လက်ရှိမှာ ဘောလုံးသုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ လစ်ဗာပူးလ် ဂန္ထဝင် ဂျေမီ ကာရေဂါ ကတော့ ချဲလ်ဆီး ပရိသတ်တွေ အတွက် စိတ်ကသိကအောက် ဖြစ်စေမယ့် စကားတွေကို ပြောကြားလာခဲ့ပြန်ပါတယ်။ ကာရေဂါက ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးဟာ ပိုင်ရှင်သစ် တော့ဒ်ဘိုလေရဲ့ လက်အောက်မှာ ဘာတိုးတက်မှုမှ မရှိသေးကြောင်း ဝေဖန်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ချဲလ်ဆီး ရရှိခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကိုလည်း “မစ်ကီမောက်စ် ဖလား” (တစ်နည်းအားဖြင့် ကလေး ကစားစရာ ဖလား) လို့ ဝေဖန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ကာရေဂါက CBS Sport ရဲ့ သုံးသပ်ချက် အစီအစဉ်မှာ တော့ဒ် ဘိုလေ မရောက်ခင်က ချဲလ်ဆီးက သောမတ်စ် တူချယ် လက်အောက်မှာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲထားပြီး ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်ခဲ့ကြောင်း ထောက်ပြခဲ့ပါတယ်။
အဲဒီနောက် ကာရေဂါက “သူတို့က ချန်ပီယံလိဂ် အနိုင်ရထားတဲ့ နည်းပြကို ပြောင်းလဲခဲ့တယ်။ ဆုဖလားတွေ အတွက် စိန်ခေါ်နိုင်လုနီးပါး ဖြစ်နေတဲ့ အသင်း တစ်သင်းကို ယူပြီး ပေါင် ၂ ဘီလီယံ သုံးစွဲခဲ့တယ်။ ဒါပေမဲ့ အခု သူတို့က ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း အသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ အရင်ကထက်တောင် ပိုပြီး အလှမ်းဝေးကွာသွားပါပြီ။” လို့ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ဘေယန်မြူးနစ်ကို ဂိုးပြတ် ရှုံးခဲ့တဲ့ ချဲလ်ဆီးက ဥရောပရဲ့ အမြင့်ဆုံး ပြိုင်ပွဲနဲ့ နှစ်ရာသီကြာ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။ ဒီကြားထဲမှာ ချဲလ်ဆီးက ယူရိုပါကွန့်ဖရင့်လိဂ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားတို့ ရယူနိုင်ခဲ့ပေမယ့် အပြောင်းအရွှေ့ ကာလတွေမှာ ပြောင်းရွှေ့ကြေး ပေါင် ၁.၅ ဘီလီယံ အထိ သုံးစွဲခဲ့ပါတယ်။

နောက်ထပ် ဝေဖန်သုံးသပ်သူ တစ်ဦး ဖြစ်တဲ့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးရဲ့ ကစားသမားဟောင်း မီကာ ရစ်ချက် ကတော့ ကာရေဂါရဲ့ အမြင်နဲ့ မတူခဲ့တာ တွေ့ရပါတယ်။ မီကာ ရစ်ချက်က “တိုးတက်မှုတော့ ရှိခဲ့တယ်လေ။ ပထမရာသီမှာ အဆင့် ၁၂၊ နောက်တော့ အဆင့် ၆၊ ပြီးတော့ အဆင့် ၄ ရခဲ့တယ်။ ကလပ် ကမ္ဘာ့ဖလားလည်း အနိုင်ရခဲ့တယ်။ ဒါက တိုးတက်မှုပဲလေ။ သူတို့က ဥရောပရဲ့ အကောင်းဆုံး အသင်း ပီအက်စ်ဂျီ ကိုတောင် အနိုင်ယူခဲ့တာနော်။”လို့ သူ့ရဲ့ အမြင်ကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မီကာ ရစ်ချက်က ငယ်ရွယ်တဲ့ ကစားသမားတွေကို ဝယ်ယူပြီး တန်ဖိုးတက်လာချိန်မှာ ပြန်လည် ရောင်းချတဲ့ ချဲလ်ဆီးရဲ့ “အလွန်ပါးနပ်တဲ့” စီးပွားရေး ပုံစံ ကိုလည်း ချီးကျူးခဲ့ပါတယ်။
အဲဒီနောက် ဝေဖန်သုံးသပ်သူ နှစ်ဦး အကြားက ငြင်းခုံမှုတွေ ရှိလာခဲ့ပြီး ကာရေဂါက “ချဲလ်ဆီးက ကစားသမားတွေ ရောင်းဝယ် ဖောက်ကားဖို့ ဒီမှာ ရှိနေတာလား။ ဒါမှမဟုတ် ဆုဖလားတွေ အနိုင်ရဖိုလား။” ဆိုပြီး မေးမြန်းခဲ့ပါတယ်။ မီကာ ရစ်ချက်က “ဒါပေမယ့် သူတို့ ပြီးခဲ့တဲ့ နှစ်က ဆုဖလား ၂ လုံး ရယူနိုင်ခဲ့တယ်လေ။” လို့ ပြောကြားရာမှာတော့ “မစ်ကီမောက်စ် ဖလား ကြီးမလား။” ဆိုပြီး ကာရေဂါက ပြန်လည် တုန့်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးက ဒီရာသီ ပရီးမီးယားလိဂ်မှာ ၄ ပွဲ ကစားပြီးချိန် ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ရမှတ် ၈ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ချန်ပီယံလိဂ် မှာတော့ ချဲလ်ဆီးက အဖွင့်ပွဲမှာတင်ပဲ ဘေယန်မြူးနစ်ကို ၃-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး လိဂ်အဆင့် ဇယားရဲ့ အဆင့် ၂၈ နေရာကို ရောက်ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.