က မားကို့စ် ယော်ရန်တေးရဲ့ သွင်းဂိုးတွေနဲ့ အတူ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးခါနီး နာကျင် အချိန်ပို မှာတော့ နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ခ်က ခေါင်းတိုက်ပြီး လစ်ဗာပူးလ် အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် အက်တလက်တီကိုတို့ ကြေကွဲခဲ့ရပါတယ်။ အခုပွဲမှာ အိမ်ရှင် လစ်ဗာပူးလ်က အက်တလက်တီကိုထက် ပိုကောင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပြီးတော့ ထိုက်တန်တဲ့ နိုင်ပွဲ ရရှိခဲ့တာပါ။ ဒါပေမယ့်လည်း ပွဲကြီးတွေ ဆိုရင် ဂိုးပေးနေရတဲ့ လစ်ဗာပူးလ်ရဲ့ ခံစစ်ပိုင်း အားနည်းချက်တွေ ကတော့ ဝေဖန်စရာ တစ်ခု အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ် လိဂ်အဆင့် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အက်တလက်တီကိုမက်ဒရစ် ကတော့ ရမှတ် ၀၊ ဂိုးကွာခြားချက် -၁ နဲ့ အဆင့် ၂၈ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ကြိုးကြာနီတွေဟာ ချန်ပီယံလိဂ် ပွဲစဉ် ၂ အဖြစ် လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ တူရကီ ကလပ် ဂါလာတာဆာရေးနဲ့ ကစားရမှာ ဖြစ်ပြီး တီကို ကတော့ ဖရန့်ဖတ်နဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်