ညက ယှဉ်ပြိုင်ကစားသွားတဲ့ ချန်ပီယံလိဂ် ပွဲစဉ် တစ်ပွဲ မှာတော့ ဘာစီလိုနာက နယူးကာဆယ်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဘာစီလိုနာ အတွက် သွင်းဂိုး ၂ ဂိုး စလုံး ကိုတော့ ရက်ရှ်ဖို့ဒ်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ယူနိုက်တက်ရဲ့ အပယ်ခံ ဖြစ်ခဲ့တဲ့ သူ့ အနေနဲ့ အင်္ဂလန်မြေမှာ အစွမ်းကုန် တောက်ပပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ နယူးကာဆယ်က ဂေါ်ဒွန်၊ အီလန်ဂါ၊ ဘန်းစ်၊ တိုနာလီ၊ ဘရူနို ဂီမာရေးစ်၊ ထရစ်ပီယာ၊ ရှား၊ ပုပ် တို့လို အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဧည့်သည် ဘာစီလိုနာ ကလည်း အဓိက ကစားသမား လာမင်း ယာမယ် မပါဝင်နိုင်ခဲ့တာကြောင့် ရက်ရှ်ဖို့ဒ်ကို ပွဲထွက်ခွင့်ပေးခဲ့ပြီး လီဝမ်ဒေါစကီး၊ ရာဖင်ညာ၊ ဒီယောင်၊ ပက်ဒရီ၊ အာရူဟို၊ ကွန်ဒေး၊ ဂါစီယာ တို့ကို ဖာမင်း လိုပက်ဇ်၊ မာတင်၊ ကူဘာဆီ တို့နဲ့ တွဲဖက် ကစားစေခဲ့ပါတယ်။
ပထမပိုင်းမှာ နယူးကာဆယ်က အခွင့်အရေး ပိုရပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ် အားနည်းခဲ့တာကြောင့် သွင်းဂိုး အဖြစ်တော့ ပြောင်းလဲခြင်း မရှိခဲ့ပါဘူး။ ဒုတိယပိုင်း ပွဲပြန်စချိန်မှာတော့ ဘာစီလိုနာက ကောင်းမွန်တဲ့ တိုက်စစ်လမ်းကြောင်းတွေနဲ့ အတူ ဦးဆောင်ဂိုးတွေ ရရှိဖို့ နီးစပ်လာခဲ့ပါတယ်။ ပွဲချိန် ၅၈ မိနစ် မှာတော့ ဖရန်ကီ ဒီယောင်ရဲ့ ကန်တင် ပေးပို့မှုကို မားကပ်စ် ရက်ရှ်ဖို့ဒ်က ခေါင်းတိုက် အဆုံးသတ်နိုင်ခဲ့ပြီး ၆၇ မိနစ် အရောက် မှာတော့ အင်္ဂလန်သားကပဲ အားပါ ပြင်းထန်တဲ့ ကန်ချက်နဲ့ ဘာဆာ အတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် အိမ်ရှင်တို့ ချေပဂိုး ပြန်လည် ရရှိရေး အားစိုက်ခဲ့တာကြောင့် မိနစ် ၉၀ မှာတော့ ဂေါ်ဒွန်က ၁ ဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ အဲဒီနောက် နှစ်သင်းစလုံး သွင်းဂိုးတွေ ထပ်ရဖို့ ကြိုးစားခဲ့ပေမယ့် ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပြီး ဘာစီလိုနာတို့ ချန်ပီယံလိဂ် အဖွင့်လှခဲ့ပါတယ်။

ဒီနေရာမှာ အဓိက ပြောစရာ ရှိတာက ရက်ရှ်ဖို့ဒ်ရဲ့ အင်္ဂလန်မြေကို ပြန်လာချိန် ထူးထူးခြားခြား ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။ ဒီပွဲ မတိုင်ခင်မှာ နည်းပြ ဟန်ဆီ ဖလစ်ခ်က ယာမယ် မကစားနိုင်ချိန်မှာ ရက်ရှ်ဖို့ဒ် အပေါ် ပိုပြီး အားကိုးသွားဖို့ ရှိကြောင်း ပြောကြားထားခဲ့တာပါ။ ဒါ့အပြင် တကယ်တမ်း ကစားတဲ့ အချိန်မှာလည်း ဖလစ်ခ်က ရက်ရှ်ဖို့ဒ် အပေါ် ယုံကြည်မှုထားခဲ့သလို ရက်ရှီ ကလည်း သူ့ရဲ့ တိမ်မြုပ်နေတဲ့ အရည်အသွေးကောင်းတွေကို ပြန်လည် ရှာဖွေ တွေ့ရှိသွားခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ရက်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၈၂ မိနစ် ကစား၊ သွင်းဂိုး ၂ ဂိုး၊ တိကျတဲ့ ပေးပို့မှု ၂၉ ကြိမ်၊ ဘောလုံး ထိချက် ၆၄ ကြိမ်၊ ပြိုင်ဘက် ဧရိယာထဲမှာ ဘောလုံး ထိချက် ၁၀ ကြိမ်၊ Final Third ထဲ ဘောလုံး ပေးပို့မှု ၄ ကြိမ်၊ တိကျတဲ့ အဝေးဘော ပေးပို့မှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်က ခံစစ် အတွက်လည်း ရှင်းထုတ်မှု ၃ ကြိမ်၊ ခေါင်းတိုက် ရှင်းထုတ်မှု ၁ ကြိမ်၊ ဘောလုံး ပြန်လိုက်ဆယ်ယူမှု ၆ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ကာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။
အရေးပါတဲ့ အဝေးကွင်း နိုင်ပွဲ ရရှိခဲ့တဲ့ ဘာစီလိုနာဟာ ချန်ပီယံလိဂ် လိဂ်အဆင့် အမှတ်ပေးဇယားမှာ အဆင့် ၁၂ မှာ ရှိနေခဲ့ပြီး နယူးကာဆယ် ကတော့ အဆင့် ၂၆ နေရာ ရောက်ရှိသွားပါတယ်။ ဘာဆာဟာ လာမယ့် ချန်ပီယံလိဂ် လိဂ်အဆင့် ပွဲစဉ် ၂ အဖြစ် ပီအက်စ်ဂျီကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ နယူးကာဆယ် ကတော့ ယူနီယံ စိန်ဂလွိုက်စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.